Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားတို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူထုလှုပ်ရှားမှုများ ပြုလုပ်

တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်၏ (၈၀)နှစ်ပြည့် မွေးနေ့အဖြစ် လူထုလှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - CJ

ဇွန်-၁၉၊၂၀၂၅။ သုည/People’s Spring

တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်၏ (၈၀)နှစ်ပြည့် မွေးနေ့အဖြစ် လူထုလှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသားများ စုပေါင်းပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှစ် (၈၀) ပြည့်မွေးနေ့အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသည့် ပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေး၊ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို မြင်းခြံG-Zအဖွဲ့၊ ဗိုလ်သံချောင်းထောက်ပို့အဖွဲ့၊ အသောကသုခအဖွဲ့နှင့် တောင်ကိုရီးယားနိုင်ငံရောက် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ပြည်သူများက ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း ရွှေ့ပြောင်းမြန်မာပြည်သူများက ဒေါ်အောင်ဆန်းစုကြည်၏ နှစ် (၈၀) ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

အလားတူ မလေးရှားနိုင်ငံတွင်လည်း NLD OC International Malaysia ရုံးတွင် လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး သံဃာတော်များအား ပင့်ဖိတ်၍ နေ့ဆွမ်းကပ်လှူခဲ့ကြသည်။

အဆိုပါမွေးနေ့ဆုတောင်းပွဲ အခမ်းအနားကို မလေးရှားအခြေစိုက် “CSP အမှန်တရားဘက်တော်သားများထောက်ပို့တပ်စု”၊ “(၂၂၂၂၂) နှစ်ငါးလုံးပြည်ပထောက်ပို့အဖွဲ့ (ဂျိုဟိုး)”၊ Zomi federal union မှခေါင်းဆောင်၊ ရဝမ်- လီဆူး တိုင်းရင်းသားခေါင်းဆောင်များ ၊ MBS မွန်တိုင်းရင်းသားများအဖွဲ့ -(CARC) နှင့် (HRN) အဖွဲ့တို့မှ တိုင်းရင်းသားခေါင်းဆောင်များ အသီးသီးလာရောက်ပူးပေါင်းခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook