နိုင်ငံတကာ အီရန် တော်လှန်ရေး အစောင့်တပ် ထိပ်တန်း အရာရှိတစ်ယောက် နေအိမ်ရှေ့မှာ လုပ်ကြံခံရ အီရန်မှာ ထုတ်လုပ်တဲ့ Kia Pride အမျိုးအစား ကားလေးထဲမှာ ခိုဒေအီ ရှိနေတဲ့အချိန် ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်သွားခဲ့တာပါ။ ခိုဒေအီဟာ တော်လှန်ရေး အစောင့်တပ်ရဲ့ ထိပ်တန်း အထူးတပ်ဖွဲ့ဖြစ်တဲ့ ကွက်ဒ်စ်မှာ ပါဝင်သူ တစ်ဦးလို့လည်း ဆိုပါတယ်။ LuduNwayOoမေ 23, 2022
နိုင်ငံတကာ ဖိလစ်ပိုင်မှာ ကူးတို့ရေယာဉ် နစ်မြုပ်မှုကြောင့် လူ ၇ ဦး သေဆုံး နှစ်ထပ် ကူးတို့ယာဉ်ပေါ်မှာ လောင်ကျွမ်းတဲ့ မီးက အတော်လေး အားကောင်းခဲ့ပြီး မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာ တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေဟာ ရေယာဉ် အနီးတဝိုက်မှာ အသက်ကယ် အင်္ကျီတွေ ဝတ်ပြီး ခုန်ချသွားတဲ့ ခရီးသည်တွေကိုလည်း လိုက်လံ ကယ်ဆယ်ခဲ့ရပါတယ်။ LuduNwayOoမေ 23, 2022
နိုင်ငံတကာ ဩစတြေးလျ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် အန်သိုနီ အယ်လ်ဘန်နီစ် အယ်လ်ဘန်နီစ်က အဲဒီ မဲရလဒ်တွေဟာ အပြောင်းအလဲအတွက် ဆန္ဒပြုခြင်းတွေ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ကျန် မဲဆန္ဒနယ်တချို့ ကျန်နေသေးချိန်မှာ သူဟာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရမရ ဆိုတာကို ယတိပြတ်တော့ မပြောနိုင်သေးပါဘူး။ LuduNwayOoမေ 22, 2022
နိုင်ငံတကာ ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ကို ဖျက်ဆီးဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်တွေကို အမေရိကန် ငြင်းဆို ပင်လယ်နက်ထဲမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ ရုရှားရေတပ်မှာ ရေငုပ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၂၀ လောက် ရှိမယ်လို့ ဗြိတိန် စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။ LuduNwayOoမေ 21, 2022
နိုင်ငံတကာ လောင်စာဆီ ပြတ်လပ်မှုကြောင့် သီရိလင်္ကာမှာ ကျောင်းတွေ၊ ရုံးတွေပါ ပိတ်ထားရ ပြည်နယ် အစိုးရ အသီးသီးနဲ့ ဗဟိုအစိုးရတွေက မေ ၂၀ ကစလို့ ကျောင်းတွေကို ယာယီ ပိတ်ထားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ သီရိလင်္ကာမှာ အခုဆိုရင် ဓာတ်ဆီက ဘယ်မှာမှ ရှာလို့ မရသလောက်နီးပါး ဖြစ်သွားသလို ဒီဇယ်နဲ့ တခြားလောင်စာဆီတွေလည်း အရမ်း နည်းပါးနေပါပြီ။ LuduNwayOoမေ 21, 2022
နိုင်ငံတကာ ယူကရိန်းမှာ ရလဒ်ဆိုးခဲ့တဲ့ ရုရှား စစ်ဦးစီးတွေ ရာထူးက ထုတ်ပယ်ခံနေရ ရုရှားရဲ့ တပ်ပေါင်းစု ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်ရဲ့ ရာထူးနဲ့ ပတ်သက်လို့ ကောလာဟလတချို့ ထွက်ပေါ်နေပေမယ့် သူ့ရဲ့ မူလရာထူးမှာ ဆက်ရှိမရှိ ဆိုတာကို ဗြိတိန် ထောက်လှမ်းရေးက အတည်မပြုနိုင်ပါဘူး။ LuduNwayOoမေ 20, 2022
နိုင်ငံတကာ ဂျင်းပြုတ်ရည်တွေ၊ တိုင်းရင်းဆေးတွေ အားကိုးပြီး ကပ်ရောဂါကို ခုခံနေရတဲ့ မြောက်ကိုရီးယား ပြည်သူတွေ ပညာရှင်တွေကတော့ ပူနွေးတဲ့ အရည်တွေ များများ သောက်တာက ကိုဗစ်ရောဂါကို အမှန်တကယ် မသက်သာစေပေမယ့် ကိုဗစ်ကြောင့် ဖြစ်ပွားတဲ့ လက္ခဏာ တချို့ကိုတော့ လျော့ပါးသွားစေကြောင်း၊ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးမှုကို သာမန်ထက် မြန်ဆန်သွားစေကြောင်း သတိပေးထားပါတယ်။ LuduNwayOoမေ 20, 2022
နိုင်ငံတကာ ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာ အရာရှိတွေကို ကင်မ်ဂျုံအန်း အပြစ်ဖို့ မြောက်ကိုရီးယားဟာ အခုလ အစောပိုင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းလောက် အကြာမှာပဲ ပြည်တွင်း ကူးစက်လူနာ အရေအတွက်က သန်းနဲ့ချီ များပြားလာကြောင်း အစိုးရ တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။ LuduNwayOoမေ 19, 2022
နိုင်ငံတကာ အနောက်နိုင်ငံတွေက သံအရာရှိတွေကို ရုရှား နှင်ထုတ် ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက် ဆက်ဆံရေး အအေးခဲ အတင်းမာဆုံး ဖြစ်နေခဲ့ပါတယ်။ LuduNwayOoမေ 19, 2022
နိုင်ငံတကာ ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း အမေရိကန်လေတပ် ကြေညာ အမေရိကန် လေတပ်ရဲ့ လက်နက် နည်းပညာ မြှင့်တင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဟိသ်ကောလင်းစ်က အခု ဒုံးကျည် စမ်းသပ်မှု ရလဒ်ဟာ အမေရိကန် လေတပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ LuduNwayOoမေ 17, 2022