သည့်နေ့အဖို့ အသံတိတ်သပိတ်မစမီ လူထု၏ တော်လှန်စိတ်ကို နှိုးဆွလိုက်သည်ဟုဆိုနိုင် သည်က ရန်ကုန်မြို့ရှိကျောင်းသားလူငယ်ထု ၏ နိုင်ငံရေးလှုပ်ရှားမှုပုံရိပ်များဖြစ်ဟုဆိုလျင် မှားနိုင်အံ မထင်ပေ။
ချမ်းအေးလှသည့် ဆောင်းနှောင်းရက်ကျန် မ နက်ခင်းတစ်ခုတွင် အများသူငါ စောင်ခြုံထဲကွေးနေချိန် ထိုလူငယ်များ လမ်းမထက်၌ အာဏာရှင်ကိုဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြနေခဲ့ပြီ ဖြစ်သည်။
အလားတူ နံနက်မိုးသောက်ချိန်အလင်းရောင်များ ဖြန့်ကျက်ခါစတွင် နောက်ထပ်လူငယ်တစ်စုက ရန်ကုန်တိုင်းလွှတ်တော်ရုံးရှေ့ ပြည်သူ့ရင်ပြင်မှာ တော်လှန်ရေးအဓွန့်ရှည်ပါစေဟု အဓိပ္ပါယ်ရသော စာသားချိတ်စွဲကာ ဆန္ဒဖော် ထုတ်ခဲ့သေးသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေ ထိုလှုပ်ရှားမှုပုံရိပ်များသည် နံနက် ၁၀ နာရီမထိုးခင် ရန်ကုန်မြို့ကြီး၏ Silent Strike Day မစမီ ပွဲဦးထွက်လှုပ်ရှားမှုများလည်း ဖြစ်ခဲ့၏။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို စစ်ကောင်စီ၏ ခြိမ်းခြောက်၊ ဟန့်တားမှုများကြာမှ ရန်ကုန်လူငယ်ထုက အန်တုပြလိုက်ခြင်းပင် ဖြစ်ပါသည်။
ထိုမှတဖန် နံနက် ၁၀ နာရီသို့ တဖြည်းဖြည်းချင်းကပ်လာသည့်အခါ ရန်ကုန်လူထုမှာ လမ်း မများထက် မတွေ့ရတော့ပေ။ ‘ငါတို့မြို့ ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့လှုပ်ချင် လှုပ်မယ်’ဆိုသည့်အတိုင်း အများစု အိမ်ပြင်မထွက်ကြတော့ပါ။
အတင်းအဓမ္မခြိမ်းခြောက်အနိုင်ကျင့်မှုကြောင့် စျေးဆိုင်များမဖြစ်မနေဖွင့်ခဲ့ရသည့် စျေးသည်များသည်ပင် ဆိုင်၌ငုတ်တုတ်ထိုင်ပြီး စျေးဗန်းမခင်းဘဲ အာဏာရှင်ကိုဆန့်ကျင်ကြောင်း ရသည့်နည်းဖြင့် ဆန္ဒပြခဲ့သည်ကို တွေ့ရပါသည်။

ထိုစျေးသည်များတွင် ဆိုရှယ်မီဒီယာများထက်ပြန့်နှံ့ခဲ့သော ရန်ကုန်မြို့ရှိစျေးတစ်ဈေးမှ စျေးသည်အမျိုးသမီးများ၏ပုံရိပ်အချို့မှာ ပြောစမတ်ဖြစ်ခဲ့သည်။ ထိုပုံရိပ်များ၌ စျေးသည်အမျိုးသည့်လေးဦးရှိသည့်အနက် သုံးဦးက စျေးဗန်းမခင်းဘဲ မိမိဆိုင်ခန်းနေရာ၌ ငုတ်ထုတ်ထိုင်နေပြီး ကျန်အမျိုးသမီးတစ်ဦးမှာ အိပ်နေရက်က မိုဘိုင်းအသုံးပြုနေသည့်ပုံတစ်ပုံဖြစ်သည်။ ယင်းစျေးသည်အမျိုးသမီးများမှာအခြေအနေအရ စျေးသို့လာရခြင်းဖြစ်သော် လည်း အာဏာရှင်ကို အလိုမရှိ၊ ဆန့်ကျင်ကြောင်းကို ပြသလျက်ရှိနေသည်။
ဆိုရလျှင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို တော်လှန်လာခဲ့ကြသည်မှာ ယနေ့တစ်ရက်တည်းသာမဟုတ်ကြပါ။ ပြည်သူရွေးချယ်သည့် ပြည်သူ့အစိုးရအား ဖယ်ရှားပြီး စစ်အုပ်စုမှ ပြည်သူ့အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်(ယနေ့)တွင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်၏။
ထိုတစ်နှစ်တာကာလအတွင်း ပြည်သူလူထု၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြမှုများသည်လည်း တဆင့်ပြီးတဆင့် ဆင့်ကဲပေါ်ပေါက်ခဲ့ ၏။
နွေဦးတော်လှန်ရေး၏ အစကနဦးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှ အစ ပြုခဲ့ခြင်း ဖြစ်သည်။ ထိုမှတဆင့် ပြည်သူများ လမ်းပေါ်ထွက်ခဲ့ကြသည်။ ယခုတိုင်လည်း လူ ငယ်များ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ကြဆဲ ဖြစ်၏။

ထိုမှတဖန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင်စစ်ပညာသင်ယူပြီး ရရာလက်နက်ဖြင့်ခုခံတော်လှန်သည့် လက်နက်ကိုင်လမ်းစဥ်အား ရွေး ချယ်ခဲ့ကြရာ ယခုတော်လှန်ရေးကာလ တစ်နှစ်ပြည့်ချိန်တွင် ခုခံစစ်ဆင်နွှဲခြင်း အတော်ပင် ခရီးရောက်ခဲ့ပြီ ဖြစ်သည်။
မြန်မာပြည်သူတို့၏ တော်လှန်ရေးခရီးကြမ်း၌ စစ်အာဏာရှင်နှင့် ၎င်း၏အပေါင်းအပါများ သည် ပြည်သူလူထုအား မတရားဖမ်းဆီး ထောင် ချခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများလုယက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ပုံစံမျိုးစုံဖြင့် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည်။
သို့တိုင် စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်လိုသော ပြည်သူလူထု၏ တော်လှန်ဆန္ဒများမှာ မှေးမှိန်သမသွားခဲ့ပါ။ ထိုအချက်ကို ပြီးခဲ့သည့်နှစ် မတ်လ ၂၄ ရက်မှာတစ်ကြိမ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ တစ်ကြိမ်၊ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်(ယနေ့)တွင် တစ်ကြိမ် သုံးကြိမ်တိုင်ထင်ထင်ရှားရှား ပြသခဲ့ကြပြီ ဖြစ်သည်။

ယင်းတော်လှန်မှုသည် အခြားမဟုတ်။ တိတ်ဆိတ်ခြင်းဖြင့် အကျယ်လောင်ဆုံးဟစ်ကြွေးကြသော အသံတိတ်သပိတ် ဆင်နွှဲခြင်းသာလျင် ဖြစ်ပါသည်။ ယခင် နှစ်ကြိမ်ထက် ထူးခြားသည်မှာ ယခုအကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီက တိတ်ဆိတ်ခြင်းသပိတ် ပျက်စီးစေရန် ဆိုင်များမဖြစ်မနေဖွင့်ခိုင်းခြင်း၊ စစ်ကောင်စီလက်အောက်ခံရုံးများ၊စက်ရုံအလုပ်ရုံရုံးများနှင့်ကျောင်းဖွင့်ချိန်ကို အသံတိတ်သပိတ်ပြုလုပ်ချိန်သို့ဖိအားပေးပြောင်းခိုင်းခြင်း၊စက်ဘီစီးပြိုင်ပွဲ အပြေးပြိုင်ပွဲများကျင်းပခြင်း၊မြို့တွင်ဘုရားထီးတော်အပူဇော်ခံပွဲများပြုလုပ်ခြင်း၊ ဆိုင်ကယ်များကိုယမန်နေ့ကဖမ်းပြီး ယနေ့ ရုံးချ်န်တွင်လာရွေးခိုင်းခြင်း ၊ စက်သုံးဆီဆိုင်များက ဆိုင်ကယ်တစ်စီးလျှင် ဓါတ်ဆီ ၁ လီတာဝေမည်ဟုစည်းရုံးခြင်း၊စစ်တပ်ထောက်ခံပွဲများပြုလုပ်စေခြင်းစသော ညစ်နည်းမျိုးစုံဖြင့် ပွဲပျက်အောင်ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော် ခြိမ်းခြောက်မှုများကြားမှပင် တိတ်ဆိတ်ငြိမ်သက်ခြင်းသပ်တ်ကို နိုင်ငံတစ်ဝန်းမှ အနည်းဆုံးမြို့နယ်ပေါင်း ၁၉၀ ကျော်ပါဝင်ဆင်နွဲခဲ့ကြောင်း Data for Myanmar ကယနေ့ညနေ ၆ နာရီအထိ့ကောက်ယူထားသောအချက်အလက်များကို ကိုးကား၍ ထုတ်ပြန်သည်။ အချက်အလက်ကောက်ယူရာတွင် ဆက်သွယ်ရေးအခက်အခဲကြောင့်ကျန်ရသ်ခဲ့သောမြို့နယ်များရှိနိုင်ပြီး အမှန်တစ်ကယ်တွင် မြို့နယ်ပေါင်း ၁၉၀ ကျော်ထက်ပင်များနိုင်ကြောင်းလည်းသိ့ရသည်။

ထိုကြောင့်ယနေ့ တိတ်ဆိတ်ခြင်းသပိတ်အောင်ပွဲမှာ ယခင်နှစ်ကြိမ်ထက်ပင် အခက်အခဲများ၊ခြိမ်းခြောက်မှုများကြားမှပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီကို မုန်းတီးစက်ဆုတ်ကာ ဖြုတ်ချရန်ဆန္ဒမည်မျှပြင်းပြကြောင်းခိုင်းမာသော မှတ်တိုင်ဟု သပိတ်ဦးဆောင်သူအချို့ကသုံးသပ်သည်။
ထိုသို့ အသံတိတ်သပိတ်(Silent Strike)တွင် ပါဝင်ဆင်နွှဲကြခြင်းသည်ပင် စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး၌ အလံလိပ်မသွားကြောင်း ညီညွတ်စွာ ပြသလိုက်ခြင်းလည်း ဖြစ်ပေသည်။
အလံလိပ်မသွားကြောင်း အသံတိတ်ပြသမည့် ထိုတော်လှန်သပိတ်ကို ယခုတစ်ကြိမ်တွင်အကြမ်းဖက်စစ်ကောင် စီနှင့် အပေါင်းပါများက အမျိုးမျိုး ဟန့်တား၊ ခြိမ်းခြောက်ခဲ့သေး၏။
Silent Day တွင် စျေးသယ်များကို ခြိမ်းခြောက် အကြပ်ကိုင်ကာ အတင်းအဓမ္မ ဆိုင်ဖွင့်ခိုင်း၏။ စျေးပိတ်ရက်မဟုတ်ဘဲ စျေးဆိုင်များပိတ်ထားပါက ဖမ်းဆီးအပြစ်ပေးမည်၊ ဆိုင်များ ပိတ်သိမ်းခံရမည်ဟု စာဖြင့်တစ်မျိုး လော်ဖြင့်တသွယ် ကြေညာသည်။ တိတ်ဆိတ်ခြင်းသပိတ်နှင့်ပတ်သပ်၍ ဖေစ်ဘွခ်စာမျက်နှာတွင် မျှဝေသောပြည်သူများကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးကာ ၊ဆိုင်များ အိမ်များကိုပင် ချိတ်ပိတ်၍ ရက်ရက်စက်စက်ပြုမူပြီး ပြည်သူများကို အကြောက်တရားသွင်းရန်ကြိုးစားခဲ့သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာဆိုလျှင် အသံတိတ်သပိတ်အကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် မျှဝေခဲ့သည့်အမျိုးသမီးနှစ်ဦး အရေးယူခံခဲ့ရသည်။ သို့သော် ပုသိမ်လူထုက ယနေ့တွင် တော်လှန်သော အသံတိတ်သပိတ်၌ ပါဝင်ဆင်နွှဲလျက်ပင်။
အကြမ်းဖက်စစ်ကောင်စီသည် အလံမလိပ်၊ အသံတိတ်နှင့် တော်လှန်သပိတ်ကို မအောင် မြင်စေရန် ပြည်သူအချို့အား ဖမ်းဆီးပြယုံမျှဖြင့် အားမရသေးပါ။ ၎င်းတို့ကိုထောက်ခံသည့် ငါးထောင်စားဆိုသူများကိုပွဲထုတ်ကာ အသံတိတ်သပိတ်ပြုလုပ်သည့် ယနေ့တွင် လမ်းပေါ်ထွက်စေခဲ့ပါသည်။
ငါးထောင်စားများအား လမ်းမပေါ်တွန်းထုတ်လိုက်သည့် ဒေသများတွင် ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးအချို့ပါဝင်သော်လည်း ပြည်သူ လူထု၏ တိတ်ဆိတ်ခြင်းကို အန်မတုနိုင်ခဲ့ပေ။

စစ်ကိုင်းတိုင်းထဲက ရေဦးနှင့် ကသာစသည့်မြို့တို့တွင်တော့ တိတ်ဆိတ်ခြင်းသပိတ်တွင်ပါဝင်သည့် မြို့ခံလူထု လုံခြုံဘေးကင်းစေရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးယူပေးခဲ့သည်။
တော်လှန်ရေးရဲဘော်များသည် မြို့အဝင် အ ထွက်များတွင် လုံခြုံရေးများချထားပြီး အသံတိတ်ဖြင့် တော်လှန်သပိတ်ကို ပံ့ပိုးခဲ့ကြသေးသည်။
ထိုအပြင် ယနေ့တစ်ရက်တာလုံးတွင်ထူးခြားသောဖြစ်ရပ်တစ်ခုမှာ မန္တလေးတိုင်းကျောက်ပန်းတောင်မြို့နယ်တွင် သံပန်းအလုပ်သမားတစ်ဦးဖြစ်သော ကိုအောင်အောင်သည် မြို့လယ်တွင်လူပါးချိန်၌ စစ်ကောင်စီ၏ လျှပ်စစ်ရုံးရှေ့တွင် ကိုယ့်ကိုယ်ကို ဓါတ်ဆီးလောင်းမီးရှို့ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် အခြားကဏ္ဍများနည်းတူမီးများဆိုးရွာစွာပျက်နေမှု အတွက် အသက် ၃၀ ကျော်အရွယ် ကိုအောင်အောင်က ၂၀၀၁၊ ၂၀၀၂ ကစစ်အစိုးရကာလများကိုမလိုလားတော့ဘဲ ပြည်သူများ ၂၄ နာရီမီးရစေလိုသည်ဟုဆန္ဒပြုခဲ့သည်။ ကိုအောင်အောင်မှာ မီးလောင်ဒဏ်ရာများဖြင့် ယနေ့ညနေတွင်ကွယ်လွန်သွားသည်။ ခြိမ်းခြောက်မှုများကြားမှ အသံတိတ်သပိတ် အောင်မြင်သဖြင့် ကြည်နူး၊အားတက်ရသလို ၊ကိုအောင်အောင်၏ကိုယ်တိုင် မီးရှို့ဆန္ဒပြခဲ့သောဖြစ်ရပ်က ပြည်သူများက ဆို့နင့်စေခဲ့သည်။သို့သော် အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချရမည် ၊ဖြုတ်ချရန် အကောင်းဆုံးစုစည်းမိနေပြီဟူသောပြည်သူများ၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

ဆိုရင်လျင် အသံတိတ်သပိတ်မအောင်မြင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ ခြိမ်းခြောက်ဖိအားပေးသောလုပ်ရပ်များ ကျရှုံးခဲ့ဆိုသည်ကို ဒေသအသီးသီးက လမ်းမများထက် အသွားအလာမရှိလုနီးပါးရှိခဲ့သည့် အခြေအနေများက သက်သေခံနေပေသည်။ တစ်နည်းအားဖြင့် ပွဲပျက်အောင်ခြိမ်းခြောက်ဖိအားပေးသူများကိုယ်တိုင် ထိတ်လန့်ခဲ့ရသော ၆ နာရီ ဖြစ်ခဲ့လေသည်။ အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ့ပြုလုပ်ခဲ့ပြီး ၆ နာရီ ကြာမြင်သည်။
မည်သို့ဆိုစေ စစ်ကောင်စီသည် အကြမ်းဖက်မှုမျိုးစုံဖြင့် ပြည်သူလူထုအား ရက်စက်ယုတ်မာနေခြင်းကြောင့် ပြည်သူများ တော်လှန်ရေးအ သိ၊ တော်လှန်ရေးသတိဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန် စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ဗိုလ်ဇွဲက တိုက်တွန်းသည်။
“အသံတိတ်သပိတ်မှာ ပါဝင်ကြသလိုမျိုး စစ်အာဏာရှင်ကိုတော်လှန်လိုတဲ့စိတ်ကို ရင်ထဲမှာအမြဲသိမ်းထားပေးပါ။ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေ အမြန်ဆုံးပြည့်ဝဖို့ ကျွန်တော်တို့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ တော်လှန်နေပါတယ်”ဟု ၎င်းက သတင်းစကား ပါးသည်။

ယနေ့ပြုလုပ်သည့် Silent Strike Day တွင် ည နေ ၄ နာရီအချိန်ထိ အိမ်ပြင်မထွက်၊ လမ်းပေါ်မတက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြပြီးနောက် ၄ နာရီနောက်ပိုင်းတွင် လက်ခုပ်သံများဖြင့် အသံတိတ်သပိတ်ကို အောင်ပွဲခံခဲ့ကြသည်။
အသံတိတ်သပိတ်များ ဆင်နွှဲကြခြင်းနှင့်အတူ အထက်နားတွင် ဖော်ပြခဲ့သလို လမ်းပေါ်တက် ချီတက်ဆန္ဒပြမှုများလည်း ဒေသအချို့တွင် ရှိခဲ့၏။ ထိုသို့ လမ်းပေါ်တက် ချီတက်မှုများတွင် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများသာမက အညာဒေသမှ မြို့ငယ်များအထိပါ တော်လှန် ရေးဂရက် ကူးစက်ခဲ့သည်။
အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့နယ်အချို့တွင် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များက ဆန္ဒပြလူထုကို လုံခြုံရေးရယူပေးကာ မြိုင်မြိုင်စိုင်စိုင် ချီတက်နိုင်ခဲ့ကြသည်ကို တွေ့ရသည်။
ဆိုရလျှင် ပြည်သူလူထု၏ အာဏာရှင်ရွံမုန်းမှုနှင့် မတရားမှုကိုဆန့်ကျင်လိုမှုဟူသော တော် လှန်ရေးအသိနှင့် လူထုပါဝင်မှုမှာ အံ့မခန်းပေ။
တော်လှန်၊ မာန်၊ ထန်ပြည့်ဝသော ပြည်သူများ ၏ နိုးကြားမှုကိုအခြေခံပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက “ငြိမ်သက်သံကို ကြောက် ရွံ့သွေးပျက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ပွဲပုံစံမျိုးစုံနဲ့ ဆက်လက်တွန်းလှန်သွားကြပါစို့”ဟု ဂုဏ်ပြုအားပေးထားသည်။
