Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်းတာတွေက ဖက်ရှင်လို ပြန်ဖြစ်လာတယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော

ဂူတာရက်စ်က ရုရှားရဲ့ ကျူးကျော်စစ်ကို လူ့အခွင့်အရေး ကပ်ဘေးတစ်ခုလို့ ခိုင်းနှိုင်း သုံးနှုန်းခဲ့ပြီး လက်ရှိ မျိုးဆက်က ကလေးတွေကို စိတ်ထိခိုက် နာကျင်စေရုံ မကဘဲ ကမ္ဘာအနှံ့မှာ စားနပ်ရိက္ခာနဲ့ တခြား အရင်းအမြစ် ပြတ်လပ်မှုတွေကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းတာတွေက ဖက်ရှင်လို ပြန်ဖြစ်လာတယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော
အာဏာသိမ်းတာတွေက ဖက်ရှင်လို ပြန်ဖြစ်လာတယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော

အာဏာသိမ်းမှုတွေဟာ ဖက်ရှင်တစ်ခုလို တကျော့ပြန် ခေတ်စားလာပြီး ကမ္ဘာအနှံ့မှာ တရားဥပဒေ စိုးမိုးရေးကနေ မတရားမှုတွေ စိုးမိုးရေး ပုံစံမျိုး ပြောင်းလဲလာနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောကြားသွားပါတယ်။

မတရားမှုတွေ စိုးမိုးတာဟာ အခုဆိုရင် ကမ္ဘာ့ဒေသ အသီးသီးမှာ နေရာယူနေပြီလို့လည်း အန်တိုနီယို ဂူတာရက်ဇ်က ဆိုပါတယ်။ ရွာသိမ် ဇနပုဒ်လေးကစလို့ နိုင်ငံတကာ အတိုင်းအတာထိမှာ ဥပဒေ စိုးမိုးမှု ဆိုတာက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးအတွက် အဓိက ထောက်တိုင် ဖြစ်နေကြောင်း၊ လက်ရှိ အချိန် နိုင်ငံတာ အခြေအနေတွေကို ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံး တရားဥပဒေ စိုးမိုးဖို့ဆိုတဲ့ ပန်းတိုင်က ဝေးကွာနေပြီး မတရားမှုတွေ စိုးမိုးလာမယ့် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေကိုသာ ကြုံတွေ့နေရကြောင်း ဂူတာရက်စ်က ဆိုပါတယ်။

ဂူတာရက်စ်က ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ပွဲနဲ့ ပတ်သက်လို့လည်း တချို့နိုင်ငံတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ သက်သေ အထောက်အထား တစ်ခုလို့ သုံးသပ်ခဲ့ပါတယ်။ ၁၁ လ ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကြောင့် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်မှာ အကြီးမားဆုံး လူသားရေးရာ အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဂူတာရက်စ်က ရုရှားရဲ့ ကျူးကျော်စစ်ကို လူ့အခွင့်အရေး ကပ်ဘေးတစ်ခုလို့ ခိုင်းနှိုင်း သုံးနှုန်းခဲ့ပြီး လက်ရှိ မျိုးဆက်က ကလေးတွေကို စိတ်ထိခိုက် နာကျင်စေရုံ မကဘဲ ကမ္ဘာအနှံ့မှာ စားနပ်ရိက္ခာနဲ့ တခြား အရင်းအမြစ် ပြတ်လပ်မှုတွေကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ဂူတာရက်စ်က အာဖရိက နိုင်ငံတချို့နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုတွေကိုလည်း ရှုတ်ချခဲ့ပြီး နိုင်လိုမင်းထက် အာဏာသိမ်းမှုတွေဟာ ဖက်ရှင်တစ်ခုလို ဖြစ်လာတယ်လို့ ဝေဖန်သွားပါတယ်။ အခြေခံ ဥပဒေအရ မဟုတ်တဲ့ အစိုးရ အပြောင်းအလဲတွေ၊ တစ်နည်းအားဖြင့် အာဏာသိမ်းမှုတွေဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် ဖက်ရှင်လို ပြန်ဖြစ်လာတယ်လို့ ဂူတာရက်ဇ်က ပြောပါတယ်။

ပြီးတော့ တာလီဘန်တွေက အာဖဂန်နစ္စတန် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို ချိုးနှိမ်နေတာ၊ မြောက်ကိုရီးယားက နိုင်ငံတကာ ဥပဒေတွေကို အစဉ်တစိုက် ချီုးဖောက်နေတာတွေကိုလည်း သူက ရှုတ်ချသွားပါတယ်။

နောက်ပြီး ကုလသမဂ္ဂ အကြီးအကဲက အဖွဲ့ဝင် ၁၉၃ နိုင်ငံ အနေနဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ရေးဆွဲ သတ်မှတ်ခဲ့တဲ့ ကုလသမဂ္ဂ ချာတာ မူဝါဒတွေရဲ့ အတွေးအမြင်နဲ့ စံတန်ဖိုးတွေကို မပျက်မကွက် ထိန်းသိမ်းပြီး လေးလေးစားစား ကျင့်သုံးကြဖို့လည်း တိုက်တွန်း တောင်းဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။