Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တောင်းခမ်း၌ တိုက်ပွဲဖြစ်

တအာင်းတပ်မတော်(TNLA)ပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဘေးကြောင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ထိုးစစ်ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက် သတ် အပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နောင်ချိုမြို့နယ်၊တောင်းခမ်းဒေသ၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီ ယနေ့ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၂ဦးထိခိုက်

ဧပြီ ၄၊၂၀၂၅။ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)ပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဘေးကြောင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ထိုးစစ်ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက် သတ် အပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နောင်ချိုမြို့နယ်၊တောင်းခမ်းဒေသ၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLA၊ ကိုးကန့်(MNDAA)၊အာရက္ခတပ်တော် (AA) ညီနောင်သုံးဖွဲ့က ဧပြီ တစ်လလုံးအပစ် ရပ်ကြောင်း ကြေညာထားပြီး စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၂၂ရက်နေ့အထိ ရက်ပေါင်း ၂၀ကြာ ယာယီအပစ်ရပ်မည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

အပစ်ရပ်ကြေညာပြီးသော်လည်း ဧပြီ ၃ရက် နေ့လည် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ယာဉ်တန်း (၇)စီးနှင့် လူအင်အားဖြည့်တင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့မှ ကျောက်ဂူ၊ တောင်ချေနှင့် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမတ (၉၀၂)တပ်ရင်းသို့ စစ်ကူအင်အားဖြည့်တင်းနေခဲ့ရာ ယနေ့ (ဧပြီ ၄ ရက်) နံနက် ၁၀နာရီခန့်တွင် အမတ(၉၀၂)အနီး တိုက်ပွဲဖြစ်ခဲ့ဟု TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ် (၇)မိုင်ကျေးရွာတွင်လည်း ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲချ တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

ယမန်နေ့ ဧပြီ ၃ရက်လည်း စစ်ကောင်စီတပ်က သပိတ်ကျင်းမြ်ု့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။

ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို ယနေ့ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဧပြီ ၄ရက် နေ့လည် ၂နာရီ ၅၀ ခန့်တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြိုအရှေ့မြောက်ဖက်သို့ Yak-130 Fighter Jet ဖြင့် ဗုံသီးတစ်လုံးချ လေကြောင်းတိုက်ခိုက်ရာ ပြည်သူ နှစ်ဦး ဒဏ်ရာရရှိဟု အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်၊ ဝိုင်းမော်၊ ဗန်းမော်မြို့တို့တွင်လည်း ယမန်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ပြင် ယမန်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စက်တပ်လေထီး အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်ကိုလည်း ဘက်စုံသုံး ရဟတ်ယာဉ်ဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား