Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့မီးလောင်မှု အိမ်နှစ်လုံး ဆုံးရှုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ယနေ့(ဧပြီလ ၄ရက်) နေ့လယ်ပိုင်းက နေအိမ် နှစ်လုံးမီးလောင်ခဲ့ပြီး တစ်နာရီခွဲနီးပါး မီးငြှိမ်းသတ်ခဲ့ရသည်။

ဧပြီ ၄၊၂၀၂၅။စိုင်းနန်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ယနေ့(ဧပြီလ ၄ရက်) နေ့လယ်ပိုင်းက နေအိမ် နှစ်လုံးမီးလောင်ခဲ့ပြီး တစ်နာရီခွဲနီးပါး မီးငြှိမ်းသတ်ခဲ့ရသည်။

ကွတ်ခိုင်မြို့၊ရပ်ကွက်(၅) ရှမ်းဘုန်းကြီးကျောင်းလမ်းရှိ နေအိမ်တစ်လုံး၌ နံနက် ၁၁နာရီခွဲခန့်က မီးစလောင်ခဲ့ပြီး နေ့လည် ၁နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

” ဆိုလာကလိုလို ဂက်စ်အိုးကလိုလို စပြီးလောင်တာ။ နှစ်အိမ်ကုန်သွားတာ ဟုတ်တယ်။ ဒုက္ခရောက်တယ်အရမ်း” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မီးလောင်မှုကို တအာင်းတပ်မတော်(TNLA)ကလည်း ထုတ်ပြန်ထားသည်။ ယမန်‌‌နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတွင် တောမီးမှတဆင့်မီးကူးစက်ပြီး ခရိုနီဦးတေဇပိုင် Myanmar Treasure Hotel မီးလောင်ကျွမ်းခဲ့သည်။

ဧပြီ ၁ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ဈေးအနီး နေအိမ်မီးလောင်မှုအတွင်း လူ၃ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People's Spring ကို​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ MNDAA နဲ့ TNLAတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုအချို့ရှိနေပြီး ရွာ၂၀ခန့်က ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်​ပြေးတိမ်းရှောင်နေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို ထိန်းချုပ်လိုက်တဲ့ MNDAAအနေနဲ့ လားရှိူမြို့တုန်းကလို အာဏာသိမ်းစစ်ထံမြို့ကိုပြန်မအပ်ဘဲ ဒေသခံပြည်သူတွေကိုငဲ့ညှာဖို့ မြို့ခံတွေကတောင်းဆိုပါတယ်။