နိုင်ငံတကာ အယူခံ ပယ်ချခံရတဲ့နောက် ထောင်ထဲ တန်းရောက်တော့မယ့် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ နာဂျစ်ဘ်အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၄၅ သန်းလောက် ပမာဏဟာ အပြောင်းအလဲ မရှိတော့ပါဘူး။ တရားရုံးချုပ် စီရင်ချက်အပြီး ဩဂုတ် ၂၂ ရက်မှာပဲ နာဂျစ်ဘ်ကို အကျဉ်းထောင်ဆီ ပို့ဆောင်သွားဖွယ် ရှိနေပါတယ်။ LuduNwayOoဩဂုတ် 23, 2022
နိုင်ငံတကာ ခန့်မှန်းချက် အမှားကြောင့် ဟန်ဂေရီ မိုးလေဝသ ပညာရှင်နှစ်ဦး အလုပ်ပြုတ် အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး လက်စ်ဇ်လို ပက်ကိုဗစ်က ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့ထဲမှာ မိုးလေဝသ ဌာန အကြီးအကဲ ကိုယ်တိုင် ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ LuduNwayOoဩဂုတ် 23, 2022
နိုင်ငံတကာ ဆိုမာလီယာ ဟိုတယ် စီးနင်းခံရမှုပြီးဆုံးကြောင်း အတည်ပြု၊ လူ ၂၀ ကျော် သေဆုံး ဒီစစ်ဆင်ရေး အတောအတွင်းမှာ အခက်အခဲတွေ၊ နှောင့်နှေးမှုတွေ အများကြီး ကြုံခဲ့ပြီး နာရီပေါင်း ၃၀ လောက် ကြာမြင့်ပြီးတဲ့အခါ အကြမ်းဖက်သမား အားလုံးကို ဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ကြောင်း ဆိုမာလီယာ လုံခြုံရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။ LuduNwayOoဩဂုတ် 22, 2022
နိုင်ငံတကာ အိန္ဒိယမှာ ကလေး ၈၀ ကျော် ခရမ်းချဉ်သီးတုပ်ကွေး ရောဂါသစ် ကူးစက်ခံရ ကလေးတွေက အနီကွက်တွေ၊ အနာဖုတွေကို လက်သည်းတွေနဲ့ ကုတ်တာ၊ ဆိတ်တာမျိုး မလုပ်မိဖို့လိုပြီး အဲဒီကျရင် ရောဂါ လက္ခဏာတွေက ပိုပြင်းထန်သွားနိုင်တယ်လို့လည်း သိရပါတယ်။ LuduNwayOoဩဂုတ် 21, 2022
နိုင်ငံတကာ စစ်သားတွေကို ယူကရိန်းက အဆိပ်ခတ်ပြီး ဓာတု အကြမ်းဖက်မှု ကျူးလွန်တယ်လို့ ရုရှားစွပ်စွဲ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ရုရှားစစ်သား တော်တော်များများဟာ အပြင်းအထန် အဆိပ်သင့်တဲ့ လက္ခဏာတွေ ခံစားရပြီး စစ်ဆေးရုံ တစ်ခုကို ရောက်ရှိလာကြတယ်လို့ သိရပါတယ်။ ဆေးစစ်ကြည့်တဲ့ အခါမှာလည်း စစ်သားတွေရဲ့ သွေးထဲမှာ Botulinum toxin type Bဆိုတဲ့ အဆိပ်အတောက် ဓာတ်တစ်မျိုး... LuduNwayOoဩဂုတ် 21, 2022
နိုင်ငံတကာ လေယာဉ်မှူး နှစ်ယောက်လုံး အိပ်ပျော်နေလို့ ခရီးသည်တင် လေယာဉ်က လေဆိပ်ကို ကျော်သွား လေဆိပ်နား ချဉ်းကပ်လာချိန်မှာ လေယာဉ်ဟာ တဖြည်းဖြည်းချင်း နိမ့်ဆင်းလာရမယ့်အစား မူလ အမြင့်ပေအတိုင်း ဆက်ပျံသွားတော့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်က ဒီကိစ္စ မူမမှန်မှန်း သတိထားမိသွားပါတယ်။ LuduNwayOoဩဂုတ် 20, 2022
နိုင်ငံတကာ ပါတီမှာ ကခုန်နေတဲ့ ဗီဒီယို ပေါက်ကြားခဲ့လို့ ဖင်လန် ဝန်ကြီးချုပ် စိတ်ပျက်၊ မူးယစ်ဆေး မသုံးကြောင်းဖြေရှင်း ပါတီမှာ မူးယစ်ဆေး သုံးစွဲပြီး အပြတ်ကဲခဲ့တာ ဖြစ်နိုင်ကြောင်း စွပ်စွဲမှုတွေကို ဖြေရှင်းတဲ့ အနေနဲ့ သူကိုယ်တိုင် ဆေးစစ်မှု ခံယူထားတယ်လို့ ဖင်လန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ LuduNwayOoဩဂုတ် 20, 2022
နိုင်ငံတကာ ယူကရိန်း နျူကလီးယား ဓာတ်အားပေး စက်ရုံက တပ်တွေ ရုပ်သိမ်းပေးမှာ မဟုတ်ကြောင်း ရုရှားပြော ယူကရိန်း အစိုးရကတော့ စက်ရုံပတ်ဝန်းကျင်မှာ စစ်ရေးအရ လှုပ်ရှားမှုတွေ မရှိတာ သေချာအောင် ကြားဝင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆီ တိုက်တွန်း အဆိုပြုထားပါတယ်။ ဂူတာရက်စ်က ဇာပေါ်ရစ်ဇီရာ စက်ရုံဟာ စစ်ရေး လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု လုံးဝ ဖြစ်မနေသင့်ဘူးလို့ ပြောပါတယ်။ LuduNwayOoဩဂုတ် 19, 2022
နိုင်ငံတကာ ဥရောပ တောင်ပိုင်း နိုင်ငံတချို့မှာ မုန်တိုင်းတွေ တိုက်ခတ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး ကော်ဆီကာ ကျွန်းပေါ်မှာ အပျော်တမ်း ခရီးထွက်သူတွေ ထိုးထားတဲ့ ရွက်ဖျင်တဲတွေ လေပြင်းနဲ့အတူ လွင့်ပါကုန်ပြီး အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာလည်း ရှေးလက်ရာ အမွေအနှစ်တချို့ ထိခိုက် ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။ မုန်တိုင်းတွေနဲ့အတူ တချို့နေရာတွေမှာလည်း မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီးခဲ့ပါတယ်။ LuduNwayOoဩဂုတ် 19, 2022
နိုင်ငံတကာ နယူးဇီလန်မှာ စွန့်ပစ် အဝတ်သေတ္တာဟောင်းတွေ လေလံဆွဲ ဝယ်ယူရာက ကလေးအလောင်းတွေ ပါလာ အုက္ကလန်မှာ နေထိုင်တဲ့ မိသားစုဟာ စွန့်ပစ် ပစ္စည်း အတိုအစတွေကို အွန်လိုင်းကနေ လေလံတင် ရောင်းချတဲ့ ဝက်ဘ်ဆိုက် တစ်ခုကနေ လက်ဆွဲ အဝတ်သေတ္တာ နှစ်လုံးကို လေလံဆွဲ မှာယူလိုက်ပါတယ်။ အိမ်ရောက်လာလို့ ဖွင့်ကြည့်တဲ့ အခါကျမှ ထိတ်လန့်စရာ အပိုပစ္စည်းတွေ ပါလာတာကို တွေ့ခဲ့ရတာပါ။ LuduNwayOoဩဂုတ် 18, 2022