Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ၌ မီးလိုက်ရှို့နေသည့် စစ်တပ်ကို KIA နှင့် KPDF ပိတ်ဆို့တိုက်ခိုက်၊ စစ်တပ်အထိနာ

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ​ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကိုမီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

ဖားကန့်​ဒေသတွင် စစ်​ကြောင်းထိုးဖျက်ဆီး​နေ​သော စစ်​ကောင်စီတပ်မှစစ်သားအချို့။ ဓါတ်ပုံ-Kachin Net

ဇွန်-၁၂၊၂၀၂၅။ထားမြတ်၊ကဖီး/People’s Spring

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ​ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကိုမီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

ဇွန်လ ၁၂ရက်နေ့လည်ပိုင်းတွင်ဖားကန့် မှော်စီစာရှိ လုပ်ကွက်တခု၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်များကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကချင်သတင်းရင်းမြစ်တဦးက​ပြောသည်။

“စကစနဲ့ ပြည်သူ့စစ်ဘက်က ဘ၀ ပျက်လောက်တဲ့အထိဒဏ်ရာရသူများတယ်လို့ အကြမ်းဖျင်းသိရပြီး အရေအတွက်အတိအကျကိုတော့မသိရသေးပါဘူး” ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အခြားကချင်သတင်းရင်းမြစ်တဦးကလည်း“ခုထိပစ်နေကြတုန်း။ အမဲဖျက်ထားတာ ၂၀ကျော်ပြီ” ဟု စစ်ကောင်စီတပ် အထိနာနေသည့် အခြေအနေကို ပြောသည်။

ဖားကန့်ဒေသ၌ မီးလိုက်ရှို့နေသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းက​ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တဦးကလည်း မှော်စီစာ သာယာကုန်းဘက်၌ စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးစစ်သားများအား ယနေ့ည ၆ခွဲ အချိန်ထိ လိုက်လံ ချေမှုန်းလျက်ရှိသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များသည် မေလ ၂၇ရက်တွင် ဖားကန့် လုံးခင်းဒေသသို့ ဝင်ရောက်လာပြီးနောက် ဒေသတွင်း မှော်လုပ်ကွက်များကို မီးရှို့ခြင်း၊ ယမ်းသိုလှောင်ရာနေရာအချို့ကို ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ယာဥ် ယန္တရားများကိုမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်ခဲ့ဟု​ဒေသခံများကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် လုံးခင်းနှင့် ဖားကန့်ကို မေ၂၇ရက်နေ့က ရောက်လာပြီးသည့်နောက်ပိုင်း မေ၂၈၊ ဇွန် ၅ရက်၊ဇွန်၉ရက်၊ဇွန်၁၀ရက်၊ဇွန် ၁၂ရက်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဇွန် ၁၂ ရက်​နေ့ တိုက်ပွဲမှာအပြင်းထန်ဆုံးဖြစ်ကြောင်း ဒေသခံများကပြောသည်။

မှော်စီစာနှင့်အောင်သာယာ(၂)တွင်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ လုံခြုံရေးအထူးသတိပြုကြရန်နှင့် ဘေးလွတ်ရာတိမ်းရှောင်ကြရန် KPDF က ယနေ့နံနက်အစောပိုင်းတွင်သတိပေးခဲ့သည်။ မှော်စီစာနှင့် အောင်သာယာ(၂)သို့ ရောက်ရှိနေသောစစ်ကြောင်းတွင် အင်အား ၁၅၀ခန့်ရှိပြီး အရပ်သားနေအိမ်များအတွင်း ဝင်ရောက်ပုန်းအောင်းနေသည်ဟု သတင်းရရှိသည်။

ဇွန်၉ရက်နေ့ကတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KPDF နှင့် နီးစပ်သူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။