Connect with us

Hi, what are you looking for?

သတင်း

KIAသိမ်းထားသည့် မန့်ဝိန်းကြီးဒေသကို စစ် ကောင်စီ လေကြောင်းမှ ဗုံးကြဲ

ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

မန့်ဝိန်းကြီးကျေးရွာဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဩဂုတ် ၁၄ရက် ညသန်းခေါင်ကျော်( ယနေ့ ဩဂုတ် ၁၅ရက် မနက်အစောပိုင်း)အချိန်တွင် စစ်ကောင်စီက မန့်ဝိန်းကြီးဒေသကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

“အခု ဒီည ၁၂နာရီ ကျော်ကျော်လောက်မှာ မံဝိန်းကြီးဘက်မှာ ဖိုက်တာသုံးစီးနဲ့ ဗုံးလာကြဲသွားတယ်။ KIA တပ်မဟာ(၁၁)နယ်မြေ မန့်ဝိန်းကြီး။ ရွှေလီမြစ်နဘေးပေါ့။ ရွှေလီမြစ်နဲ့ မန့်ဝိန်းကြီးရွာကြားမှာ။ မနှစ်တုန်းကကျနော်တို့ သိမ်းထားတဲ့ စခ စခန်းတွေရှိတယ်လေ။ အဲဒီ စခန်းကုန်းတွေ” ဟုကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တဦးကလည်း အဲဒီနေရာတွေက စစ်ပွဲတော့ လုံး၀မရှိဘူး။ စစ်ကြောင်းထိုးတာမရှိဘူး”ဟု ပြောသည်။

စစ်ကောင်စီက တော်လှန်ရေးကိုဖိအားပေးသည့် ပုံစံဖြင့် ပြည်သူကို ဗုံးကြဲတိုက်ခိုက်နေ၍ များစွာ သတိထားရန်လိုအပ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့်ထိခိုက်မှု အခြေအနေ စုံစမ်းနေဆဲဖြစ်သည်။

“တိုက်ပွဲမဖြစ်ဘူး။ ထိခိုက်မှု မသိရသေးပါဘူး။ ရှေ့တန်းက မိတ်ဆွေတွေ ဘာမှ ပြန်မပြောလာသေးပါ”ဟု ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူက ပြောသည်။ KIO/KIAက နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံမှု ဆက်တိုက်ရှိနေသည့် အခြေအနေတွင် စစ်ကောင်စီဘက်ကလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနိုင်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်လည်း ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူက ပြီးခဲ့သည့် ရက်ပိုင်းကတည်းက တိုက်တွန်းထားသည်။

ထို့အပြင် ယနေ့ ဩဂုတ် ၁၅ရက် မနက် ၇နာရီကျော်တွင်လည်း စစ်ကောင်စီက ဗန်းမော်မြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ဟု ကချင် စစ်ရေးနိုင်ငံရေးလေ့လာသူက ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီသည် KIAက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ဗန်းမော်တိုက်ပွဲတွင် လေကြောင်း၊ ဒရုန်းများ အားပြုပြီး တန်ပြန်ထိုးစစ်ပြုလုပ်လျက်ရှိရာ နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

” ဒီနေ့(ဩဂုတ် ၁၄ရက်)လည်း တနေကုန်တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဘက်က ထိုးစစ်ဆင်တာတော့ မရှိဘူးဗျ။စခတွေဘက်က ထိုးစစ်ဆင်လာတာ။ စခတွေက စစ်မျက်နှာ နှစ်ခုသုံးခုဖြန့်ပြီးမှ သူတို့က ထိုးစစ်ဆင်တာ။အဲဒါကိုကျနော်တို့က ခုခံစစ်ပဲလုပ်နေတာ။ မနေ့ကလည်းတနေကုန်၊ မနေ့ညကလည်းတညလုံးဒီနေ့လည်းတနေကုန်ပဲ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၁၃ရက်နှင့် ၁၄ရက်နေ့ ဗန်းမော်တိုက်ပွဲအခြေအနေကို ပြောသည်။

မန့်ဝိန်းကြီးဒေသ စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဗန်းမော်မြို့တိုက်ပွဲ အခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။