သတင်း ပုဏ္ဏားကျွန်းတွင် အရပ်သားများဖုန်းပြောနေသည့်နေရာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ငါးဦးသေဆုံး ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမကြာ ခဏပြုလုပ်နေရာ ယမန်နေ့ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦး ထပ်မံသေဆုံးခဲ့ရသည်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း ဗန်းမော်နှင့် မံစီမြို့ကို KIAက ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်၍ ယနေ့ တိုက်ပွဲပြင်းထန်နေ ကချင်ပြည်နယ်ရှိ ဗန်းမော်နှင့် မံစီမြို့အပြီးသတ် သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ယနေ့ (ဒီဇင်ဘာ ၆ရက်)ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်သွားမည်ဟု ပကဖပြော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ရှေးဟောင်းပုဂံ၊ညောင်ဦးမြို့နယ်အတွင်း စစ်ရေးအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မြို့နယ်တာဝန်ခံ ကိုလင်းက ပြောသည်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း ရွှေဘိုက ထွက်လာတဲ့စစ်ကြောင်း ဝက်လက်အရှေ့ပိုင်းတွင်PDFများတိုက်၍စစ်ကြောင်းတစ်ကြောင်းလုံးပြုတ် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မင်းကုန်းကျေးရွာ နဲ့ မှတ်ထိကျေးရွာကြားမှာ ရွှေဘိုမြို့ဘက်ကထွက်လာတဲ့စစ်တပ်စစ်ကြောင်း ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကြောင်းတကြောင်းလုံးသေဆုံးကာ ၆ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ် စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း ရွှေသောင်ယံတွင် စစ်ကောင်စီတပ်အချင်းချင်း တိုက်ပွဲဖြစ် ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေသောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း ၂၀၂၅သည် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ အားလုံးညီညွတ်ကြရန် မန္တလေးPDF တပ်မှူးပြော ၂၀၂၅တွင် တော်လှန်ရေးနောက်ဆုံးနှစ်ဖြစ်သင့်၍ မတူညီသည်များကို ဖယ်ထားပြီး စည်းလုံးညီညွတ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF၏ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းက ပြောကြားသည်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း အမေရိကန်ရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် မြန်မာများက (၁၄၈)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဇန်နဝါရီ ၅) ပြုလုပ်ခဲ့သည်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း နွားထိုးကြီးမြို့နယ်၌ ပြီးခဲ့သည့်၁၀ရက်ခန့်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်း သေဆုံး၊ တစ်ဦးအရှင်ဖမ်းမိဟု PDF ထုတ်ပြန် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ရက်မှ ဇန်နဝါရီ ၂ရက်အထိ ၁၀ရက်ခန့်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။ ludunwayooဇန်နဝါရီ 6, 2025
သတင်း အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၁ဦး ထပ်မံဖမ်းမိဟု CDF – အရှို အသိပေး ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများအား ပိတ်ဆို့တားဆီးခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးအား ယခု ဇန်နဝါရီအတွင်း ထပ်မံဖမ်းမိခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-အရှိုက ယနေ့ (ဇန်နဝါရီ ၅ရက်)တွင် သတင်းထုတ်ပြန်သည်။ ludunwayooဇန်နဝါရီ 5, 2025