Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီ- မော်တောင်လမ်းစစ်​ကြောင်း ထိုး​နေ​သောစစ်တပ်ကြောင့် ဒေသခံများစစ်ဒဏ်သင့်နေခြင်း အမြန်လွတ်မြောက်ရေး အစွမ်းကုန် ကြိုးပမ်းမည်ဟု Black Cobra စစ်ကြောင်းအသိပေး

တနင်္သာရီမြို့နယ်၊မောတောင်ဒေသပြန်လည်စိုးမိုးနိုင်ရေးနှင့်စစ်အင်အားဖြည့်တင်းနိုင်ရေးကြိုးပမ်းနေသည့်စစ်ကောင်စီတပ်၏ထိုးစစ်ကြောင့် ဒေသခံ ပြည်သူများ ကာလကြာရှည်စစ်ဒဏ်သင့်ခြင်းမှ အမြန်ဆုံး လွတ်မြောက် နိုင်ရန်အတွက် KNU/KNLAတပ်ဖွဲဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ လိုအပ်သော ဆောင်ရွက်မှုများအား အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု Black Cobra စစ်ကြောင်းက ပြည်သူလူထုကို အသိပေး ထုတ်ပြန်ခဲ့သည်။

Black Cobra စစ်​ကြောင်းမှ တပ်ဖွဲ့ဝင်များနှင့်စစ်တပ်ထံမှ သိမ်းဆည်းရရှိသာ လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Vlak Cobra စစ်​ကြောင်း

ဇွန်-၂၀၊၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ်၊မောတောင်ဒေသပြန်လည်စိုးမိုးနိုင်ရေးနှင့်စစ်အင်အားဖြည့်တင်းနိုင်ရေးကြိုးပမ်းနေသည့်စစ်ကောင်စီတပ်၏ထိုးစစ်ကြောင့် ဒေသခံ ပြည်သူများ ကာလကြာရှည်စစ်ဒဏ်သင့်ခြင်းမှ အမြန်ဆုံး လွတ်မြောက် နိုင်ရန်အတွက် KNU/KNLAတပ်ဖွဲဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ လိုအပ်သော ဆောင်ရွက်မှုများအား အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု Black Cobra စစ်ကြောင်းက ပြည်သူလူထုကို အသိပေး ထုတ်ပြန်ခဲ့သည်။

တနင်္သာရီမြို့နယ်၊ KNU/KNLA တပ်ရင်း(၁၁) နယ်မြေအတွင်းရှိ မောတောင်နယ်စပ်တပ်စခန်းသို့ စစ်ကောင်စီတပ်က တပ်အပြောင်းအလဲ ပြုလုပ်ရန်၊ မောတောင်-ထုံခါ လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန် နှင့် မောတောင်မြို့နယ်ရှိ ပျူစောထီးများအား လက်နက် တပ်ဆင် ပေးရန်အတွက် စစ်ကြောင်းထိုးလာသည့် ခြောက်လပြည့်နေ့ဖြစ်သော ဇွန်လ ၁၈ရက်တွင် Black Cobra စစ်ကြောင်းကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Black Cobraစစ်ကြောင်းသည်KNLA တပ်ရင်း(၁၁)၏ ဦးဆောင်မှု ဖြင့် ၂၀၂၄ တွင်ဖွဲ့စည်းခဲ့သည့် စစ်ကြောင်းဖြစ်ဟု KNU/KNLA တပ်မဟာ(၄)သတင်းရင်းမြစ်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကြောင်းသည်တနင်္သာရီ- မော်တော်လမ်းတလျှောက်စစ်ကြောင်းထိုးနေသည့်စစ်တပ်ကို တိုက်ခိုက်ရန် အတွက် ဖြစ်ပြီး စုဖွဲ့မှုပုံစံမှာ KNU/KNLA တပ်မဟာ(၆)ရှိဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်း ကဲ့သို့ ဖြစ်သည်ဟုသိရသည်။

“ဒီစစ်ကြောင်းကဦးဆောင်ပြီးစကစကိုတိုက်နေတဲ့ ပုံစံမျိုးရှိတာပေါ့” ဟု KNU/KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

မောတောင်ဒေသ သို့ ဦးတည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNU/KNLAနှင့် တော်လှန်ရေး ပူးပေါင်းတပ်ကခုခံတိုက်ခိုက်ခဲ့ရာပြီးခဲ့သည့် ​ခြောက်လအတွင်း စစ်တပ်စစ်​ကြောင်းမှာ အထိအခိုက် အကျအဆုံးများစွာရှိခဲ့ဟုဆိုသည်။

လက်ရှိတွင်စစ်တပ်စစ်​ကြောင်းသည်တနင်္သာရီ ကျေးရွာသိန်ခွန်းကျေးရွာအနီးမှ ရှေ့သို့ ဆက်မတိုးနိုင်တော့ကြောင်း အသိပေးသည်။

စစ်တပ်မ၏ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ရွာသူရွာသားများ စစ်ဘေးရှောင် နေကြရသည်မှာ၆လတိတိပြည့်လာခဲ့ပြီဟုလည်းဖော်ပြသည်။ စစ်တပ်၏ ၆လတာ ထိုးစစ်အတွင်း စစ်ဘေးဒဏ်ခံရသော ကျေးရွာများမှာ ချောင်းနှစ်ပေါက်ရွာနှင့်သိန်ခွန်းကျေးရွာတို့ ဖြစ်သည်ဟု သိရသည်။

စစ်တပ် စစ်ကြောင်းထိုးလာသည့် လမ်းကြောင်း တလျှောက် သာမကဘဲ အနီးအနားရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲခဲ့ခြင်းများကြောင့် အနီးအနား ကျေးရွာများမှ​ဒေသခံပြည်သူအချို့မှာ လက်နက်ကြီး ထိမှန်သေဆုံးမှုများရှိခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။

ဇွန်လ ၁၇ရက် နှင့် ၁၈ရက်တွင်လည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများ နှင့် တော်လှန်ရေးတပ်များ မရှိသည့် နေရာများကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများ အနေဖြင့် ဘေးကင်းလုံခြုံရေးအစီအမံများ ( ဗုံးခိုကျင်းများပြုလုပ်ရန် ) ဆောင်ရွက်ထားကြရန် Black Cobra က သတိပေးခဲ့သည်။

ဇွန်လ၁၉ရက်တွင်လည်းစစ်ကောင်စီက တနင်္သာရီမြို့နယ်အတွင်း တနေရာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ​ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။သို့​သော်လူထိခိုက်​သေဆုံးမှုရှိ ၊မရှိကိုမူ မသိရသေး​ပေ။

စစ်တပ်သည် ရွာများအတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းကြီး ကျောင်းများ နှင့် ကောင်းမွန်ခိုင်မာသည့် တိုက်အိမ်များကို ယာယီတပ်စခန်းများအဖြစ် အခိုင်အမာ တပ်စွဲ ထားလျှက်ရှိဟုလည်း အသိပေးသည်။စစ်တပ်တပ်စွဲထားသော ကျေးရွာ များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှအပ မည်သည့် အရပ်သားတစ်ဦးတစ်ယောက်မျှ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ခြင်းမရှိသောကြောင့် သုဿန်တစပြင်ကဲ့သို့ ရှိနေကြောင်းလည်း ဖော်ပြသည်။

စစ်ဆင်ရေး လမ်းကြောင်းပေါ်ရှိ ကျေးရွာများမှပြည်သူများသည် စစ်ဘေးဒဏ်ကြောင့် လူမှုရေး ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ထိခိုက်မှုများ ပိုမိုခံစားလာရ၍ ယင်းသို့ စစ်ဒဏ်သင့်နေရခြင်းမှ လွတ်မြောက်နိုင်ရေး ကြိုးပမ်းသွားမည်ဟု Black Cobra စစ်ကြောင်းက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ နတ်မောက်ဂဠုန် PDFရဲ့ တာဝန်ရှိသူ ကိုအောင်ဒင်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People's Spring ကို ပြောပါတယ်။