Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၂)နယ်မြေတွင် စစ်ကောင်စီ၏ လမ်းကင်းတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

ဓာတ်ပုံ - PDF သံတောင်

ဇွန်-၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၁၇ရက်မနက်က တောင်ငူမြို့နယ် ကမ်းနီနှင့် ဂုန်မင်းအိုင်ရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး တစ်နာရီခွဲကျော် ကြာမြင့်ခဲ့ဟု အသိပေးသည်။

“တပ်မဟာ(၂) တပ်ရင်း(၅) နယ်မြေထဲမှာ ပါတယ်ဗျ။ တောင်ငူ-လိပ်သိုလမ်းပိုင်းနားကပါပဲ။ မိန်းလမ်းမှာ သူတို့ ခဏခဏ အတီးခံရလို့ အဲဒီလမ်းကို သုံးတာဗျ။ အခုက လမ်းကင်းဝပ်နေတဲ့ စခတွေနဲ့ တိုးတာပေါ့” ဟု PDF သံတောင်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထိတွေ့မှုအတွင်း စစ်ကောင်စီ တပ်သား ၂ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ဟု PDF သံတောင်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို တောင်ငူခရိုင် တပ်မဟာ(၂)၊ တပ်ရင်း(၅)လက်အောက်ခံ People Defence Force Thandaung အဖွဲ့၊ တပ်ရင်း(၅)လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟု အသိပေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ လမ်းကင်းတပ်ဖွဲ့၏ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

“စစ်ရေးကတော့ အပြန်အလှန် ထိုးစစ်သဘောမျိုး မှာရှိတယ်ဗျ” ဟု PDF သံတောင် တာဝန်ရှိသူက ဒေသတွင်း စစ်ရေးအခြေအနေကို ရှင်းပြသည်။

KNU တောင်ငူခရိုင် တပ်မဟာ(၂) ပူးပေါင်းတပ်ဖွဲ့သည် ဇွန်လ ၇ရက်ကလည်း သံတောင်ကြီးမြို့နယ်တွင် အရာရှိ သင်တန်းဆင်းများ လိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းကို တောင်ငူ-လိပ်သိုလမ်း ၇မိုင် စစ်ကောင်စီစခန်းအနီး တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိ များအပါဝင် သေဆုံးထခိုက်မှုများရှိခဲ့ဟု PDFသံတောင်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို