သတင်း ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ဒီကနေ့မနက်မှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း ကျိန္တလီမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင်နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။ ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း စောချစ်သူနဲ့ BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းထောက်လှမ်းရေး ရပ်ဆိုင်းထား ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒုစရိုက် ဂိုဏ်းတွေနဲ့ ဆက်စပ်ြီး ကရင် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အားထုတ်နေမှုကို ထိုင်းအထူးစုံစမ်းရေး ဌာန (DSI)က ရပ်ဆိုင်းလိုက်ပါတယ်။ ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း အင်းတော်မြို့ နဘားရွာစျေးမီးလောင် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်တော်မြို့ရဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ နဘားရွာစျေး ဖေဖော်ဝါ ရီ ၁၂ ရက် နေ့လယ် ၁၂ နာရီအချိန်က မီးလောင်ပြီး စျေး ရဲ့ သုံးပုံ နှစ်ပုံ မီးထဲပါသွားတယ်လို့ အင်းတော်ဒေသခံအချို့ဆီကသိရပါတယ်။ ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း စစ်ကောင်စီ၏ ဖိနှိပ်မှု လက်မခံသည့် ပြည်သူများကို လက်ရှိ နိုင်ငံရေးခေါင်းဆောင်များက စနစ်တကျထိန်းကြောင်းပြီး ဘုံရန်သူ စစ်ကောင်စီအား တိုက်ခိုက်ရန် KNU ဝါရင့်ခေါင်းဆောင်တိုက်တွန်း "NUGနဲ့ PDFကိုဖြိုခွဲတယ်။ PDFနဲ့ EAOတပ်တွေကို ဖြိုခွဲတယ်။ ကွဲအောင်ပေါ့ဗျာ။ထင်ယောင် ထင်မှား စကားတွေလျှောက်ပြောတာပေါ့နော်။ အဲဒါတွေကို ကျနော်တို့က ဒီကနေ့ ခေါင်းထဲမထည့်ဖို့လိုတယ်။ အရေးကြီးတာက ဘုံရန်သူကို ဦးတည်တိုက်မယ်"-ပဒိုစောသမိန်ထွန်း ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း အရာတော်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၁၀)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျောင်းသားလူငယ်များက ဦးဆောင်၍ ယနေ့ (ဖေဖော် ဝါရီ ၁၃)ကျရောက်သည့် ဗိုလ်ချုပ် အောင်ဆန်း၏ (၁၁၀)နှစ်ပြည့် မွေးနေ့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရခြင်းအားဖြင့် ပဲပြုတ်နှင့်နံပြားအား ကျွေးမွေးသည့် လှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၁၃) ပြုလုပ်ခဲ့သည်။ ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း ကျားဖြန့် လူကုန်ကူးမှု နှိမ်နင်းဖို့ အထူးအဖွဲ့ BGF ဖွဲ့စည်း ကျားဖြန့် လူမှောင်ခိုလုပ်ငန်း ပပျောက်ဖို့ နှိမ်နင်းရေးဆိုပြီး စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က အထူးအဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲ နဲ့ဖွဲ့စည်းလိုက်ပါတယ်။ ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းဒေသများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။ ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းရှိ PDFတပ်ရင်းများထံ သွားရောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများထံ သွားရောက်ပြီး ရဲဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း NUGက ထုတ်ပြန်သည်။ ludunwayooဖေဖော်ဝါရီ 13, 2025
သတင်း ဒေါပုံတွင်သန်းခေါင်စာရင်းကောက်သည့်ရာအိမ်မှူးနှင့် အဖွဲ့ကိုအိမ်ရှင်က ဓါတ်ဆီပက်၍မီးရှို့တိုက်ခိုက် ရန်ကုန်မြို့ ၊ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် သန်ခေါင်စာရင်း လိုက်လံကောက်ယူသည့် ရာအိမ်မှူး အပါအဝင် သုံးဦးကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနှင့်ပက်၍ မီးရှို့တိုက်ခိုက်မှု ယမန်နေ့ (ဖေဖော်ဝါရီ ၁၂)က ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ludunwayooဖေဖော်ဝါရီ 13, 2025