Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် လူသားဆန်ခြင်းမရှိ၊ နိုင်ငံရေးစိတ်ဆန္ဒမရှိ ၊အပစ်ရပ်ကြေညာမှုသည်လည်း အပြောနှင့်အလုပ် မကိုက်ညီဟု KNU ပြော

စစ်ကောင်စီက အပစ်ရပ်ကြေညာသော်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ယာယီအပစ်ရပ်အပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဧပြီ ၄၊ ၂၀၂၅။ ဟန်နွေ/People’s Spring

စစ်ကောင်စီက အပစ်ရပ်ကြေညာသော်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ငလျင်ဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်ထုတ်ပြန်ကြေငြာထားသော်လည်း KNU တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။

ထိုသို့ ပစ်ခတ်ခဲ့၍ ဧပြီ ၂ရက်က တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ဆေထိ(ရွှေကျင်)မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း၊ ဧပြီ ၃ရက် မနက်တွင် မူး(မုန်း)မြို့နယ်၊ ဟောခို့ဂေါ် (ငထွေစုပ်) ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့၍ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများ အင်အားပြင်းသဘာဝဘေး မြေငလျင်ဒဏ်ခံစားနေရသည့်အချိန်တွင်လည်း လေယာဉ်များ၊ ဒရုန်းများဖြင့် အစဉ် ရပ်တန့်ခြင်းမရှိ ဗုံးကြဲနေခဲ့ပြီး ယခုအခါယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်းထုတ်ပြန်ပါသည်ဟု ဟန်ပြ ထုတ်ပြန်ခဲ့ခြင်းသာဖြစ်ဟု ဖော်ပြသည်။

အရပ်သားပြည်သူများရှိရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်များအစဉ်ပြုလုပ်လျက်ရှိ၍ ပြည်သူများ ငလျင်ဘေးသာမက လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြားစိုးထိတ်စွာနေထိုင်နေရမြဲရှိဟု အသိပေးသည်။

စစ်ကောင်စီ၏ ယာယီအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန်ချက်သည် စစ်ကောင်စီမှ လက်ရှိဘန်ကောက်တွင်ကျင်းပလျက် ရှိသည့် ၆ ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်ဘက်စုံပူးပေါင်းဆောင်ရွက်ရေး BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုခြင်းအား လက်ခံရန်အတွက် ကြိုးစားချဉ်းကပ်နေခြင်း ဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက်သာရှေးရှုနေခြင်းသာဖြစ်ပြီး နိုင်ငံတကာကို ခုတုံးသဖွယ်သတ်မှတ်ကာ လူသားဆန်ခြင်းမရှိ၊ နိုင်ငံရေးစိတ်ဆန္ဒမရှိကြောင်း နှင့် အပြောနှင့်အလုပ် လက်တွေ့မကိုက်ညီသည်ကိုထင်ရှားစွာသိနိုင်ကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီသည် KNU နယ်မြေသာမက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲဖြစ်နေသည့် ဗန်းမော်ကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည် ။ထို့ ပြင် အပစ်ရပ်ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီက ဝိုင်းမော်မြို့နယ်၊ စစ်ကိုင်းတိုင်း အင်းတော်ကြီးဒေသ၊ ကနီ၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ရှမ်းမြောက် နောင်ချိုမြို့နယ် တို့တွင် လေကြောင်း တိုက်ခိုက်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။