Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့်မင်းအောင်လှိုင်အား ဖိတ်ခေါ်မှုအပေါ် ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများ ကန့်ကွက်ဆန္ဒပြနေ

နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ပြင်းပြင်း ထန်ထန် ကန့်ကွက် ဆန္ဒပြနေကြသည်။

ဧပြီ ၄၊၂၀၂၅။ဒီဒီး/People’s Spring

နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ပြင်းပြင်း ထန်ထန် ကန့်ကွက် ဆန္ဒပြနေကြသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးကတည်းက နိုင်ငံသား ၆,၀၀၀ ကျော် သတ်ဖြတ်ထားကြောင်း၊ အရပ်သား ၂၀,၀၀၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ သေဒဏ်အမိန့်ကို အသက်သွင်းခဲ့ကြောင်းနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် ၃သန်းခွဲကျော်ရှိလာသည်ဟုဆိုကာ ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ရေးသားကန့်ကွက်နေကြသည်။

Milk Tea Alliance Thailandအပါအဝင် ထိုင်းနိုင်ငံရှိ လူမှုအသင်းအဖွဲ့များက ဆန္ဒပြကန့်ကွက်နေကြသည်။ Milk Tea Alliance Thailandသည် မြန်မာစစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်သူလူထု အကျပ်အတည်းဖြစ်လာမှုနှင့် ဖမ်းဆီးသတ်ဖြတ်နေသည့်အကြောင်း ထိုင်းနိုင်ငံသားများသိရှိစေရန် ထိုင်းတက္ကသိုလ်မှ ကျောင်းသားလူငယ်များဖြင့် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့(ဧပြီ ၄ရက်) ညနေ ၄နာရီခွဲကလည်း BIMSTEC အစည်းအဝေးကျင်းပသည့် ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦးက ကန့်ကွက်ဆန္ဒပြခဲ့သည်။

ထိုင်းတက္ကသိုလ် ပထမနှစ်ကျောင်းသား ပွန်သည် အာဏာရှင်လူသတ်သမား မင်းအောင်လှိုင်အား ကြိုဆိုမည်မဟုတ်ကြောင်း ဟိုတယ်အတွင်း အော်ဟစ်ဆန္ဒပြခဲ့သည်။

“အပြစ်မဲ့သူရဲ့သွေးနဲ့ လက်ဆွဲနှုတ်ဆက်တာကို ဝန်ကြီးချုပ် Paethongtarn က ဘယ်လိုခံစားရလဲ၊
ထိုင်းနိုင်ငံက ဗမာပြည်သူတွေနဲ့ ရပ်တည်တယ်။ ထိုင်းပြည်သူတွေက လူသတ်အာဏာရှင်တွေကို လက်မခံဘူး”ဟု ပွန်က အော်ဟစ်ခဲ့သည်။

ထို့နောက် ဟိုတယ်လုံခြုံရေးများနှင့် ထိုင်းအာဏာပိုင်များက ပွန်အား ဖမ်းဆီးဆွဲခေါ်သွားသည်ကို ရုပ်သံတွင် တွေ့ရသည်။ သို့သော် အဆိုပါကျောင်းသားအား ထိုင်းအာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ကြောင်း Milk Tea Alliance Thailandက အသိပေးထားသည်။

ထို့အပြင် ယနေ့နံနက်က ထိုင်းလူမှုအဖွဲ့အစည်းများသည် အစည်းအဝေးကျင်းပရာအနီး ကျောက်ဖရားမြစ်​ပေါ်က တံတားတစ်စင်းမှာ မြန်မာအာဏာသိမ်း​ခေါင်း​ဆောင်ကို ” လူသတ်သမားမင်း​အောင်လှိုင်ကို ငါတို့မကြိုဆိုဘူး”ဟု စာတန်းချိတ်ဆွဲထားသည်။

ထို့အပြင် Milk Tea Alliance Thailandကလည်း “မင်းအောင်လှိုင် ထိုင်းနိုင်ငံ၌ရှိနေစဉ် မင်းအောင်လှိုင်ကို ဆန့်ကျင်မှုတစ်စုံတစ်ရာ ပြုလုပ်လိုပါက သင့်၏ ကိုယ်ရေးအထောက်အထားကို ဖုံးထားပါ။ သင့်မျက်နှာကို ထုတ်ဖော်မပြပါနှင့်”ဟု အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် “ယခုအခါမှာ မြန်မာပြည်သူများသည် ထိုင်းနိုင်ငံရှိ ရဲဝန်ထမ်းများ နှင့် လက်ယာယိမ်းဝါဒ ထောက်ခံသူများထံမှ အနိုင်ကျင့်ခြင်း ခံရနိုင်မှု မြင့်မားပါတယ်။ သင့်ရဲ့ ကိုယ်ရေး အထောက်အထား ဖော်ပြခြင်းကို သတိပြုပါ။ ဗီဒီယို (သို့မဟုတ်) ဓာတ်ပုံရိုက်ခံရခြင်းမှ ကင်းဝေးအောင် အတတ်နိုင်ဆုံးနေပါ”ဟု ထပ်မံရေးသား သတိပေးထားသည်။

BIMSTECအစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်အား တက်ရောက်ခွင့်ပြုသည့်အပေါ် ထိုင်း – မြန်မာလူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကို ဧပြီ ၃ရက်က ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားတက်ရောက်‌ စေသည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာအနေဖြင့် လွှတ်တော်ကို လာရောက်ရှင်းပြရန် လိုအပ်‌ကြောင်း ထိုင်းလွှတ်တော်အမတ်တစ်ဦးက တောင်း‌ဆိုထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။