Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနဲ့ ရုရှား စစ်သုံ့ပန်းတွေ လဲလှယ်

တစ်ဖက်မှာလည်း ရုရှားတပ်တွေ ဖမ်းဆီးထားတဲ့ ယူကရိန်း တပ်ဖွဲ့ဝင် ၅၀ ဟာ ယူကရိန်း ထိန်းချုပ် နယ်မြေတွေဆီ ပြန်လည် ထွက်ခွာသွားတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းနဲ့ ရုရှား စစ်သုံ့ပန်းတွေ လဲလှယ်
ယူကရိန်းနဲ့ ရုရှား စစ်သုံ့ပန်းတွေ လဲလှယ်

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းနဲ့ ရုရှားတို့ဟာ စစ်သုံ့ပန်းတွေ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရပါတယ်။

ယူကရိန်း အရှေ့ပိုင်းမှာ အပြင်းအထန် တိုက်ခိုက်နေတဲ့ နှစ်နိုင်ငံ တပ်တွေရဲ့ စစ်မှုထမ်း ၅၀ စီးကို ဇန်နဝါရီ ၈ ရက်က သုံ့ပန်းချင်း လဲခဲ့ကြတာပါ။ သုံ့ပန်းလဲတဲ့ ကိစ္စကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး လွတ်မြောက်လာတဲ့ ရုရှား စစ်သည် ၅၀ ဟာ ဆေးစစ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ စစ်ဆေးမှုတွေ ခံယူဖို့ မော်စကို မြို့တော်ဆီ လာရောက်မယ်လို့ ကြေညာပါတယ်။

တစ်ဖက်မှာလည်း ရုရှားတပ်တွေ ဖမ်းဆီးထားတဲ့ ယူကရိန်း တပ်ဖွဲ့ဝင် ၅၀ ဟာ ယူကရိန်း ထိန်းချုပ် နယ်မြေတွေဆီ ပြန်လည် ထွက်ခွာသွားတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်း စစ်တပ်ကလည်း ရုရှား စစ်သုံ့ပန်း ဖြစ်ခဲ့သူ တပ်ဖွဲ့ဝင် ၅၀ ပြန်လည် လွတ်မြောက်လာတယ်လို့ အတည်ပြုပါတယ်။ ယူကရိန်းဟာ ဖမ်းဆီး ချုပ်နှောင်ခံရတဲ့ ပြည်သူအားလုံး ပြန်လွတ်မြောက်ဖို့လည်း အပတ်တကုတ် ဆက်လက် အားထုတ်သွားမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတရုံး တာဝန်ရှိသူ အန်ဒရီ ယာမက်ခ်က လွတ်မြောက်လာတဲ့ ယူကရိန်း စစ်သည်တွေဟာ ရိက္ခာအိတ်တွေကိုင်ရင်း ဘတ်စ်ကား တစ်စီးပေါ် တက်ဖို့ ပြင်နေတဲ့ ဓာတ်ပုံတွေရယ်၊ လွတ်မြောက်လာသူတွေက ယူကရိန်း နိုင်ငံတော် သီချင်းကို သီဆိုနေပုံ ဗီဒီယိုရယ်ကို Twitterပေါ် တင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော