Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

အာဏာသိမ်းစစ်တပ်၏ ဂြိုဟ်တုနည်းပညာ အစီအစဥ်များအ​ပေါ် နိုင်ငံတကာ​ထောက်ပံ့မှု ချက်ချင်းရပ်တန့်ရန်လို

Gilat ဂြိုလ်တုကွန်ရက်များသည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ Satcom နည်းပညာနှင့် ဝန်ဆောင်မှုများကို ရောင်းချသော Tel Aviv စတော့စျေးကွက်တွင် စာရင်းသွင်းထားသည့် အစ္စရေး ကော်ပိုရေးရှင်းတစ်ခုဖြစ် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရလက်ထက်တွင် မြန်မာစစ်တပ်က နိုင်ငံတကာဂြိုဟ်တုနည်းပညာများ ရရှိအသုံးပြုနေရာမှ ယခုအခါ အာဏာ သိမ်းကြိုးပမ်းသည့် စစ်ကောင်စီလက်ထဲသို့ ဂြိုလ်တုဆက်သွယ်ရေးအားလုံး လုံးလုံးလျားလျားထိန်းချုပ်ခွင့်ရရှိသွားသောကြောင့် စစ်တပ်၏ မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်ဖိနှိပ် စစ်ဆင်ရေးများတွင် ကျင့်ဝတ်မဲ့ တရားလက်လွတ် စိတ်တိုင်းကျအသုံးချနိုင်သည်ကို လွန်စွာစိုးရိမ်ရပါသည်။

အီလက်ထရောနစ်စစ်ပွဲ၊ စစ်တပ် ဝါဒဖြန့်ချိမှုများ၊ ရေတပ်နှင့် လေတပ် စစ်ဆင်ရေးများ၊ ကြားဖြတ်ဖမ်းယူခြင်းနှင့် ပြည်သူလူထုအား စောင့်ကြည့်ခြင်းများအတွက်ပါ အရေးပါသည့် ဂြိုလ်တုဆက်သွယ်ရေးနည်းပညာများအား စစ်အုပ်စုက ရရှိအသုံးချနေမှုသည် အကြမ်းဖက်စစ်တပ်မှ မြန်မာနိုင်ငံပြည်သူများအပေါ် ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ နှင့် လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများ အစရှိသည့် နိုင်ငံတကာ ရာဇဝတ်မှုများကို ထောက်ခံပံ့ပိုး အားပေး ကူညီနေခြင်းပင်ဖြစ်သည်။

အစ္စရေးရှိ Gilat ဂြိုလ်တုကွန်ရက်များ၊ ဟောင်ကောင်မှ AsiaSat နှင့် အမေရိကန်/လူဇင်ဘတ်မှ Intelsat တို့ အပါအဝင် ဂြိုလ်တုဆက်သွယ်ရေးနှင့် ဆက်စပ်သက်ဆိုင်သော နိုင်ငံတကာစီးပွါးရေးလုပ်ငန်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ အကြမ်းဖက်စစ်ဆင်ရေးများကို တိုက်ရိုက်သော်၎င်း သို့မဟုတ် သွယ်ဝိုက်၍သော်၎င်း အားပေးပံ့ပိုးခြင်း မပြုနေကြောင်း လွတ်လပ်စွာအတည်မပြုနိုင်သေးသ၍ မြန်မာပြည်သို့ ဂြိုဟ်တုနည်းပညာ လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်းနှင့် ဝန်ဆောင်မှုများပေးအပ်ခြင်းတို့ကို ချက်ချင်းဆိုင်းငံ့ထားရပါမည်။

Gilat ဂြိုလ်တုကွန်ရက်များသည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ Satcom နည်းပညာနှင့် ဝန်ဆောင်မှုများကို ရောင်းချသော Tel Aviv စတော့စျေးကွက်တွင် စာရင်းသွင်းထားသည့် အစ္စရေး ကော်ပိုရေးရှင်းတစ်ခုဖြစ် သည်။

Public Service Announcement

Public Service Announcement

၂၀၁၄ ခုနှစ်တွင် “ မြန်မာအစိုးရ အေဂျင်စီ” တစ်ခုအတွက် “နည်းဗျူဟာကျသော ဂြိုလ်တုဆက်သွယ်ရေး ယူနစ်များ”ပါ ပါဝင်သည့် ဂြိုလ်တုဆက်သွယ်ရေးဝယ်ယူမှု သဘောတူညီချက်တစ်ရပ်ကို Gilat ကထုတ်ပြန်ကြေညာခဲ့သည်။

၎င်းသဘောတူညီချက်တွင် လူနှင့်အတူသယ်ဆောင်နိုင်သော စစ်မြေပြင်သုံး ဂြိုလ်တုဆက်သွယ်ရေး ကိရိယာ (SatTrooper Manpacks) နှင့်အတူ SkyEdge II hub နှင် terminals၊ Raysat ရွှေ့လျားနေစဥ်သုံး ဂြိုလ်တုဆက်သွယ်ရေးအင်တာနာများ၊ WaveStream BUCs (ဂြိုလ်တုအသံလွှင့်မှုများတွင် သုံးသည့် block upconverters) နှင့် ပူးတွဲပါ modems များ” တို့ပါဝင်သည်။ Terabit Wave က Manpacks နှင့် ရွေ့လျားနေစဥ်သုံး ဂြိုလ်တုဆက်သွယ်​​​ရေး (Satcom-on -the -Move) ကို လက်ခံမည့်သူမှာ မြန်မာစစ်တပ်၏ ဆက်သွယ်ရေး ညွှန်ကြားရေးမှုးရုံးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

AsiaSat သည် မြန်မာစစ်တပ်နှင့် တိုက်ရိုက်ချိတ်ဆက်မှုရှိသည့် ဟောင်ကောင်အခြေစိုက် ဂြိုလ်တုစီးပွားရေးလုပ်ငန်းဖြစ်သည်။ AsiaSat ကို ဟောင်ကောင်တွင် စာရင်းသွင်းထားသော တရုတ်ပြည် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ အများစုပိုင်ဆိုင်ထားသည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် CITIC နှင့် Nasdaq တွင် စာရင်းတင်ထားသည့် အမေရိကန် အခြေစိုက် ရှယ်ယာအုပ်စုဖြစ်သည့် Carlyle တို့မှ ပိုင်ဆိုင်သည်။ မြန်မာပြည် ပြင်ပဆက်သွယ်ရေးအတွက် တရုတ်မှ တပ်ဆင်ပေးခဲ့သည့် ၁၉၈၉ ခုနှစ်အချိန်ကစ AsiaSat မှာ မြန်မာစစ်တပ်ကို ဂြိုလ်တုဆက်သယ်ရေး အထောက်အပံ့အားပေးခဲ့သည်။

မြန်မာစစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှုးရုံးသည် AsiaSat နှင့် ကြာမြင့်လှသော ဆက်ဆံရေးရှိခဲ့ပြီး AsiaSat 2 မှ စစ်တပ်ဝါဒဖြန့်ချီမှုကို ထုတ်လွှင့်ပေးရန် ကန်ထရိုက်တစ်ရပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Intelsat သည် နယူးယောက်စစတော့စျေးကွက်တွင် စာရင်းသွင်းထားသော လူဇင်ဘတ်အခြေစိုက် ကမ္ဘာ့ဂြိုလ်တုဆက်သွယ်ရေးကော်ပိုရေးရှင်း ဖြစ်သည်။

Intelsat သည် ၎င်းတို့၏ Intelsat 39 ဂြိုလ်တုမှ စစ်ဘက်ဆက်သွယ်ရေးအတွက် အသုံးချနိုင်သည့် အကန့် အသတ်မဲ့ ထရန်စပွန်ဒါ လှိုင်းအားခွဲယူ သုံးစွဲခွင့်ကို မြန်မာစစ်တပ်သို့ ငှားရမ်း ပေးအပ်လျက်ရှိသည်။ Myanmarsat-2 အမည်ဖြင့် လှိုင်းအား ခွဲယူသုံးစွဲသည့် အဆိုပါဂြိုလ်တုကို အမေရိကန်အခြေစိုက် Maxar Technologies ကုမ္ပဏီက ထုတ်လုပ်သည်။ Intelsat ၏ အရောင်းမြင့်တင်ရေးကြော်ငြာများအရ အဆိုပါဂြိုလ်တုတွင် စစ်ဘက်နှင့် အရပ်ဘက် အပ်ပလီကေးရှင်းများ ပါရှိသည်။ မြန်မာစစ်တပ်အနေဖြင့် Myanmarsat-2 ကို စစ်ဘက်ဆက်သွယ်ရေး ရည်ရွယ် ချက်များအတွက် အသုံးပြုနိုင်ဖွယ်ရှိသည်။

သို့ဖြစ်ပါ၍ တိုင်းပြည်အာဏာအား အရပ်ဘက်ထိန်းချုပ်မှုအောက်နှင့် ပြည်သူလူထု လိုလားတောင်းတသော စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်သို့ မရောက်သေးသမျှ ကာလပတ်လုံး နိုင်ငံတကာအစိုးရများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ၏ ဂြိုလ်တုဆက်သွယ်ရေးအစီအစဥ်များအပေါ် ထောက်ပံနေမှုများအား ရပ်တန့်ရပါမည်။

(မှတ်ချက် -မြန်မာစစ်အုပ်စုအား ဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာ ဂြိုလ်တုကွန်ရက်များ အကြောင်း အသေးစိတ်ပါ JFM မှ စုံစမ်းဖော်ထုတ်ထားသည့် “အကျင့်ပျက်ခြစားမှု ဆက်ထုံးများ၊ အလွဲသုံးစားပြုမှု လမ်းကြောင်းများ။” သုတေသန အစီရင်ခံစာအားရယူရန် 👉🏽 https://bit.ly/3wKq2uU)

ကိုးကား – Justice for Myanmar

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။