Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ

Ukroboronprom State Concern စက်မှု လုပ်ငန်းစုကြီးက အဲဒီ ဒရုန်းအသစ်ရဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန် ပြသခဲ့ပါတယ်။ အဲဒီ ဒရုန်းကို လက်တွေ့ ပျံသန်းမှုတွေ စမ်းသပ် လုပ်ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။

ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ
ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ

ကီလိုမီတာ ၁၀၀၀ ကျော်လောက် အကွာက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ပြည်တွင်းဖြစ် ဒရုန်း အမျိုးအစားသစ်ကို လက်တွေ့ စမ်းသပ်ထားပြီးပြီလို့ ယူကရိန်း ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ တစ်ခုက ကြေညာပါတယ်။

Ukroboronprom State Concern စက်မှု လုပ်ငန်းစုကြီးက အဲဒီ ဒရုန်းအသစ်ရဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန် ပြသခဲ့ပါတယ်။ အဲဒီ ဒရုန်းကို လက်တွေ့ ပျံသန်းမှုတွေ စမ်းသပ် လုပ်ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။

ဒရုန်းဟာ ကီလိုမီတာ ၁၀၀၀ ကျော်ထိ ပျံသန်းနိုင်ပြီး လက်ရှိ စမ်းသပ် အဆင့်မှာ လက်နက်ခဲယမ်း ၇၅ ကီလိုဂရမ်လောက်ကို တင်ဆောင်နိုင်ကြောင်း၊ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ကြေညာလို့ မရကြောင်း ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီဟာ လက်ရှိ နမူနာအဆင့် ဒရုန်းတွေကို တတ်နိုင်သမျှ ခပ်များများ ထုတ်လုပ်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ လေထဲမှာ ပျံသန်းမှုတွေ လက်တွေ့ စမ်းသပ် အကောင်အထည် ဖော်ပြီးတဲ့နောက် ဒုတိယ အဆင့်အနေနဲ့ တိုက်ပွဲဝင် အနေအထားအထိ မြှင့်တင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းအသစ်တွေ စမ်းသပ် ထုတ်လုပ်မှုကို ယူကရိန်း လေတပ်က အဓိက ဦးဆောင်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Ukroboronprom State Concernဟာ တိုက်ခိုက်ရေး ဒရုန်းအသစ်တစ်မျိုး တီထွင် တည်ဆောက်နေကြောင်း ကြေညာခဲ့ဖူးပါတယ်။ ဒီဇင်ဘာလမှာတော့ ကီလိုမီတာ ၁၀၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်တဲ့ ဒရုန်းအသစ်ကို အောင်မြင်တဲ့ စမ်းသပ်မှု အကြိမ်အတော်များများ ပြုလုပ်ခဲ့ပြီးကြောင်း နောက်ဆက်တွဲ ထုတ်ပြန်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေကို စျေးသက်သက်သာသာနဲ့ ဝယ်ယူပြီး အုံနဲ့ကျင်းနဲ့ အသုံးချခဲ့ပါတယ်။ ယူကရိန်း အနေနဲ့ အနောက်နိုင်ငံတွေဆီက ဒရုန်း အထောက်အပံ့တချို့ ရခဲ့ပေမယ့်လည်း ရုရှားကို ယှဉ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး အခုလို ပြည်တွင်းဖြစ် ဒရုန်းတွေ အများအပြား ထုတ်လုပ်နိုင်ရင်တော့ ဒရုန်းစစ်ဆင်ရေး ချိန်ခွင်လျှာကို ပိုပြီး ညီမျှလာစေမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။