Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၁၀)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျောင်းသားလူငယ်များက ဦးဆောင်၍ ယနေ့ (ဖေဖော် ဝါရီ ၁၃)ကျရောက်သည့် ဗိုလ်ချုပ် အောင်ဆန်း၏ (၁၁၀)နှစ်ပြည့် မွေးနေ့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရခြင်းအားဖြင့် ပဲပြုတ်နှင့်နံပြားအား ကျွေးမွေးသည့် လှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၁၃) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

သုည/People’s Spring

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျောင်းသားလူငယ်များက ဦးဆောင်၍ ယနေ့ (ဖေဖော် ဝါရီ ၁၃)ကျရောက်သည့် ဗိုလ်ချုပ် အောင်ဆန်း၏ (၁၁၀)နှစ်ပြည့် မွေးနေ့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရခြင်းအားဖြင့် ပဲပြုတ်နှင့်နံပြားအား ကျွေးမွေးသည့် လှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၁၃) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်

လူငယ်များက ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းစာသားများဖြစ်သော “ကျောင်းသားတွေနိုင်ငံရေး မလုပ်ရင် သူတောင်းစားတွေ သမ္မတ ဖြစ်ကုန်လိမ့်မယ်”၊ “အခြားလွတ်လပ်သောနိုင်ငံများ ခြေလှမ်းတစ်လှမ်း လှမ်းလျှင်ကိုယ်က ခြေလေး၊ငါးလှမ်း လှမ်းနိုင်မှတော်ရုံရမယ် ဒီလိုမှမလုပ်ရင် ဟိုလူ့ မျက်နှာချိုသွေးရ ဒီလူ့လာ မျက်နှာချိုသွေးရ၊ ဖာသည်နိုင်ငံဖြစ်မှာပဲ” စာသားများချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို အရာတော်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မဟာမိတ်အင်အားစုများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေ အပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။

သတင်း

စစ်​ကောင်စီကသင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက် ပိုင်းတွင်စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကို လေကြောင်းမှဗုံးကြဲခဲ့ရာ ​ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်မှုရှိကာ နေအိမ်နှင့် အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။

ဆောင်းပါး

"ကြည်ရေ ပဲပြုတ်နှင့်နံပြား ရရင်စားချင်တယ်" မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက သူ့ဇနီးဒေါ်ခင်ကြည်ကို မနက်စာအတွက် မှာခဲ့ဖူးတဲ့စာကလေးတစ်စောင်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအ​ပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။