Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ခန်း ဖမ်းဆီးခံရတဲ့နောက် ပါကစ္စတန်မှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်

ခန်းဟာ ရာထူးက ဖယ်ရှားခံရပြီးတဲ့နောက် စွဲချက်တွေ ဒါဇင်နဲ့ချီ ရင်ဆိုင်နေရဆဲဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ကနေ တားမြစ်ခံရမယ့် အနေအထားမျိုး ရှိနေကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်း ခန်း ဖမ်းဆီးခံရတဲ့နောက် ပါကစ္စတန်မှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်
ဝန်ကြီးချုပ်ဟောင်း ခန်း ဖမ်းဆီးခံရတဲ့နောက် ပါကစ္စတန်မှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဖမ်းဆီးခံရတဲ့နောက် နိုင်ငံအနှံ့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူ့ကို အားပေး ထောက်ခံသူတွေကြား ပဋိပက္ခတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

မေ ၉ ရက်က ခန်းဟာ အစ္စလာမ်မာဘတ် မြို့တော်က တရားရုံးချုပ်ရှေ့မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံတွေနဲ့ အကာအကွယ်တွေ အပြည့်အစုံ ဝတ်ဆင်ထားပြီး နံပါတ်တုတ်တွေ ကိုင်ဆောင်ထားတဲ့ ရဲတွေ အများအပြားက ခန်းကို ဝန်းရံပြီး ကားတစ်စီးပေါ် ဆွဲတင်သွားတဲ့ ဗီဒီယိုတွေက လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေခဲ့ပါတယ်။

ခန်း ဖမ်းဆီးခံခဲ့ရတဲ့နောက် အစ္စလာမ်မာဘတ်အပြင် တခြားမြို့တွေမှာပါ ဆန္ဒပြမှုတွေ၊ ဆူပူ အုံကြွမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဆန္ဒပြသူတွေဟာ မြို့အလိုက် စစ်စခန်းတွေ၊ စစ်ဌာနချုပ်တွေရှေ့မှာ အဓိက စုရုံးခဲ့ကြပါတယ်။ ပါကစ္စတန် စစ်တပ်ဟာ နိုင်ငံရေးကဏ္ဍမှာ ဩဇာကြီးမားတဲ့ အင်အားစုတစ်ခုအဖြစ် ရှိနေပြီး ခန်းကို ဖမ်းဆီးမှုရဲ့ နောက်ကွယ်မှာ စစ်တပ်ရဲ့ စနက် မကင်းဘူးလို့ ဆန္ဒပြသူတွေက ယူဆထားတာကြောင့်ပါ။

ခန်းဟာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး သူကိုယ်တိုင်တော့ ဘာအမှားမှ ကျူးလွန်ထားခြင်း မရှိဘူးလို့ ပြောပါတယ်။ အဲဒီ စွဲချက်တွေကလည်း လက်ရှိ အစိုးရက သူ့ကို နိုင်ငံရေးအရ မသမာတဲ့ နည်းလမ်းတွေနဲ့ ထိုးနှက်တာသာ ဖြစ်တယ်လို့ ခန်းက တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ခန်းဟာ ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပြီး ပါကစ္စတန် နိုင်ငံသမိုင်းမှာ အယုံအကြည်မရှိအဆို မဲခွဲတင်သွင်းပြီး ရာထူးက ဖယ်ရှားခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်း ဝင်ခဲ့ဖူးပါတယ်။ သူဟာ ဝန်ကြီးချုပ် ရာထူးကို စွန့်လွှတ်ခဲ့ရပေမယ့် နိုင်ငံအနှံ့ ထောက်ခံတဲ့ အင်အားစု အများအပြား ပိုင်ဆိုင်ထားဆဲ ဖြစ်သလို လက်ရှိ အစိုးရနဲ့ စစ်တပ်အတွက် ဖိအားအပေးနိုင်ဆုံး အတိုက်အခံအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံလက်ရွေးစင် ခရစ်ကက် အားကစားသမားဟောင်း တစ်ဦးလည်း ဖြစ်တဲ့ အသက် ၇၀ အရွယ် ခန်းဟာ သူ့ကို အစိုးရနဲ့ စစ်တပ်က လုပ်ကြံဖို့တောင် အားထုတ်ခဲ့ကြောင်း ဝေဖန် စွပ်စွဲဖူးပါတယ်။

ခန်းကို ဖမ်းဆီးလိုက်တဲ့နောက် နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့သလို ခန်းရဲ့ ဘက်တော်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် အဓိကရုဏ်း အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ခန်းဟာ ရာထူးက ဖယ်ရှားခံရပြီးတဲ့နောက် စွဲချက်တွေ ဒါဇင်နဲ့ချီ ရင်ဆိုင်နေရဆဲဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ကနေ တားမြစ်ခံရမယ့် အနေအထားမျိုး ရှိနေကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ခန်းဟာ ၂၀၁၈ ခုနှစ်၊ ရွေးကောက်ပွဲ အနိုင်ရချိန်က ပါကစ္စတန် စစ်တပ်နဲ့ အတော်လေး နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဖက် တင်းမာမှုတွေ မြင့်တက်လာခဲ့သလို ခန်းကို လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုနဲ့ ဖယ်ရှားခဲ့တဲ့ ဖြစ်စဉ်မှာလည်း နောက်ကွယ်က စစ်တပ်ရဲ့ ပယောဂတွေ မကင်းကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။