Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ ရုရှားက အရေးပေါ် ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်

မယ်လီတိုပိုရဲ့ ယူကရိန်း မြို့တော်ဝန် အိုင်ဗန် ဖီဒိုရော့ဗ်က အရေးပေါ် ညွှန်ကြားချက်ကြောင့် အနီးတဝိုက်က ဒေသခံတွေရဲ့ ကားတွေ ထောင်နဲ့ချီ စုဝေး ထွက်ခွာကုန်ကြပြီး ကားတန်းကြီးက ၅ နာရီလောက် ကြာအောင် ပိတ်မိနေခဲ့တယ်လို့ ပြောပါတယ်။

နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ ရုရှားက အရေးပေါ် ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်
နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ ရုရှားက အရေးပေါ် ရွှေ့ပြောင်းခိုင်းမှုတွေကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်

နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး တစ်ခုနားက မြို့တစ်မြို့မှာ အရေးပေါ် ရွှေ့ပြောင်းဖို့ ရုရှား အာဏာပိုင်တွေက ညွှန်ကြားခဲ့တာကြောင့် မြို့ခံတွေ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ရုရှား စစ်တပ်တွေ ထိန်းချုပ်ထားရာ ဇာပေါ်ရစ်ဇီရာ ဒေသက မယ်လီတိုပိုမြို့နဲ့ အနီးတဝိုက်က ရပ်ကွက် ၁၈ ခုလောက်ကို အရေးပေါ် ရွှေ့ပြောင်းဖို့ ညွှန်ကြားချက်တွေ ရောက်လာတာလို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်းရဲ့ ဇာပေါ်ရစ်ဇီရာ ပြည်နယ်ဟာ ဥရောပတိုက်မှာ အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး တည်ရှိတဲ့ နေရာပါ။ အဲဒီ စက်ရုံကိုလည်း ရုရှားက ထိန်းချုပ်ထားပါတယ်။

မယ်လီတိုပိုရဲ့ ယူကရိန်း မြို့တော်ဝန် အိုင်ဗန် ဖီဒိုရော့ဗ်က အရေးပေါ် ညွှန်ကြားချက်ကြောင့် အနီးတဝိုက်က ဒေသခံတွေရဲ့ ကားတွေ ထောင်နဲ့ချီ စုဝေး ထွက်ခွာကုန်ကြပြီး ကားတန်းကြီးက ၅ နာရီလောက် ကြာအောင် ပိတ်မိနေခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေး အရာရှိတွေကလည်း ဒေသတွင်း တိုက်ပွဲတွေကြောင့် ဇာပေါ်ရစ်ဇီယာမှာ ဆိုးရွားတဲ့ ရေဒီယို သတ္တိကြွ ယိုစိမ့်မှု ပြဿနာ တစ်ခုခု ကြုံလာနိုင်တာမျိုး ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။ ယူကရိန်းဟာ ရုရှားကို အင်အား အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်တစ်ရပ် ဆင်နွှဲတော့မယ်လို့ ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာ ရုရှားက အခုလို ဒေသခံတွေကို ရွှေ့ပြောင်းမိန့် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက ဇာပေါ်ရစ်ဇီယာမှာ အရေးပေါ် ရွှေ့ပြောင်းမိန့်တွေ ထုတ်ပြန်ခဲ့တာကြောင့် အဲဒီနား တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ အလားအလာမျိုးလို့ ယူဆရကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။ ဓာတ်အားပေး စက်ရုံကြီးကနေ လောလောဆယ် လျှပ်စစ်ဓာတ်အား မထုတ်လုပ်နိုင်ပေမယ့် ဓာတ်ပေါင်းဖိုတွေမှာတော့ အန္တရာယ်ရှိတဲ့ ရေဒီယို သတ္တိကြွ ပစ္စည်းတွေ အများအပြား သိုလှောင်ထားဆဲ ဖြစ်ပါတယ်။

ရုရှားကတော့ အရေးပေါ် ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းရင်း တိတိကျကျ မပေးခဲ့ပါဘူး။ ယူကရိန်း စစ်တပ်ဟာ ရုရှားကို တန်ပြန်ထိုးစစ်တစ်ရပ် ဆင်နွှဲဖို့ လူသူလက်နက်အင်အား စုရုံးပြီး အချိန်အခါကောင်း စောင့်နေတယ်ဆိုတဲ့ ခန့်မှန်း သတင်းတွေ လပေါင်း အတော်ကြာအောင် ပျံ့နှံ့နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။