Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အသေခံဒရုန်းတစ်စီး ဖယ်ခုံ PDF ပစ်ချ

ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ အသေခံဒရုန်းတစ်စီး ပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၂)တပ်ရင်းက ယနေ့(ဧပြီ ၄ ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အသေခံဒရုန်းတစ်စီးအား ပစ်ချပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံ PDF (၁၀၀၂)တပ်ရင်း

ဧပြီ ၄၊ ၂၀၂၅။ရဲခေါင်/eople’s Spring

ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ အသေခံဒရုန်းတစ်စီး ပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၂)တပ်ရင်းက ယနေ့(ဧပြီ ၄ ရက်) ထုတ်ပြန်သည်။

ဧပြီ ၃ ရက် ည ၇နာရီတွင် ဖယ်ခုံမြို့နယ် ခေါင်းအိရွာသစ်ဘက်၌ စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စီးဖြင့်တိုက်ခိုက်ခဲ့ရာ တစ်စီးကို ပစ်ချနိုင်ခဲ့ခြင်းဟု ဆိုသည်။

ငလျင်ဘေးကြောင့် စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟု ကြောညာထားသော်လည်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ၊ အသေခံဒရုန်းများဖြင့် နေ့စဉ်တိုက်ခိုက်နေကြောင်း ဖယ်ခုံ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး ရဲဘော်၊ရဲဘက်များသည် စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ဟု ကြေညာမှုအပေါ် လျော့မတွက်ဘဲ သတိထားရန်လိုကြောင်းလည်း ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဧပြီ ၂ရက်ကစ၍ ယာယီအပစ်ရပ်မည်ဟု ကြေညာသော်လည်း လက်တွေ့တွင် ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေများအား လေကြောင်းနှင့် မြေပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဖယ်ခုံမြို့နှင့် ကပ်လျက်ရှိသည့် မိုးဗြုဲမြို့အနီးလည်း စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းနှင့် မြေပြင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့၍ ယနေ့(ဧပြီ ၄ ရက်)တွင် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

ထို့အပြင် ဧပြီ ၂ ရက် ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်တစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။