Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လမ်းတွင် စစ်တပ်က လေယာဉ်ပစ်ကူသုံး စစ်ကြောင်းထိုး​နေပြီး စစ်​ရေးတင်းမာ​နေ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်နေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အချိန်မရွေး တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကချင်ပြည်နယ်တစ်​နေရာတွင် စစ်သားများကို​တွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်

​မေ-၁၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်နေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အချိန်မရွေး တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧပြီလကတည်းက ဖားကန့်မြို့နယ်အတွင်း KIA သိမ်းပိုက်ထားသည့်နေရာများကို ပြန်လည်စိုးမိုးထိန်းချုပ်ရန် စစ်တပ် နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်​နေသဖြင့် KIA နှင့် တိုက်ပွဲများ ပြင်းထန်စွာဆက်တိုက်ဖြစ်ပွားခဲ့သည်။

မေလ ဒုတိယပတ်တွင် ဖားကန့်လမ်း၊ နန့်ယားကျေးရွာနှင့် နန့်တိန့်ကြားရှိ၊ ခွန်ဆိုင်ဇွပ်ကျေးရွာအတွင်းအထိ တပ်ဆွဲလာသော မြောက်ပိုင်းတိုင်း လက်အောက်ခံ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အားKIA နှင့် KPDF တို့က တိုက်စစ်ဆင်ရာ စစ်တပ်စစ်​ကြောင်းအထိနာခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အထိနာသည့် စစ်တပ်က ကပ်မှော်ဇွပ်ကျေးရွာနှင့် ခွန်ဆိုင်ဇွပ် ဘုန်းကြီးကျောင်းသို့ ဆုတ်ခွာခဲ့ပြီး ၊ခွန်ဆိုင်ဇွပ်ကျေးရွာအတွင်းရှိပြည်သူ့များ ပိုင်ဆိုင်သော အဖိုးတန် ပစ္စည်းများအား စစ်သားများက ယူဆောင်ခဲ့ကြသည်။ထို့အပြင်အိမ်မွေးကြက်၊ ဝက်များအား ပစ်ခတ် သတ်ဖြတ် စားသောက်နေစဉ်၊ ​တော်လှန်​ရေးတပ်များက ထပ်မံတိုက်ခိုက်သဖြင့် မေလ ၈ရက်နှင့် ၉ရက်နေ့များက တိုက်ပွဲဖြစ်ခဲ့ကြောင်း​ဒေသခံသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲများ၌ အထိနာသွားသည့် စစ်ကောင်စီတပ်သည် မေလ ၁၃ရက်မှ စ၍ လေယာဉ်ပစ်ကူနှင့်အတူ ခြေလျင်တပ် အင်အားအလုံးအရင်းဖြင့် ခွန်ဆိုင်ဇွပ်နှင့် တံတားညီနောင်ဘက်တို့ ထိုးစစ်ဆင်လာ၍ စစ်ရေးတင်းမာနေသည်ဟု သိရသည်။
အချိန်မရွေး တိုက်ပွဲကြီးဖြစ်ပေါ်လာနိုင်၍ ဖားကန့် ၊ ကားမိုင်းလမ်း ခရီးသွား ပြည်သူ့များ ယခုရက်ပိုင်းအတွင်း ဂရုစိုက်နားစွင့်၍ သွားလာသင့်ဟု စစ်​ရေးသတင်းရင်းမြစ်အချို့က အကြံပြုသည်။

ထိုအပြင် အဆိုပါလမ်းပိုင်းကို နှစ်ဖက်တပ်များက အသုံးပြုခွင့်မပေးသေးဟု သတင်းရင်းမြစ်က ပြောသည်။

“ဖားကန့် အင်းတော်ကြီးဘက် ထိတွေ့မှု ဖြစ်နေတုံးပါ၊ ယမန့်နေ့က ဖားကန့် ဗျူးဟာကုန်းမှ ဆိုင်းတောင် ( မော်ရှန် ) ဘက် လက်နက်ကြီးနဲ့ လှမ်းပစ်တယ်၊ဖားကန့် ကားမိုင်းလမ်း၊ ကပ်မှော်ဇွပ်ကနေ့ စကစတပ် ခွန်ဆိုင်ဇွပ်နဲ့တံတားညီနောင်ဘက်ကို ဆက်ထိုးလို့ တိုက်ပွဲဖြစ်တယ်” ဟုသတင်းရင်းမြစ်က ပြောသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဖားကန့်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရသူများပြားခဲ့ပြီး မြစ်ကြီးနား လေယာဉ်ကွင်း အနီး စစ်ဆေးရုံ၌ လူနာများ ပြည့်နေကြောင်း ဒေသခံများကို ကိုးကားပြီး သတင်းရင်းမြစ်က ပြောပြသည်။

ဖားကန့်မြို့နယ်၊မြစ်ကြီးနား-တနိုင်းသွားလီဒီုလမ်းအနီး လဝါးကျေးရွာ အနီး တနေရာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းတခုလည်း လူမှုကွန်ရက်၌ ယခုရက်ပိုင်း ပြန့်နှံ့နေသည်။

အဆိုပါ ရုပ်သံမှာ မေလဆန်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

ယင်းရုပ်သံနှင့်ပတ်သက်၍ KIA သတင်းရင်းမြစ်တစ်ဦးကလည်း “ဟိုတခါတုန်းက သိမ်းထားပြီးပြီ။ နောက်တခေါက်ပြန်သိမ်းတာလားပဲ။ ကျနော်တော့ ပြန်သိမ်းတယ်လို့တော့ မကြားရဘူး ဒါပေမဲ့ စစ်ဖြစ်တယ်လို့တော့ ကြားရတယ်။ ဗီဒီယိုကလစ်က ကျနော်ထင်တာက အရင်က သိမ်းထားတဲ့ဟာ အခုမှ ထွက်လာတာထင်တယ်”ဟုပြောသည်။

KIAက ၅လကျော်ကြာဆင်နွှဲနေသည့် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးနှင့်ဖားကန့်လမ်း တိုက်ပွဲအခြေအနေများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ထားဆဲဖြစ်သည်။

ထို့အပြင်KIAနှင့် စစ်ကောင်စီတပ်သည် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌လည်း မေလ ဒုတိယပတ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အင်းတော်ကြီးဒေသရှိ KIAတပ်စခန်းကို စစ်ကောင်စီနှင့် ရှမ်းနီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်​သေဆုံးမှုများရှိခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ​မှော်စီစာရွာအနီးဇွန်လ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများခဲ့ပြီး သေဆုံးသူများထဲတွင် တပ်မ(၃၃) မှ စစ်ဦးစီးမှူး (ဒုတိယတန်း)-ဂျီတူး ဗိုလ်မှူးဖြိုးသက်ဇော်လည်း ပါဝင်ခဲ့ဟု စစ်ရေး သတင်းရင်းမြစ်အချို့က ​ပြောသည်။

သတင်း

ဖားကန့်မြို့နယ်ဆန်းကြွယ်ရွာအနီး၌ ယနေ့ ညနေ ၆နာရီကျော်မှစတင်၍ တိုက်ပွဲဖြစ်နေပြီး ဒေသခံများအား လေကြောင်းအန္တရာယ်သတိပြုကြရန် KIAနှင့် KPDF ရဲဘော်များက သတိပေးနေကြသည်။

သတင်း

စစ်တပ်က ဗျူဟာကုန်းမှလက်နက်ကြီးဖြင့်ပစ်ခတ်​နေပြီး လက်နက်ကြီး နှင့် လေကြောင်းအန္တရာယ်သတိပေး

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထိုသို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု​အလှူ​ငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။