Connect with us

Hi, what are you looking for?

သတင်း

ဝေါမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လေးအိမ်စုရွာတွင် ယနေ့ (မေလ ၁၇ရက်) နံနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း မြို့ခံများထံမှသတင်းရရှိသည်။

​မေ-၁၇၊၂၀၂၅။ဇော်ရမ်း/People’s Spring

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လေးအိမ်စုရွာတွင် ယနေ့ (မေလ ၁၇ရက်) နံနက်ပိုင်းက လေဆင်နှာ မောင်း တိုက်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း မြို့ခံများထံမှသတင်းရရှိသည်။

နံနက် ၇နာရီ ၁၀ မိနစ်ခန့်မှစ၍ လေးဆင်နှာမောင်းတိုက်ခိုက်သွားခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်အထိ မိုးအနည်းငယ်ရွာနေဆဲဟု ဝေါမြို့ခံတစ်ဦးကပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်သွား၍ထိခိုက်ပျက်စီးမှုများရှိကြောင်း ကနဦးသတင်းရရှိထားသော်လည်း အသေးစိတ်ကိုမသိရသေးပေ။

Public Service Announcement

Public Service Announcement

ဘင်္ဂလားပင်လယ်အော်တွင် မေလလယ်ကာလအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး ဒေသအများစုတွင် မွန်းလွဲ/ညနေပိုင်း အချိန် များ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်
ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM က သတိ‌ပေးထားသည်။

ပြီးခဲ့သည့် ဧပြီလဆန်းကလည်းရန်ကုန်တိုင်း၊ ကျောက်တန်း၊ သန်လျှင်၊ သုံးခွမြို့နယ်တို့တွင်
လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။လေဆင်နှာမောင်းသည် မိုးတိမ်တောင်ကြောင့်ဖြစ်လာသည့် စိုက်ဆင်းလေပြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှ ကြီးမားစေသည်။

နွေကာလဖြစ်သည့် မတ်လမှ မိုးဦးကာလဖြစ်သည့် မေလအထိ လေထုမတည်မငြိမ်ဖြစ်စဥ်ကြောင့် မိုးတိမ်တောာင်၊ မိုးသက်လေပြင်းနှင့် မိုးကြိုးအန္တရာယ်ကြီးမားသည်။ မတ်လမှ ဧပြီလအတွင်း ငလျင်ဘေးသင့်ဒေသများအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေလ ၁၃ ရက်နေ့က မိုးသက်လေပြင်းကျနေစဉ် မိုးကြိုးပစ်၍ ကလေးငယ်တစ်ဦးအပါအဝင် ၃ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။