နိုင်ငံတကာ ကဘူးလ်က လူစည်ကားရာ ဗလီမှာ ဗုံးကွဲပြီး ၂၁ ဦးထက်မနည်း သေဆုံး မျက်မြင်တွေကတော့ ပေါက်ကွဲမှုဟာ ဗလီ အတွင်းပိုင်းမှာ ဖြစ်ခဲ့တာလို့ ယုံကြည်ရကြောင်း ပြောပါတယ်။ ကနဦး စုံစမ်းမှုတွေအရ ဒီပေါက်ကွဲမှုဟာ အသေခံ ဗုံးခွဲသမား တစ်ယောက်ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ တာလီဘန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ LuduNwayOoဩဂုတ် 18, 2022
နိုင်ငံတကာ မန်ယူကိုဝယ်မယ်ဆိုတာ နောက်ပြောင်တာသာဖြစ်တယ်လို့ အီလွန်မက်စ်ပြော နာရီပိုင်းအတွင်းတင်ထားခဲ့တဲ့ တွိအောက်မှာပဲ ဒါကဟာသတစ်ခုအဖြစ်သာဖြစ်ပြီး ဘယ်အားကစားအဖွဲ့ကိုမှ ဝယ်ဖို့မရှိဘူးလို့ ပြန်တွိထားတာပါ။ LuduNwayOoဩဂုတ် 17, 2022
နိုင်ငံတကာ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အခမဲ့ ဝေငှပေးတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတဲ့ စကော့တလန် အခု သီတင်းပတ်ကစလို့ ဓမ္မတာကိစ္စ လစဉ်သုံး ပစ္စည်းတွေ လိုအပ်တဲ့ အမျိုးသမီးတွေဟာ နီးစပ်ရာ ဆေးဆိုင်တွေ၊ လူမှုကယ်ဆယ်ရေး စင်တာတွေမှာ အခမဲ့ တောင်းယူနိုင်တော့မယ်လို့ အစိုးရက ကြေညာပါတယ်။ LuduNwayOoဩဂုတ် 17, 2022
နိုင်ငံတကာ ထိုင်ဝမ်တဝိုက်မှာ တရုတ် ဒုံးကျည်တွေ ပစ်ခတ်နေတာကို လွှတ်မထားဖို့ အမေရိကန် ရေတပ် ထိပ်တန်းအရာရှိပြော အမှတ် ၇ ရေတပ်မကြီးရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဒုတိယ သေနာပတိ ကားလ်သောမတ်စ်က ထိုင်ဝမ် လေပိုင်နက်နားမှာ တရုတ်က ဒုံးကျည်တွေ စိတ်တိုင်းကျ စမ်းသပ် ပစ်ခတ်နေတာကို လွှတ်ပေးထားရင် ရေရှည်မှာ ဒီအခြေအနေကြီးက ပုံမှန်လို ဖြစ်သွားလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ LuduNwayOoဩဂုတ် 16, 2022
နိုင်ငံတကာ အီဂျစ် ခရစ်ယာန် ဘုရားကျောင်း မီးလောင်မှုကြောင့် သေဆုံးသူ ၄၀ ကျော်ထိ များပြားလာ အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရ အနေနဲ့ ဖြစ်နိုင်သမျှ ကူညီထောက်ပံ့မှုအားလုံး ပေးပို့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ LuduNwayOoဩဂုတ် 15, 2022
နိုင်ငံတကာ အင်တာနက်မှာ လူသိများနေတဲ့ ဖျံကြီးကို လုံခြုံရေးအရ သတ်ပစ်ဖို့ စဉ်းစားနေကြောင်း နော်ဝေး အာဏာပိုင်တွေပြော နောက်ပြီး ဖျံကြီးတစ်ကောင်က သူတို့ရဲ့ ပုံမှန် သဘာဝ စားကျက်မြေကို စွန့်ခွာပြီး လူ့ပတ်ဝန်းကျင်မှာ အကြာကြီး လာနေထိုင်တယ် ဆိုတာမျိုးက ရှားပါးလွန်းတဲ့ အခြေအနေမျိုးလို့လည်း ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗီဂတ်ဒ်အွန် ဟက်တန်က မှတ်ချက် ပေးခဲ့ပါတယ်။ LuduNwayOoဩဂုတ် 14, 2022
နိုင်ငံတကာ ဒုံးခွင်းဒုံး စနစ်တွေ ဖြန့်ကျက်ဖို့ တရုတ်နဲ့ ညှိနှိုင်းနေမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားပြော ယွန်းဟာ အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ကို အလေးအနက် လိုလားသူဖြစ်ပြီး ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ကတည်းက သူသာ သမ္မတ ဖြစ်လာရင် မြောက်ကိုရီးယားကို တန်ပြန်ဖို့ နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်သွားမယ်လို့ ကတိပြုထားပါတယ်။ LuduNwayOoဩဂုတ် 14, 2022
နိုင်ငံတကာ မွန်တီနီဂရိုးမှာ မိသားစု ရန်ပွဲက အစပြုတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေ ဆီတင်ဂျီဟာ မွန်တီနီဂရိုးရဲ့ အရင် ဘုရင်အုပ်စိုးစဉ် ခေတ်တုန်းက တော်ဝင်မြို့တော် ဖြစ်ခဲ့ဖူးပြီး လက်ရှိ မြို့တော်သစ် ပေါ့ဒ်ဂိုရီကာနဲ့ ၂၂ မိုင်လောက်အကွာ တောင်ကြားဧရိယာ တစ်ခုမှာ တည်ရှိနေပါတယ်။ LuduNwayOoဩဂုတ် 13, 2022
နိုင်ငံတကာ ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ ရဲတွေက လှိုဏ်ခေါင်းတူးသူ အမျိုးသားဟာ ဘဏ်ဓားပြ ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်လို့ ယူဆထားပါတယ်။ လှိုဏ်ခေါင်း ပြိုကျပြီးပြီးချင်းမှာ အဖွဲ့သား ၂ ယောက်က ထွက်ပြေးသွားပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ကနဦး အမှုဖွင့်ထားပါတယ်။ LuduNwayOoဩဂုတ် 13, 2022
နိုင်ငံတကာ သီရိလင်္ကာက ထွက်ပြေးခဲ့တဲ့ သမ္မတဟောင်း ထိုင်းနိုင်ငံကို ရောက်ရှိလာ သီရိလင်္ကာမှာတော့ ပြည်သူတွေက ရာဂျာပက်ဆာနဲ့ တစ်ချိန်က နိုင်ငံရေးဩဇာ ကြီးမားခဲ့တဲ့ သူ့ရဲ့ မိသားစုဝင်တွေကို အခုထိ အခဲမကျေသေးပါဘူး။ ရာဂျာပက်ဆာရဲ့ အစ်ကိုဖြစ်သူ မာဟင်ဒါ ရာဂျာပက်ဆာကလည်း သီရိလင်္ကာရဲ့ သမ္မတဟောင်း တစ်ဦးပါပဲ။ LuduNwayOoဩဂုတ် 12, 2022