Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
အိန္ဒိယ သမုဒ္ဒရာထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘော တစ်စီးပေါ်ကနေ မြန်မာနိုင်ငံသားတွေ အပါအဝင် ရေယာဉ် အမှုထမ်း ၂၃ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကိုမီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။
ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအားပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။