Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်၊မောတောင်ဒေသပြန်လည်စိုးမိုးနိုင်ရေးနှင့်စစ်အင်အားဖြည့်တင်းနိုင်ရေးကြိုးပမ်းနေသည့်စစ်ကောင်စီတပ်၏ထိုးစစ်ကြောင့် ဒေသခံ ပြည်သူများ ကာလကြာရှည်စစ်ဒဏ်သင့်ခြင်းမှ အမြန်ဆုံး လွတ်မြောက် နိုင်ရန်အတွက် KNU/KNLAတပ်ဖွဲဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ လိုအပ်သော ဆောင်ရွက်မှုများအား အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု Black Cobra စစ်ကြောင်းက ပြည်သူလူထုကို အသိပေး ထုတ်ပြန်ခဲ့သည်။
မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်အပါအဝင်နိုင်ငံတစ်ဝန်းမှာ သပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၉)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်နှစ် မွေးနေ့အဖြစ် ပန်းသပိတ်နဲ့"ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ"ဆိုတဲ့ကြွေးကြော်သံနဲ့ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။