Hi, what are you looking for?
လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့...
နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...
◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...
Burmese Core ဒီရာစုနှစ်ရဲ့ အမှောင်ဆုံးညတွေထဲက တညပေါ့။မိုးဒဏ်လေဒဏ်ကို အလူးအလဲခံနေရတဲ့ အထီးတည်း အိမ်ငယ်လေးတလုံး။အိမ်ထဲမှာတော့ အလင်းရောင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေးတယောက်။စိုထိုင်းမှုရှိနေတဲ့ မီးခြစ်ဆံဗူးလေးကို ခြစ်ရင်းလွှင့်ပစ်လိုက်ရတဲ့ မီးခြစ်ဆံလေးတွေ တချောင်းပြီးတချောင်း။အိမ်ထောင့်က အမှောင်ရိပ်ထဲမှာတော့ လှုပ်ရွေ့နေတဲ့ မျက်လုံးတစုံ။မလှုပ်မယှက် လှဲလျောင်းနေတဲ့ အသက်ကြီးကြီးအမျိုးသမီးတဦး၊ဒါမှမဟုတ် သူ့ရဲ့အုပ်ထိန်းသူဖြစ်ပုံရတဲ့ တယောက်ယောက်နေမှာပေါ့။အဲဒီမျက်လုံးတွေဆီကလည်းအလင်းကို ညှိယူလို့ မဖြစ်နိုင်တော့တာ...
ခွန်းနီ ခပ်သုန်သုန်တိုက်တဲ့လေရူးကိုအတ္တမဲ့စွာခံစားကြည့်လိုက်တယ်ဘာပြန်ရလိုက်သလဲဆိုရင်လွတ်လပ်စွာအထီးကျန်မှုပဲရှိမယ်။တိုက်ချင်ရာတိုက်ခဲ့ပြီးမိုက်ချင်ရာမိုက်ခဲ့ကြလို့လေလွတ်လပ်ပေါ့ပါးတယ်ထင်ရပေမဲ့အထီးကျန်ခြင်းဟာလေးလံလွန်းပါတယ်။မင်းမရှိရင်မဖြစ်ဘူးဆိုပြီးမင်းမရှိလဲတစ်ဖွဖွဆိုမိနေတတ်တုံးလက်ပံတွေပွင့်ရင်လဲပြန်လာမှာမဟုတ်တော့ဘူးဒီနွေဦးဟာမင်းနဲ့မဆိုင်တော့သလိုမျိုး။ဒါဟာငါ့ထင်မြင်ယူဆချက်ပါပဲမင်းပြန်လာတာမျိုးလဲဖြစ်နိူင်တာပဲလေမသိစိတ်ရဲ့တောင်းတမှုကိုသိစိတ်ဟာမဖြည့်ဆည်းနိူင်မှတော့လွမ်းရတာပါပဲ။နွေဦးရဲ့ရွက်ကြွေတွေဟာသစ္စာရှိတယ်ရွက်နုဆိုတာတစ်ရွက်မှမပါဘူးကြွေသမျှရွက်ဟောင်းတွေလဲဘာကိုမှမဆန့်ကျင်ဘူးအားလုံးဟာသူ့ဆင့်ကဲဖြစ်စဥ်တွေအတိုင်းပဲ။ငါတို့နွေဦးမှာတော့ကြွေသမျှကရွက်နုတွေများတယ်မင်းဟာလဲအချိန်အခါမဟုတ်ကြွေခဲ့ရတာနှမြောတသဖြစ်ခြင်းနဲ့ဂုဏ်ယူရခြင်းရဲ့ကြားမှာငါရပ်နေခဲ့တာကြာပါပြီအမ်စောရယ်။ငါတို့တွေမပြီးသေးဘူးဆိုအခုကျပြီးပြီလားမင်းရဲ့အေးစက်စက်ခန္ဓာကိုယ်လေးတိမ်တွေအဖြစ်ပြောင်းသွားတာငါမြင်ရတယ်။အဲ့ဒီနေ့ကငါမငိုဖြစ်ခဲ့ဘူးရယ်တစ်နေ့တည်း ကုန်မယ့် မျက်ရည်မှမဟုတ်တာငါ့ကြေကွဲမှုဟာဒီတစ်ရက်နဲ့မလုံလောက်ခဲ့ဘူးအချိန်တိုင်းမှာကြေကွဲစရာနိူင်ငံတော်ပဲလေ။ငါ့အင်ပါယာမှာမင်းမရှိတော့ဘူးငါ့ကိုယ်ပိုင်နိူင်ငံတော်ကျဆုံးခဲ့ရတာငါပြန်တိုက်ယူရမယ် အမ်စောတကယ့်နိူင်ငံတော်ကြီးကိုလဲပြန်တိုက်ယူနေရတုံး။ငါ့အိမ်မက်ထဲမှာဖီးလ်နစ်ငှက်တစ်ကောင်ကိုမြင်တယ်နိုးထလာတော့ငါသိလိုက်တယ်အမ်စောမင်းတစ်ဖန်ပြန်နိုးထလာမယ်ဆိုတာငါသိလိုက်တယ်ငါ့သေနတ်ပြောင်းထဲမှာမင်းမြတ်နိုးတဲ့ပန်းတစ်ပွင့်ဘယ်သူလာထိုးသွားတာလဲ။ငါတို့လိုပုံစံတူဖြစ်ရပ်တွေအများကြီးပဲမေတ္တာဆိုတာသေသူရယ်ရှင်သူရယ်မခွဲခြားဘူးတဲ့ထားနိူင်သမျှပိုတန်ဖိုးရှိတယ်လို့ငါကြားဖူးတယ်မင်းကလဲတန်ဖိုးကြီးစွာနဲ့ငါ့ကိုထားခဲ့တာပါပဲ။သတိရတယ်….လွမ်းလဲလွမ်းရတယ်…ငိုတော့မငိုဖြစ်သေးဘူး အမ်စောရယ်။ (ကျဆုံးခဲ့သူလက်တွဲဖော်မိန်းကလေးအားရည်စူးရေးသားခြင်း) (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့ခဲ့တဲ့ “ရွက်နုတရွက်ကြွေလွင့်ခဲ့တယ်”ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call...
SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . နေစရာနေရာလည်း မရှိ၊စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာထမင်းလေးရေလေး ပေးသနားကြပါခမျာ မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊နဖူးအမာရွတ်ရှိ၊ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့ အမှတ်အသားတွေပါ။ အိမ်ကိုသာ မီးရှို့လို့ရမယ်။ကျမတို့...
ဂနိုက် ကျန်ရစ်ခဲ့ပြီ သူ့မိသားစုလေး သူ့အိမ်အိုလေး ထားသွားခဲ့ပြီ သူ့သမီးငယ်လေးကိုရော ချစ်ဇနီးသည်လေးကိုရော ချန်ထားခဲ့ပြီ သူယုံကြည်တဲ့တော်လှန်ရေးနဲ့သူမြင်ချင်တဲ့လွတ်လပ်ရေးကို နောက်ဆုံး အလေးပြုချိန် စစ်ရေးပြရဲဘော်တွေအားလုံးကလဲမျက်ရည်တွေ၀ိုင်း လက်သီးဆုပ်တဖက်ကကျစ်လို့မာလို့ နောက်တဖက်က လက်၀ါးဖြန့်မျက်ခုံးနားကပ် တုန်လို့ခါလို့ “နေမြဲ” လက်တွေရုတ်ကနဲ သူ့ဇနီးသည်လေး အရုပ်ကျိုးပျက်လဲကျ သူ့သမီးငယ်လေးက မျက်ရည်မကျပဲ ရှိုက်ကြီးတငင်နဲ့ “ဖေဖေ့ကို...
ဆူဏီးလ် သေနေတဲ့ သစ်ခွပင်ပေါ်ကနေရောင်ခြည်ကို ဖန်ပုလင်းလွတ်တစ်လုံးထဲ တွန်း တွန်းပို့နေမိတယ်။ လိပ်ပြာကလေးတောင်ပံအောက်မှာ နှင်း နှင်းကျနေတုန်းပဲ ဧပရယ်နွေနံနက်ခင်းတွေရယ်။ ဗုံးချခံလိုက်ရသလို ကစဥ့်ကလျားစစ်မြေပြင် အစာကောက်ငှက်ကလေးတွေရယ်။ အာလူးခင်းထဲပြေး ပြေးဝင်နေတဲ့ မီးရထားတစ်စင်းရဲ့ ခေါက်တုံ့ခေါက်ပြန်မီးခိုးတွေရယ်။ လေတိုးမခံတော့တဲ့အရိုးတွေပဲ ရ ရတဲ့စျေးနဲ့ထုတ်ချင်နေတဲ့ ပေါ်ပီပန်းပင်တွေရဲ့ဖျားနာသံရယ်။ မြေနီလမ်းအတိုင်း ထမ်း ထမ်းယူလာတယ်...
မောင်မိုးအေး နေညိုရင် ငါးမျှားမယ် ချိတ်မှာ ဘဝနဲ့ မျှော်လင့်ချက် တွဲလဲကြီး ဝေးဝေးကိုပစ်ကွာ ကြီးကြီးကိုဆွဲ ဘဝနဲ့ရင်းပြီးမျှားတာပဲ ကြီးကြီးရသင့်တယ်မလား ပန်းပွင့်တာတွေလှလား နေဝင်ချိန်လှလား မီးသင့်ဒဏ်ရာကို တက်တူးနဲ့ ဖုံးလိုက်တယ် လှသလား ဒီလိုပဲ တူရာစုကြ ဒဏ်ရာနဲ့လူ လေးငါးခြောက်ယောက် ခုနှစ်ယောက် ဆက်မရေတွက်တော့ဘူး တွဲလဲတွေရော့...