Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ လမ်းကူးနေတဲ့ လူအုပ်ကို ကားနဲ့ တမင်ဝင်တိုက်မှုကြောင့် ၅ ဦးသေ

ရဲတွေကတော့ ဒီဖြစ်ရပ်မှာ ယာဉ်မောင်းက တမင်တကာ ကျူးလွန်ခဲ့တယ် ဆိုတာကို အတည်မပြုသေးပေမယ့် ဒါဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုလို့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

တရုတ်မှာ လမ်းကူးနေတဲ့ လူအုပ်ကို ကားနဲ့ တမင်ဝင်တိုက်မှုကြောင့် ၅ ဦးသေ
တရုတ်မှာ လမ်းကူးနေတဲ့ လူအုပ်ကို ကားနဲ့ တမင်ဝင်တိုက်မှုကြောင့် ၅ ဦးသေ

တရုတ်နိုင်ငံမှာ လမ်းကူးနေသူ လူအုပ်ထဲ ကားတစ်စီးနဲ့ တမင်တကာ ဝင်တိုက်ခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ကွမ်ကျိုးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ BMW အနက်ရောင် ကားတစ်စီးဟာ မီးပွိုင့်မှာ ရပ်ထားရာကနေ ရုတ်တရက် မောင်းထွက်လာပြီး မျဉ်းကျားမှာ လမ်းကူးနေတဲ့ လူတွေကို လိုက်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတွေကတော့ ဒီဖြစ်ရပ်မှာ ယာဉ်မောင်းက တမင်တကာ ကျူးလွန်ခဲ့တယ် ဆိုတာကို အတည်မပြုသေးပေမယ့် ဒါဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုလို့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အွန်လိုင်းမှာလည်း ယာဉ်မောင်းကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချမှုတွေ ရှိနေပါတယ်။ ရဲတွေက အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ အခု ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅ ဦးထိ ရှိလာပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူဦးရေ ၁၉ သန်းလောက်ရှိတဲ့ မြို့ရဲ့ လူသွားလူလာ အရမ်းစည်ကားနေတဲ့ အချိန်မျိုးမှာ အခုလို ဆိုးရွားတဲ့ ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့တာပါ။

တရုတ်မှာတော့ လူအုပ်ထဲ တမင်တကာ ကားနဲ့ဝင်တိုက်တဲ့ ဖြစ်ရပ်တွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ မနှစ်က ဖေဖော်ဝါရီလတုန်းက နိုင်ငံတောင်ပိုင်း ဖူကျန်းမှာ မီနီထရပ်ကား တစ်စီးက လူအုပ်ထဲ ဝင်တိုက်တာကြောင့် ၃ ဦးသေပြီး ၉ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကတင် ရှန်ဟိုင်းမှာ ဟိုတယ်ဝန်ထမ်း တစ်ဦးနဲ့ စကားများခဲ့တဲ့နောက် ဧည့်သည်တစ်ဦးဟာ ဟိုတယ် လော်ဘီခန်းကို ကားနဲ့ ဝင်တိုက်ခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook