Connect with us

Hi, what are you looking for?

သတင်း

ကျိန္တလီမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင်နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရ

ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင်နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ကျိန္တလီမြို့၊အမှတ် (၁)ရပ်ကွက်အတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးချတိုက်ခိုက်ခြင်းဟု ဂွမြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ကျနော်တို့က မြေပြင်မှာတော့မရှိဘူး။ ဖုန်းလိုင်းတော်တော်အခြေအနေဆိုးတယ်။ အခု လေကြောင်းတိုက်ခိုက်မှုကတော့ ကလေးငယ်တစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်သေတယ်။ ဒဏ်ရာရသူလည်းရှိတယ်ဗျ”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ကလည်း ကျိန္တလီမြို့၊ အမှတ် (၂)ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးခဲ့သည်။

ကျိန္တလီမြို့သည် သံတွဲမြို့မှမိုင် (၄၀)ခန့်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံးမြို့ဖြစ်သော ဂွမြို့နှင့်လည်း မိုင် (၄၀)ခန့် ကွာဝေးသည်။ ကျိန္တလီမြို့ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ဩဂုတ်တွင် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ယမန်နေ့နှင့် ယနေ့တွင် စစ်ကိုင်းတိုင်း ကလေး၊ မုံရွာ၊ ဆားလင်းကြီး၊ ကရင်နီပြည်၊ ဒီမော့ဆိုမြို့တို့ကိုလည်း လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။

AAနှင့် စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း၌ ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုက်နယ်စပ်ဒေသအချို့နှင့် စစ်တွေမြို့အနီး၌ တိုက်ပွဲများဖြစ်နေသည်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ် သောနေရာများ စသည့် ပြည်သူများမှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်းAA က ထပ်မံသတိပေးထားသည်။

လေကြောင်းတိုက်ခိုက်မှုများကို ၂၀၂၅ အစောပိုင်းကာလကစပြီး ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြပါကိုလည်း AAက သတိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook