Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်က ပအိုဝ်းအချင်းချင်း သွေးခွဲထားသည်ကိုသတိပြုပြီးကျင့်ဝတ်နှင့်အညီတိုက်ပွဲဝင်ရန် PNLAရဲဘော်များအားPNFCဥက္ကဋ္ဌ​ပြော

တော်လှန်ရေးအောင်မြင်ရေးကျင့်ဝတ်နှင့်အညီ စစ်ကို စစ်နှင့်တူအောင် တိုက်ရန်မှာကြား

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မ​တော်(PNLO/PNLA) ရဲဘော်များကို​တွေ့ဆုံ​ပြောကြား​နေစဥ်။ ဓါတ်ပုံ-​ပေးပို့ ၊The People's Voice Video

ဇွန်-၂၀၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ပအိုဝ်းအချင်းချင်း အကြားသွေးခွဲထား၍စစ်အာဏာရှင်လက်အောက်၌ ရှိနေသည့် PNOပြည်သူ့စစ်ကို ဂလဲ့စားချေခြင်း မပြုလုပ်ဘဲတော်လှန်ရေးအောင်မြင်နိုင်ရေးအတွက်သာကျင့်ဝတ်နှင့်အညီတိုက်ပွဲဝင်ကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မ​တော်(PNLO/PNLA) ရဲဘော်များအားမှာကြားခဲ့သည်။

PNLO ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ တာဝန်များယူခဲ့ဖူးသည့် လက်ရှိ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းသည် ဇွန်လ ပထမပတ်က PNLO ဌာနချုပ်နယ်မြေသို့ ရောက်ရှိပြီး ရဲဘော်များကို သွားရောက်အားပေး တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပအိုဝ်းနီ၊ပအိုဝ်းဖြူဟုပြောဆိုနေမှုများသည်ပအိုဝ်းအချင်းချင်း သွေးခွဲနေခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

PNLO ဖွဲ့စည်းမှုသည် စစ်အာဏာရှင်တိုက်ဖျက်ရေးဖြစ်သကဲ့သို့လက်ရှိစစ်အာဏာရှင်စနစ်အောက်၌ရှိနေသည့် PNOကို စတင်ဖွဲ့စည်းချိန်က လည်းစစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

“ဒီနေ့ PNOက စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်တိုက်ဖျက်လား၊ စစ်အာဏာရှင်အောက် အလုပ်လုပ်လား” ဟု ခွန်မြင့်ထွန်းက မေးမြန်းရာ ရဲဘော်များက PNOသည် စစ်အာဏာရှင်လက်အောက်၌ လုပ်ဆောင်နေသည်ဟု ဖြေကြားသည်။

ထိုသို့ စစ်အာဏာရှင်စနစ်အောက် ရှိနေသည့် PNOသည်လည်း သွေးချင်းများ ဖြစ်ကြောင်း၊ စစ်အာဏာရှင်များက ပအိုဝ်းအချင်းချင်း သွေးခွဲထားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် PNOက ရက်စက်စွာ လုပ်ဆောင်နေသော်လည်း PNLO/PNLA ရဲဘော်များအနေဖြင့် နိုင်ငံတကာ ကျင့်ဝတ်နှင့်အညီလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားသည်။

“တော်လှန်ရေးအောင်မြင်ဖို့အတွက်စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်။ တို့ကိုလုပ်လို့နာကျည်းပြီးတော့ သူတို့လုပ်သလို ငါတို့လုပ်မှာ မဟုတ်ဘူး။ တို့က တော်လှန်ရေးလုပ်တာဖြစ်တယ်။ အမျိုးသားရေးလုပ်တာဖြစ်တယ်”ဟုခွန်မြင့်ထွန်းကပြောကြားသည်။

PNOသည် တိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် PNLA ရဲဘော်အချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။PNLA ရဲ​ဘော် ၄ ဦးကိုဖမ်းဆီးပြီး PNO ပြည်သူ့စစ်က ပစ်ခတ်သတ်ဖြတ်ခဲ့​သောရုပ်သံမှတ်တမ်းမကြာ​သေးမီကထွက်​ပေါ်ခဲ့​သေးသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးအတွက် PNLOကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးပြည်ထောင်စုအရေးသည် ပအိုဝ်းအရေးဖြစ်ကြောင်း၊ ပအိုဝ်းအရေးသည် ပြည်ထောင်စုအရေးဖြစ်၍ အခြားသော တိုင်းရင်းသားညီအကိုပေါင်းစုံနှင့် စုပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

“ဒီတော်လှန်ရေးကငါတို့အောင်မြင်ကိုအောင်မြင်မှာ ဖြစ်တယ်။” ဟု ၎င်းက ပြောသည်။

PNLO၏ ရည်မှန်းချက်သည်မတရားသည့်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး၊ ပအိုဝ်းပြည်နယ် ပေါ်ထွန်းရေးဖြစ်ကြောင်းလည်း ခွန်မြင့်ထွန်းကဆက်လက်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။