Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို ဒီလပိုင်း အတွင်းဆက်တိုက်သိမ်းယူနေပါတယ်။ စစ်ကောင်စီရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မြန်မာ-ထိုင်းနယ်စပ်က ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကိုထိန်းချုပ်ထားတဲ့ ထီးခီးစစ်စခန်းကို မေလ ၉ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထီးခီးစခန်းသိမ်းပိုက်ခဲ့မှု၊ဒေသတွင်းစစ်ရေးအခြေအနေ ၊ စစ်အာဏာရှင် တော်လှန်ရေးအတွက် KNUတပ်မဟာ(၄)က...