Connect with us

Hi, what are you looking for?

သတင်း

KIO ဥက္ကဋ္ဌဟောင်းကွယ်လွန်မှု ဝမ်းနည်းကြောင်း TNLA သဝဏ်လွှာပို့

ကချင်လွတ်လပ်ရေးအဖွဲ(KIO) ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သဝဏ်လွှာပေးပို့ခဲ့သည်။

ကချင်နှင့် တအာင်း လူထုအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆောင်ရွက်ခဲ့သူဟုဖော်ပြ

မေ ၁၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ(KIO) ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သဝဏ်လွှာပေးပို့ခဲ့သည်။

အသက်(၈၇)နှစ်အရွယ် ဦးဇောင်းဟရားသည် မေလ (၁၅)ရက်တွင် ကွယ်လွန်ခဲ့ရာ မဟာမိတ် တော်လှန်ရေးတပ်များက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ လတ်တလော KIO/KIAနှင့် မြေပြင် ပြဿနာအချို့ ဖြစ်နေသည့် TNLA ကလည်း မဟာမိတ်KIOနှင့် ဥက္ကဌ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းရဟု ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဥက္ကဌ၏ ဦးဇောင်းဟရားသည် ကချင်လူမျိုးများအတွက် ပေးဆပ်မှုဖြင့်သာ အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး လူငယ်မျိုးဆက်သစ်များအတွက် အတုယူဖွယ် စံပြခေါင်းဆောင်တစ်ဦးလည်း ဖြစ်ကြောင်း၊ ဥက္ကဌသည် ကွယ်လွန်သွားပြီဖြစ်သော တအာင်းခေါင်းဆောင် ဥက္ကဌတားခွန်သောင်းတိုနှင့်အတူ ကချင်လူထုနှင့် တအာင်းလူထုများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဘဝတူမဟာမိတ်အဖြစ် အဓွန့်တည်ရှည်စွာ ရပ်တည်သွားရေးတိုအတွက် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ဟု ဖော်ပြသည်။

ထို့ပြင် ၁၉၇၆ခု ကချင်နှင့် တအာင်းတို ထာဝရမဟာမိတ်ပြုစာချုပ်တွင် လက်မှတ်ရေးထိုးရာ၌လည်း KIO၏ အထွေထွေအတွင်းရေးမှူးအနေဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့သူလည်းဖြစ်ကြောင်း သဝဏ်လွှာပေးပို့သည်။

ဥက္ကဌ၏ တော်လှန်ရေးအပေါ် သစ္စာရှိမှု၊ စွမ်းဆောင်မှု၊ တည်ကြည်မှုတိုကို မိမိတိုမှ တန်ဖိုးထား ဂုဏ်ယူကာအစဉ်အောက်မေ့သတိရနေမည်ဖြစ်ပြီး ဥက္ကဌမှ ယခုကဲသို လူသားတိုင်း မလွန်ဆန်နိုင်သည့်တမလွန်ခရီးအား စစ်အာဏာရှင်စနစ်အကုန်အစင် မချုပ်ငြိမ်းသေးမီ ထွက်သွားရသည့်အပေါ် ဝမ်းနည်းရပါ ကြောင်း TNLA၏ သဝဏ်လွှာ၌ ပါရှိသည်။

လက်ရှိတွင် KIOနှင့် TNLA ဗဟိုအဆင့်ခေါင်းဆောင်များသည်လည်း ယခုနှစ်ဆန်းပိုင်းက ရှမ်းမြောက်ဒေသ၌ ဖြစ်ပွားခဲ့သည့် နယ်မြေဆိုင်ရာ ပြဿနာအချို့ အပါအဝင် အောက်ခြေတပ်များအကြား ပြဿနာများကို ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရေး တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်လျက်ရှိသည်ဟု နှစ်ဖက်အဖွဲ့က ထုတ်ပြန် အသိပေးထားသည်။

KIO/KIA ၏ မဟာမိတ်ဖြစ်သကဲ့သို့လက်ရှိစစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ဆင်ရေးများ အတူဆင်နွှဲနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)ကလည်း KIOဥက္ကဋ္ဌဟောင်း ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် နွေဦးတော်လှန်ရေးကာလတွင် လူမျိုးပေါင်းစုံ ပြည်သူ တရပ်လုံးတိုက်ပွဲဝင်နေချိန် ယခုကဲ့သို့ကွယ်လွန်ဆုံးပါးသွား၍ နှမျောတသစွာ အလေးအမြတ်ပြုကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

Facebook