Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့စစ်ရှောင်များခိုလှုံ​နေသည့်ဘုန်းကြီးကျောင်းဗုံးကြဲခံရ ၊က‌လေးနှင့် ကိုယ်ဝန်​ဆောင်အပါအဝင် ရှစ်ဦးထက်မနည်းသေဆုံး

မိုးကုတ်မြို့တွင် စစ်​​ဘေးရှောင်ပြည်သူများခိုလှုံနေသည့်ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ယနေ့(ဩဂုတ်လ၁၄ရက်) ညတွင်လေကြောင်းမှ ဗုံးကြဲရာက‌လေးနှင့်ကိုယ်ဝန်​ဆောင် မိခင်များအပါအဝင် ပြည်သူရှစ်ဦးထက်သေဆုံး​ကြောင်း ဒေသခံများကပြောသည်။

ဗုံးကြဲခံပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

သြဂုတ်-၁၄၊၂၀၂၅။အိမ်သွင်/People’s Spring

မိုးကုတ်မြို့တွင် စစ်​​ဘေးရှောင်ပြည်သူများခိုလှုံနေသည့်ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ယနေ့(ဩဂုတ်လ၁၄ရက်) ညတွင်လေကြောင်းမှ ဗုံးကြဲရာက‌လေးနှင့်ကိုယ်ဝန်​ဆောင် မိခင်များအပါအဝင် ပြည်သူရှစ်ဦးထက်သေဆုံး​ကြောင်း ဒေသခံများကပြောသည်။

မိုးကုတ်မြို့အရှေ့ပိုင်းလင်းရောင်ခြည် ဘုန်းကြီးကျောင်းကို သြဂုတ်လ ၁၄ ရက်ည ၈နာရီ၃၀မိနစ်တွင် ‌ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချခြင်းဖြစ်သည်။

“အဆုံးအထိမကြည့်ရဲဘူး။အရမ်းဆိုးတယ်။ ဘယ်လိုစိတ်နဲ့ ပစ်တာလဲ” ဟု ရုပ်အလောင်းများကို တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများတွင် ကိုယ်ဝန်ဆောင်တစ်ဦး နှင့် ကလေးငယ် အချို့လည်းပါဝင်သည်။ ဗုံးကြဲခံရသည့်ဘုန်းကြီးကျောင်းသည် စစ်​ဘေးရှောင်ပြည်သူများလာရောက်ခိုလှုံနေသည့် ဘုန်ကြီးကျောင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မိုးကုတ်မြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၉ရက်ကလည်း လေကြောင်းမှ ဗုံးကြဲရာ ကိုရင် တစ်ပါး ပျံလွန်ပြီး အရပ်သား၄ဦး သေဆုံးခဲ့သည်။ဇူလိုင်လမှဩဂုတ်လ ၁၄ရက်နေ့အထိ မိုးကုတ်မြို့အားစစ်ကောင်စီလေ ကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အချို့ပါဝင် ၃၈ဦးထက်မနည်းသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရခဲ့သည်။

မိုးကုတ်မြို့သည်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားသည်မြို့ဖြစ်သည် TNLAသည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှမိုးကုတ်မြို့ကိုသိမ်းယူထားသည်။ နောင်ချိုမြို့ကို စစ်ကောင်စီက လပေါင်းများစွာ ထိုးစစ်ဆင်ပြီးနောက် ဇူလိုင်လ ၁၆ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ဇူလိုင်လနှင့်သြဂုတ်လ ပထမဆယ်ရက်ကာလအတွင်း ကွတ်ခိုင်၊ သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံမြို့တို့ကို မကြာခဏဗုံးကြဲခဲ့သည်။TNLAက၎င်းတို့ထိန်းချုပ်ဒေသမှပြည်သူများအနေဖြင့်လေကြောင်းအန္တရာယ်သတိပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။