Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကသဲကုန်းမြို့နယ်‌ရှိ ကျေးရွာများကို တိုက်ပွဲမဖြစ်ဘဲမီးလိုက်ရှို့ ပြီး ပစ္စည်း​များခိုးယူ

ပဲခူးတိုင်း သဲကုန်းမြို့နယ်အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်ကာ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများကို ခိုးယူနေကြောင်း ဒေသခံများကပြောသည်။

သဲကုန်းမြို့နယ်ရှိ ရွာတစ်ရွာကိုစစ်တပ်ကသြဂုတ်ဒုတိယပါတ်တွင်မီးရှို့၍မီး​လောင်​နေစဥ်။ဓါတ်ပုံ-​ဒေသခံ

ဩဂုတ်-၁၄၊၂၀၂၅။တေဇ/People’s Spring

ပဲခူးတိုင်း သဲကုန်းမြို့နယ်အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်ကာ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများကို ခိုးယူနေကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ရုံးပင်တတ်၊ ကြက်တိုက် ၊ဘိုကုန်းမှာ အိမ်တွေကို မီးရှို့သွားတယ်။ တချို့အိမ်တွေဆို လူမရှိရင် မီးရှို့မယ်ဆိုလို့ ကြောက်ကြောက်နဲ့ အိမ်စောင့်နေကြရတာ။” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်တပ်စစ်​ကြောင်းများသည် ကျေးရွာများသို့ဝင်ရောက်ရာတွင် အဖွဲ့များခွဲ၍ မီးရှို့သည့် အဖွဲ့က မီးရှို့ကာ အခြားတစ်ဖွဲ့က ပြည်သူများ၏ ပစ္စည်းများကို ခိုးယူမှုများပြုလုပ်သည်ဟု ဒေသခံများကဆိုသည်။

Public Service Announcement

Public Service Announcement

“ဆိုင်ကယ်တွေဆို ကလစ်ဘီးတွေ ၊ ဖောကားတွေနဲ့ကို တင်ပြီးယူသွားတာ။ ဖောကားနှစ်စီးစာမကဘူး” ဟု မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ကလည်း အထက်ပါကျေးရွာများအပါအဝင် ယင်းနေရာအနီးအနားမှ ကျေးရွာများကိုလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့​သေးသည်ဟု ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။