Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နန်းတက်ပွဲ ကျင်းပပြီး ဗြိတိန်ရဲ့ ထီးဆောင်းမင်း အရိုက်အရာကို ချားလ်စ်ဘုရင် ခံယူ

နန်းတက်ပွဲ အပြီးမှာတော့ ချားလ်စ်ဘုရင်နဲ့ မိဖုရား ကယ်မီလာတို့ဟာ ဘက်ကင်ဟမ် နန်းတော်ရဲ့ လေသာဆောင်မှာ ရပ်ရင်း လာရောက် ဂုဏ်ပြု ဆုမွန်ကောင်း တောင်းပေးသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။

နန်းတက်ပွဲ ကျင်းပပြီး ဗြိတိန်ရဲ့ ထီးဆောင်းမင်း အရိုက်အရာကို ချားလ်စ်ဘုရင် ခံယူ
နန်းတက်ပွဲ ကျင်းပပြီး ဗြိတိန်ရဲ့ ထီးဆောင်းမင်း အရိုက်အရာကို ချားလ်စ်ဘုရင် ခံယူ

ချားလ်စ်ဘုရင်ဟာ ဗြိတိန်ရဲ့ ထီးဆောင်းမင်းအဖြစ် မေလ ၆ ရက်မှာ အခမ်းအနားနဲ့ ခံယူခဲ့ပါတယ်။

လန်ဒန်က ဝက်စ်မင်စတာ ဘုရားကျောင်းကြီးမှာ ချားစ်ဟာ ဗြိတိန် နန်းဆက် ဘုရင်တွေရဲ့ အဆောင်အယောင်ဖြစ်တဲ့ စိန့်အက်ဒွပ် သရဖူကြီးကို နန်းတက်ပွဲ အခမ်းအနားမှာ တရားဝင် လက်ခံယူ ဆင်မြန်းခဲ့ပါတယ်။ အထူး ဖိတ်ကြားထားတဲ့ ဧည့်သည်တော် ၂၀၀၀ လောက်က သရဖူ ဆောင်းလိုက်တဲ့ ချားလ်စ်ကို တညီတညွတ်တည်း ကောင်းချီးပေး ဆုတောင်းခဲ့ကြပါတယ်။

၁၉၅၃ ခုနှစ်နောက်ပိုင်း ဗြိတိန်မှာ ပထမဆုံး တွေ့မြင်ရတဲ့ နန်းတက်ပွဲကို ကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ၊ တခြား နိုင်ငံတွေက တော်ဝင် မိသားစုဝင်တွေ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ နန်းတက်ပွဲ ကျင်းပတဲ့ နေရာ အပြင်ဖက်မှာတော့ ထောင်သောင်းချီတဲ့ ပြည်သူတွေ၊ ပရိသတ်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စုဝေးနေခဲ့ကြပါတယ်။

ပြီးတော့ ဘုရင်စနစ်ကို ဆန့်ကျင်သူ တချို့ကလည်း နန်းတက်ပွဲ ကျင်းပနေချိန် လန်ဒန်မှာ စုဝေး ဆန္ဒပြတာမျိုးတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နန်းတက်ပွဲ အပြီးမှာတော့ ချားလ်စ်ဘုရင်နဲ့ မိဖုရား ကယ်မီလာတို့ဟာ ဘက်ကင်ဟမ် နန်းတော်ရဲ့ လေသာဆောင်မှာ ရပ်ရင်း လာရောက် ဂုဏ်ပြု ဆုမွန်ကောင်း တောင်းပေးသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။

နန်းတက်ပွဲ ကျင်းပချိန်မှာ ရာသီဥတုက ကြည်ကြည်လင်လင် မရှိခဲ့ဘဲ မိုးရွာနေခဲ့တဲ့တိုင် တော်ဝင်မိသားစုကို ချစ်ကြည်ညိုသူ ထောင်နဲ့ချီပြီး နန်းတက်ပွဲ ကျင်းပမယ့် နေရာတဝိုက်မှာ ရွက်ဖျင်တဲတွေ ထိုးပြီး ညအိပ် စောင့်ဆိုင်းခဲ့ကြပါတယ်။

တော်ဝင်မိသားစုရဲ့ ဝန်ထမ်းတွေနဲ့ ဘက်ကင်ဟမ် နန်းတော် တာဝန်ရှိသူတွေဟာ အခု နန်းတက်ပွဲအတွက် လပေါင်းများစွာ ကြိုတင် ပြင်ဆင်ထားခဲ့ရတာပါ။

အသက် ၇၄ နှစ်အရွယ် ချားလ်စ်ဟာ မိခင်ဖြစ်သူ အဲလိဇဘက်သ် ဘုရင်မကြီး ကွယ်လွန်ခဲ့တဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့ပေမယ့် အခုမှသာ တရားဝင် နန်းတက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို အလုံးအရင်း မြှင့်တင်နိုင်ဖို့ ကြိုးစားနေကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးမှာ ကြွက်နှိမ်နင်းရေး အရာရှိချုပ်လို့ ချစ်စနိုး တင်စားခံခဲ့ရဖူးတဲ့ ကြောင်လေး ပယ်လ်မာစထရွမ် သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထရမ့်လက်ထက်မှာ အမေရိကန်ဟာ အစဉ်အလာ မဟာမိတ် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို လျှော့ချလာတဲ့နောက် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ အပါအဝင် အနောက်နိုင်ငံ ခေါင်းဆောင်တချို့ဟာ တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ မွေးကင်းစ ကလေးတွေအတွက် နို့မှုန့်အမျိုးအစား တစ်ခုမှာ အဆိပ်အတောက် ပစ္စည်းတွေ ထောက်လှမ်း တွေ့ရှိတဲ့နောက် အရေးပေါ် ပြန်လည် သိမ်းဆည်းနေရကြောင်း သိရပါတယ်။

Facebook