Connect with us

Hi, what are you looking for?

သတင်း

အညာသားတွေ​ပေးတဲ့ မွေးနေ့လက်ဆောင်

စစ်အုပ်စုက မတရားဖမ်းဆီးထားသော အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့(ဇွန်၁၉ရက်)တွင်အသက်၈၀ပြည့်ပြီဖြစ်သည်။

ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း၊ ကျားသစ်နက်တပ်မတော်က တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BLPA

ယောနသံ/People’s Spring

စစ်အုပ်စုက မတရားဖမ်းဆီးထားသော အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့(ဇွန်၁၉ရက်)တွင်အသက်၈၀ပြည့်ပြီဖြစ်သည်။

စစ်ကောင်စီက စောင့်ကြည့်ဖမ်းဆီးမှုများကြားကပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် နိုင်ငံတစ်ဝန်းကလူထုလူတန်းစားအသီးသီးကပုံစံမျိုးစုံဖြင့် မွေးနေ့ဆုတောင်းစကားများပေးပို့နေကြသည်။

ထိုအထဲတွင် အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏မွေးနေ့လက်ဆောင်ကတမူထူးခြားနေသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်​မြေရဲစခန်းကို ဇွန်လ ၁၉ ရက်တွင်ကျ​ရောက်​သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အသက်(၈၀) မွေးနေ့ လက်ဆောင်အဖြစ် သိမ်းပိုက်ဂုဏ်ပြုနိုင်ခဲ့သည်ဟုပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊ ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း၊ ကျားသစ်နက်တပ်မတော်က ယနေ့ သတင်းထုတ်ပြန်လာသည်။

ပုလဲမြို့နယ်မှ အကြီးဆုံးစစ်ကောင်စီစခန်းဖြစ်သည့် ကမ်းဒေါင့်စခန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၏စစ်ဆင်ရေးကွပ်ကဲမှုနှင့်အတူ PDF၊ABSDF နှင့် ပူးပေါင်းတပ်များက ဇွန်လ၂ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်တပ်ပေါင်းစုနှင့်အတူတကွပူးပေါင်း၍ရွပ်ရွပ်ချွံချွံ ရဲရဲရင့်ရင့်ရင့် မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယများ ပေးဆပ်စွန့်လွှတ်မှုများဖြင့်ဇွန်လ ၁၉ ရက်နံနက် ၆ နာရီ ၄၀ မိနစ်တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု PLAက ထုတ်ပြန်ထားသည်။

ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်းကျားသစ်နက်တပ်မတော်ကသတင်းထုတ်ပြန်ရာ၌ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) မွေးနေ့လက်ဆောင်ဖြစ်သည်ဟုဖော်ပြထားသည်။

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲကို ဇွန် ၁၉ ရက်တွင်အပြီးသတ်သိမ်းပိုက်မည်ဟု ယုံကြည်ချက်ဖြင့် တိုက်ခိုက်ခဲ့ကြခြင်းမဟုတ်သော်လည်း ကျားသစ်နက်တပ်မတော်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ချစ်ခင်မြတ်နိုးမှုကို မြင်တွေ့ရသည်ဟု တိုက်ပွဲ၌ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

“သူတို့က လူထုခေါင်းဆောင်ကို လက်ဆောင်ကောင်းကောင်းပေးချင်ကြတာကို။ဒါကြောင့်ဒီလိုသတင်းထုတ်ပြန်တယ်လို့ကျွန်တော်မြင်တယ်” ဟု အထက်ပါရဲ‌‌ဘော်ကပြောသည်။

ထုတ်ပြန်ချက်အသေးစိတ်တွင်စခန်းသိမ်းတိုက်ပွဲကို ၁၈ရက်အကြာဖော်ဆောင်ခဲ့ပြီး PLA ၏ ကွပ်ကဲမှုတွင်အင်တိုက်အားတိုက်ဝင်ရောက်ဆင်နွှဲခဲ့သည်ဟုကျားသစ်နက်တပ်မတော်ကဖော်ပြထားသည်။

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်လည်းလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈၀နှစ်ပြည့် မွေးနေ့တွင် ကန့်ဒေါင့်စခန်းအားPLA နှင့်ABSDFအပါအဝင်မဟာမိတ်များမှ အောင်မြင်စွာသိမ်းပိုက်နိုင်မှုအပေါ်ဂုဏ်ယူကြောင်းဖော်ပြထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကျဆုံးခဲ့သည်။ လက်ရှိအထိသတင်းထုတ်ပြန်ချက်များအရ ကျားသစ်နက်တပ်မတော်မှ ရဲဘော်ကျော်ကြီးကျဆုံးခဲ့ပြီး ၎င်းသည် တိုင်းပြည်နင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ခြင်းဟုထုတ်ပြန်ထားသည်။

ထို့အပြင် စခန်းသိမ်းတိုက်ပွဲပါဝင်ဆင်နွှဲခဲ့သည့် ABSDF ကျောင်းသားတပ်မတော်မှ ရဲဘော်သုံးဦး မှာလည်းဇွန်လ၁၇ရက်က တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်၍ကျဆုံးခဲ့သည်။

ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့နယ်မှ မကွေးတိုင်း ဂန့်ဂေါမြို့သို့ သွား​သော လမ်းပိုင်းပေါ်တွင်ရှိပြီး ပုလဲမြို့နှင့် (၁၄)မိုင်ကွာဝေးသည်။ကန့်​ဒေါင့်ရွာ၏ အ​ရှေ့ဘက်တွင်ရှိ​သော ကန့်​ဒေါင့်ရွာ နယ်မြေရဲစခန်းကို စစ်တပ်ကတပ်စွဲပြီးအခိုင်အမာပြုလုပ်ထား​သော စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိသည်။ ထိုအပြင် စစ်တပ်က စစ်ကူအကြိမ်ကြိမ်ပို့ပြီး ​လေ​ကြောင်းမှ ရက်​ပေါင်းများစွာ ဗုံးကြဲ၍ ခုခံခဲ့သည်။

ပုလဲမြို့နယ်ထဲမှ ပျူ​စောထီးရွာ​များထဲတွင်အဓိကကျလှ​သောစခန်းဖြစ်သွ ။ထို့အပြင်ပုလဲမြို့နယ်က နာမည်ကြီးပျူစောထီးရွာများဖြစ်​သောအင်မထီး၊ဇီးဖြူကုန်းရွာ များနှင့် တြိဂံပုံ တည်ရှိပါသည်။ အဆိုပါနယ်မြေကိုတော်လှန်ရေးတပ်များက စိုးမိုးနိုင်ရန် အရေးပါ​သော စခန်းဖြစ်သည်။

ထို​ကြောင့်စခန်းမကျရန် စစ်​ကောင်စီက စစ်ကူများစွာပို့ခဲ့သလို ၊​လေ​​ကြောင်းမှအပြင်းအထန်ခုခံသည့်ကြားမှ အညာမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကသတ္တိ​ပြောင်​မြောက်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ကန့်​ဒေါင့်ရွာရဲစခန်းအပြင် NUG ၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ PDF ခရိုင်တပ်ရင်းများ ၊ပကဖ များက ဇီးဖြူကုန်းရွာရှိ ပျူ​စောထီးစခန်းကို ဇွန် ၁၀ ရက်မှာစ၍ ယ​နေ့အထိတိုက်ခိုက်​နေဆဲဖြစ်သည်။

ကန့်​ဒေါင့်ရဲစခန်း နှင့် ဇီးဖြူကုန်းပျူစခန်းများကို တိုက်ခိုက်​နေ​သောဇွန် ၁၀ ရက်တွင် ဗုံးလကြဲ​သော စစ်တပ်၏ တရုတ်နိုင်ငံထုတ် F-7 တိုက်​လေယာဥ်မှာလည်း​မြေခခဲ့သည်။ PLA က ပစ်ချခဲ့ခြင်းဟုထုတ်ပြန်ပြီး အခြား​တော်လှန်​ရေးအဖွဲ့များက ပျက်ကျခြင်းဟုထုတ်ပြန်ထားကြသည်။ ထို့​ကြောင့် ကန့်​ဒေါင့်ရွာရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်စခန်းတစ်ခုထက်ပို၍ စစ်​ကောင်စီအတွက် ဆုံးရှုံးမှုကြီးမားခဲ့သည်။

ထို​ကြောင့် တိုက်ပွဲတွင်ပါဝင်ခဲ့​သော ကျားသစ်နက်စစ်​ကြောင်းမှ PDF တပ်ဖွဲ့ဝင်များက ​လူထု​ခေါင်း​​ဆောင်​မွေး​နေ့​လက်​ဆောင်အဖြစ် အောင်ပွဲ ရယူနိုင်ခဲ့ခြင်းအ​ပေါ် ဝမ်း​မြောက်ဂုဏ်ယူ​နေကြသည်။

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလကနိုင်ငံတော်အာဏာကိုမတရားသိမ်းယူပြီးနောက် စစ်ကောင်စီကဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်သူများအပြင်နိုင်ငံတကာသံရုံးများကလည်း ယနေ့ တောင်းဆိုနေကြသည်။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။