Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၄)က မတိုက်ရ​သေးခင် နယ်စပ်က ငါးရံ့နီစစ်စခန်း ထိုင်းအကူအညီဖြင့် စခန်းစွန့်ခွာ

မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသ ၌ ကျန်နေသည့်စစ်တပ်စခန်းများထဲမှတစ်ခုဖြစ်​သော ငါးရံ့နီစစ်တပ်စခန်းသည် ထိုင်းနိုင်ငံဘက်ခြမ်း၏ အကူအညီဖြင့် တပ်စခန်း စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသ ၌ ကျန်နေသည့်စစ်တပ်စခန်းများထဲမှတစ်ခုဖြစ်​သော ငါးရံ့နီစစ်တပ်စခန်းသည် ထိုင်းနိုင်ငံဘက်ခြမ်း၏ အကူအညီဖြင့် တပ်စခန်း စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။

နယ်စပ်စခန်းတခုဖြစ်သော ဘောဒီစစ်တပ်စခန်း(ပွိုင့် ၂၅၅၆)ကို တပ်မဟာ(၄) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၁၀ရက် မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကျန်နေသည့် နယ်စပ်စခန်း တခုဖြစ်သော ငါးရံ့နီစစ်ကောင်စီစခန်းက ဇွန်လ ၁၂ရက်တွင် စခန်းစွန့်သွားခြင်းဖြစ်သည်ဟုဆိုသည်။

https://www.facebook.com/LuduNwayOo/videos/1398948254583079

Public Service Announcement

Public Service Announcement

“လောလောဆယ်တော့ ကျနော်တို့ သိရတာက ကျနော်တို့ ဘောဒီစခန်းသိမ်းပြီး ဒီငါးရံ့နီက အစီအစဉ်ရှိတယ်။ ကျနော်တို့ မစခင်မှာ သူတို့က စခန်း စွန့်လွှတ်ပြီးတော့ တဖက်နိုင်ငံအကူအညီနဲ့သူတို့စွန့်လွှတ်ပြီး သူတို့ ထွက်သွားတာပေါ့နော်။” ဟု ပဒိုစောအယ်နားက ပြောသည်။

ငါးရံ့နီစခန်းကိုမသိမ်းရသေးမီစစ်ကောင်စီက ထိုင်း၏ စီစဉ်မှုဖြင့် ဆုတ်ခွာသွားရာ လက်နက်ခဲယမ်းများပါ ယူဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

“ထိုင်းက စီစဉ်ပေးပြီး ကယ်ထုတ်တာပေါ့။ ကားနဲ့လာပြီးတော့ပစ္စည်းရောလူရောသယ်သွားတာပေါ့” ဟု ပဒိုစောအယ်နားက ပြောသည်။

ကရင်သတင်းရင်းမြစ်တဦးကလည်း စစ်ကောင်စီတပ်ကငါးရံ့နီစခန်းကို စွန့်ခွာသွားကြောင်းသတင်းအရ ရဲဘော်များက နယ်မြေရှင်းလင်းမှုပြု လုပ်ခဲ့​သည်ဟုပြောသည်။

KNU တပ်မဟာ(၄)အနေဖြင့် ထီးထဗျူဟာ၊ ထီးခီးစခန်း၊ဘောဒီစခန်းများကို သိမ်းပိုက်ထားပြီး ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်များလည်း ဆုတ်ခွာသွား၍ ထားဝယ် -ထီးခီး အရှေ့ဘက်၌ မေတ္တာစခန်း၊ သုခစခန်း၊ ကျောက်မဲတောင်စခန်း တို့သာကျန်တော့ကြောင်းသိရသည်။

ထိုစခန်းသုံးခုတွင် မြန်မာ-ထိုင်းနယ်စပ်၌သုခစခန်း တခုသာ ကျန်တော့ကြောင်း ပဒိုစောအယ်နားက ရှင်းပြသည်။

KNU ပူးပေါင်းတပ်က ထီးထ၊ ထီးခီး၊ ဘောဒီ စခန်းများ သိမ်းပိုက်စဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့သည်။

(မြန်မာ-ထိုင်းနယ်စပ်ရှိ ဘောဒီစစ်တပ်စခန်း(ပွိုင့် ၂၅၅၆ )ကို KNLA ၊KNDO ၊PDFစ​သောပူး​ပေါင်းတပ်များက ဇွန် ၁၀ ရက်တွင်သိမ်းပိုက်ပြီး​နောက် တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက စခန်းသိမ်းတိုက်ပွဲအ​ကြောင်း​ပြောပြစဥ်)

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။