Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထိုသို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြုအလှူငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။