Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင်တွေ စာရင်းကို အာရှနိုင်ငံတွေ ဦးဆောင်

အမေရိကန်ကတော့ နယူးဇီလန်နဲ့ ဥရောပ နိုင်ငံတချို့ဖြစ်တဲ့ ဘယ်လ်ဂျီယမ်၊ ချက်၊ နော်ဝေး၊ ဆွစ်ဇာလန်တို့နဲ့အတူ ဗီဇာကင်းလွတ်ခွင့် ၁၈၆ နိုင်ငံစာ ပတ်စ်ပို့တ်မျိုး ပိုင်ဆိုင်ထားပြီး အဆင့် ၇ နေရာမှာ ရှိနေပါတယ်။

ကမ္ဘာ့ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင်တွေ စာရင်းကို အာရှနိုင်ငံတွေ ဦးဆောင်
ကမ္ဘာ့ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင်တွေ စာရင်းကို အာရှနိုင်ငံတွေ ဦးဆောင်

ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပတ်စ်ပို့တ် (နိုင်ငံကူးစာအုပ်)တွေ စာရင်းမှာ အာရှနိုင်ငံတွေက ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

ပတ်စ်ပို့တ် တစ်ခုရဲ့ ဩဇာကြီးမားမှု ဆိုတာက ဆိုက်ရောက်ရာ နိုင်ငံအလိုက် ဗီဇာ ကင်းလွတ်ခွင့် ရရှိတာကို တိုင်းတာ သတ်မှတ်တာ ဖြစ်ပါတယ်။ ၂၀၂၃ နှစ်ဆန်းပိုင်းအထိ အခြေအနေတွေအရ ဂျပန် ပတ်စ်ပို့တ်ဟာ ဩဇာ အကြီးဆုံး ထိပ်ဆုံး နေရာမှာ ရှိနေပြီး တခြား အာရှ နိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ရဲ့ ပတ်စ်ပို့တ်တွေက ပူးတွဲ ဒုတိယ နေရာကို ရောက်နေကြောင်း Henley Passport Inex အညွှန်းအရ သိရပါတယ်။

လက်ရှိ အချိန်မှာ ဂျပန်ပတ်စ်ပို့တ် ကိုင်ဆောင်သူဟာ နိုင်ငံပေါင်း ၁၉၃ ခုကို ဗီဇာကင်းလွတ်ပြီး သွားလာလို့ ရပါတယ်။ Henleyရဲ့ စာရင်းတွေမှာ ကမ္ဘာ့နိုင်ငံပေါင်း ၂၂၇ ခုရဲ့ ဗီဇာ လိုအပ်ချက်တွေကို စုစည်းထားပြီး အဲဒီထဲက ၁၉၃ ခုဟာ ဂျပန်ပတ်စ်ပို့တ်ကိုင်ပြီး ဗီဇာမလိုဘဲ ခရီးသွားလို့ ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံ အားလုံးရဲ့ ၈၅ ရာခိုင်နှုန်းစာလောက်နဲ့ ညီမျှတဲ့ ပမာဏလို့လည်း Henleyက မှတ်ချက် ပေးထားပါတယ်။

မနှစ်တုန်းက ဂျပန်နဲ့အတူ ပူးတွဲ အဆင့် ၁ အဖြစ် ရပ်တည်ခဲ့တဲ့ စင်ကာပူ ပတ်စ်ပို့တ်ကတော့ ဗီဇာကင်းလွတ်ခွင့်ရတဲ့ နိုင်ငံပေါင်း ၁၉၂ ခုထိ ရှိနေပြီး အခုနှစ်မှာ တောင်ကိုရီးယားနဲ့အတူ ပူးတွဲ ဒုတိယ ဖြစ်နေပါတယ်။ တတိယ နေရာမှာတော့ ဂျာမနီနဲ့ စပိန်တို့ရဲ့ ပတ်စ်ပို့တ်တွေက ဗီဇာကင်းလွတ် နိုင်ငံ အရေအတွက် ၁၉၀ စီနဲ့ ပူးတွဲ ရပ်တည်နေပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဖင်လန်၊ အီတလီနဲ့ လူဇင်းဘတ်ဂ် နိုင်ငံတွေရဲ့ ပတ်စ်ပို့တ်တွေက စုစုပေါင်း ဗီဇာကင်းလွတ်ခွင့်ရတဲ့ နိုင်ငံပေါင်း ၁၈၉ ခုနဲ့ ပူးတွဲ စတုတ္ထ၊ ဩစတြီးယား၊ ဒိန်းမတ်၊ နယ်သာလန်နဲ့ ဆွီဒင်တို့ရဲ့ ပတ်စ်ပို့တ်တွေက ဗီဇာကင်းလွတ်ခွင့်ရ ၁၈၈ နိုင်ငံနဲ့ ပဉ္စမ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

အမေရိကန်ကတော့ နယူးဇီလန်နဲ့ ဥရောပ နိုင်ငံတချို့ဖြစ်တဲ့ ဘယ်လ်ဂျီယမ်၊ ချက်၊ နော်ဝေး၊ ဆွစ်ဇာလန်တို့နဲ့အတူ ဗီဇာကင်းလွတ်ခွင့် ၁၈၆ နိုင်ငံစာ ပတ်စ်ပို့တ်မျိုး ပိုင်ဆိုင်ထားပြီး အဆင့် ၇ နေရာမှာ ရှိနေပါတယ်။

လေ့လာသူတွေကတော့ ကူဝိတ်နဲ့ ကာတာတို့လို ပင်လယ်ကွေ့ နိုင်ငံတွေဟာ ဥရောပ သမဂ္ဂနဲ့ ဗီဇာကင်းလွတ်မှု သဘောတူညီချက် ရရှိသွားပြီ ဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေရဲ့ ပတ်စ်ပို့တွေဟာ လာမယ့် နှစ်ပိုင်းတွေအတွင်း အရှိန်အဝါ ပိုကြီးမားလာမယ်လို့ သုံးသပ်ကြပါတယ်။

ကမ္ဘာပေါ်မှာ ဩဇာသက်ရောက်မှု အားအနည်းဆုံး ပတ်စ်ပို့တ်ပိုင်ရှင် နိုင်ငံကတော့ အာဖဂန် နစ္စတန်ဖြစ်ပြီး သူတို့ရဲ့ ပတ်စ်ပို့တ်ဟာ နိုင်ငံပေါင်း ၂၇ ခုမှာပဲ ဗီဇာကင်းလွတ်ခွင့် ရနိုင်ပါတယ်။ တခြား အခြေအနေဆိုးတဲ့ ပတ်စ်ပို့တ် ပိုင်ရှင်တွေကတော့ ပါကစ္စတန်၊ ဆိုမာလီယာ၊ နီပေါ၊ ပါလက်စတိုင်းနဲ့ မြောက်ကိုရီးယားတို့ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယမှာ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အာရှနိုင်ငံ တချို့ဟာ လေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးမှုတွေ လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ အမေရိကန် ပတ်စ်ပို့တ်ဟာ ထိပ်တန်း ၁၀ နေရာ အပြင်ဖက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကြုံတွေ့လာတာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ စင်ကာပူ ပတ်စ်ပို့တ်က ထိပ်ဆုံးကနေ ဆက်လက် ဦးဆောင်နေပါတယ်။

သတင်း

သူတို့ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေအရ တရားမဝင် ခိုးဝင်မှု၊ တံဆိပ်တုံး အတုပြုလုပ်မှုတွေနဲ့ စွဲချက်တင်ဖို့ စီစဉ်နေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။