Connect with us

Hi, what are you looking for?

သတင်း

စောချစ်သူနဲ့ BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းထောက်လှမ်းရေး ရပ်ဆိုင်းထား

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒုစရိုက် ဂိုဏ်းတွေနဲ့ ဆက်စပ်ြီး ကရင် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အားထုတ်နေမှုကို ထိုင်းအထူးစုံစမ်းရေး ဌာန (DSI)က ရပ်ဆိုင်းလိုက်ပါတယ်။

ကိုးကား- Thai Enquirer

People’s Spring

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒုစရိုက် ဂိုဏ်းတွေနဲ့ ဆက်စပ်ြီး ကရင် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အားထုတ်နေမှုကို ထိုင်းအထူးစုံစမ်းရေး ဌာန (DSI)က ရပ်ဆိုင်းလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံသား ၈ ဦးဟာ ထိုင်းနဲ့ နယ်စပ်ထိစပ်ရာ ကရင်ပြည်နယ်၊ မြဝတီမြို့ထဲမှာ ရှိနေတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေဖို့ လူမှောင်ခို ကူးခံခဲ့ရတဲ့ ဖြစ်စဉ်ကို အကြောင်း ပြုပြီး ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် BGF ခေါင်းဆောင် ၃ ယောက်ကို ဝရမ်းထုတ်ဖို့ DSIကကြိုးစားခဲ့တာပါ။

DSIက BGF ခေါင်းဆောင်တွေဟာ ရာဇဝတ်ဂိုဏ်းတွေ အသုံးပြုဖို့အတွက် မြေနေရာတွေကို ၂၀၁၇ မှာ ငှားရမ်းပေးခဲ့တဲ့အတွက် အဲဒီ အခြေအနေကို အကြောင်းပြုပြီး ဝရမ်းထုတ်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ ထိုင်းအစိုးရ ရှေ့နေတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် မြဝတီ အခြေစိုက် တရုတ်နိုင်ငံသားပိုင် ဒုစရိုက် ဂိုဏ်းတွေနဲ့ BGFက တိုက်ရိုက်ဆက်စပ်ကြောင်း လုံလောက်တဲ့ အထောက်အထား မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဝရမ်း ကိစ္စကို ရပ်နားထားလိုက်တာ ဖြစ်ပါတယ်။

ထိုင်းရဲ့အဓိက အတိုက်အခံ ပြည်သူ့ပါတီ ဒုတိယ အကြီးအကဲ ရန်ဆီမန် ရုမ်းကတော့ ဝရမ်းကိစ္စ ဆိုင်းငံ့လိုက်တဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး BGFနဲ့ တရုတ် ကျားဖြန့်ဂိုဏ်းတွေ ဆက်စပ်တယ်ဆိုတာ ခိုင်မာတိကျတဲ့ အထောက်အထားတွေ အများကြီး ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

သူကနိုင်ငံပေါင်းများစွာဟာစောချစ်သူကိုအကြမ်းဖက်သမား တစ်ယောက်လို သဘောထားကြပြီး အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားတာကိုလည်း ထောက်ပြခဲ့ပါတယ်။ သူက ဖမ်းဝရမ်းကိစ္စ နောက်ဆုတ်သွားတာဟာ စောချစ်သူက ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်မှု ရှိနိုင်တဲ့ ထိုင်းအစိုးရ ထိပ်ပိုင်း အရာရှိတွေရဲ့ အတွင်းရေး သတင်း အချက်အလက်တွေကို ဆုပ်ကိုင်ထားနိုင်တာကြောင့်လားလို့လည်း မေးခွန်း ထုတ်ခဲ့ပါတယ်။

ရန်ဆီမန်က ထိုင်းဝန်ကြီးချုပ်နဲ့ တရားရေး ဝန်ကြီးဌာနဟာ စောချစ်သူကို ဝရမ်းထုတ်ရေးကိစ္စ ပြီးမြောက် အကောင်အထည် ပေါ်လာအောင် ဖိဖိစီးစီး လုပ်ဆောင်သင့်ကြောင်း၊ BGF ခေါင်းဆောင်နဲ့ ဆက်စပ်ပြီး တရားမဝင်မူးယစ်ဆေးမှောင်ခိုမှုတွေ၊ ငွေကြေး ခဝါချမှုတွေကိုပါစုံစမ်းစစ်ဆေးလို့ ရလာနိုင်ကြောင်း ဆက်ပြောပါတယ်။

မူလက DSIဟာ စောချစ်သူအပြင် BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းတို့ကိုပါ ဝရမ်းထုတ်ဖို့ စီစဉ်ခဲ့ပါတယ်။ စောချစ်သူကတော့ သူဟာ ထိုင်းကို တော်လှန်ပုန်ကန်တာမျိုးလည်း မရှိခဲ့ကြောင်းပြောပြီး ဘာကြောင့် သူ့ကို ဝရမ်းထုတ်ချင်သလဲ ဆိုတာမျိုး မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီအတောအတွင်း ထိုင်းရဲတပ်ဖွဲ့ဟာ မြန်မာနဲ့ နယ်စပ်ထိစပ်ရာ ဧရိယာတွေမှာအကြီးအမှူးတာဝန်ယူခဲ့ပြီး ကျားဖြန့်ဂိုဏ်းတွေနဲ့ အဆက်အစပ်ရှိကြောင်း စွပ်စွဲခံရတဲ့ အရာရှိကြီးတွေကို ကိုင်တွယ် အရေးယူမှုတွေ ပိုမို တင်းကျပ်လာခဲ့ပါတယ်။

မဲဆောက်၊ မဲရမတ်နဲ့ ဖော့ဖရား ဒေသတွေက ရဲတပ်ဖွဲ့ အကြီးအကဲတွေဟာ လတ်တလောရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံထားရသလို တက်ခ်ပြည်နယ်ရဲ့ လူဝင်မှု ကြီးကြပ်ရေးဌာန အကြီးအကဲ ရဲဗိုလ်မှူးကြီး ဘော်ဝန်ဖော့ ဆူသွန်ရက်ခါဟာလည်း လူဝင်မှု ကြီးကြပ်ရေးဌာန ဗဟို ဌာနချုပ်ဆီ ရွှေ့ပြောင်း ခံခဲ့ရပါတယ်။ သူဟာ တက်ခ်ဒေသထဲက နယ်စပ်ဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေကို ထိထိရောက်ရောက်ဟန့်တားနိုင်စွမ်းမရှိခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။