Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်​ကောင်စီတပ်ရဲ့ ငွေညှစ်၊ ဒုက္ခ​ပေးတာကိုခံနေရ​တဲ့ခရမ်းမြို့

အကြောင်းကြီးငယ် မရှိပါက သွားလာလှုပ်ရှားခြင်းများနည်းပါးသွားသည်။ အကြောင်းမှာ လမ်းခရီးများ ယခင်လိုမပွင့်လင်းတော့ဘဲ အကြမ်းဖက်စစ်​ကောင်စီတပ်၏ပိတ်ဆို့၊ တားဆီး၊ စစ်ဆေးမှုများ ရှိနေခြင်းကြောင့် ဖြစ်၏။

ခရမ်းမြို့တစ်​နေရာ။ ။ ဓါတ်ပုံ- CJ

မနက် ၇ နာရီကျော်ပြီဖြစ်သော်လည်း လမ်းပေါ်တွင် အသွားအလာများ ရှင်းနေသည်။ ပုံမှန်ဆိုလျင် သူ့ထက်ငါ အလုအယက်မောင်းနှင်၍ ကားလမ်းမထက် ယာဥ်မျိုးစုံနှင့် လမ်းသွားလမ်းလာများဖြင့် ရှုပ်ယှက်ခပ်နေပြီဖြစ်သည်။

မြို့ပေါ်နေသူများက ကျေးလက်တောရွာများဘက် စျေးထွက်ရောင်းကြသည်လည်းရှိသည်။ ထို့အတူ ကျေးရွာများတွင်နေသူများသည်လည်း မြို့ပေါ်တက်ကာ အစားအသောက်နှင့် ဆေးဝါးများ သွားရောက်ဝယ်ယူကြရမြဲ ဖြစ် ၏။

ယခုမူ ထိုအခြေအနေများအားလုံး ပြောင်းလဲခဲ့ပြီ ဖြစ်ပါသည်။ ယခင်လို မနက်အစောကြီးအိပ် ရာမှထပြီး အပြင်သွားလာသူ နည်းပါးသွား၏။ ဆိုရလျင် ဒေသခံများသည် လိုအပ်မှသာ အပြင်အပသို့ ထွက်ကြတော့သည်။

အကြောင်းကြီးငယ် မရှိပါက သွားလာလှုပ်ရှားခြင်းများနည်းပါးသွားသည်။ အကြောင်းမှာ လမ်းခရီးများ ယခင်လိုမပွင့်လင်းတော့ဘဲ အကြမ်းဖက်စစ်​ကောင်စီတပ်၏ပိတ်ဆို့၊ တားဆီး၊ စစ်ဆေးမှုများ ရှိနေခြင်းကြောင့် ဖြစ်၏။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း၊ ခရမ်းမြို့လေးတွင် မြို့အဝင်အ ထွက်လမ်းများအားအကြမ်းဖက် စစ်ကောင်စီတပ်က ပိတ် ဆို့စစ်ဆေးနေသည်မှာ မတ် ၂၉ ရက်ဆိုလျင် ၁၂ ရက်တိတိ ရှိပြီဖြစ်သည်။ အဓိကကျသည့် မြို့အဝင်အထွက် လမ်းပိုင်းသုံးခုကို ပိတ်ဆို့ထားခြင်း ဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

မတ် ၁၈ ရက်ကတည်းက ယနေ့ (မတ် ၂၉ )အထိ တဆက်တည်း ပိတ်ဆို့ထားခဲ့ခြင်းကြောင့် ဒေသခံများအဖို့ သွားလာရေး အဆင်မပြေတော့ပေ။ မတ် ၁၆ ရက်တွက်မှ လမ်းများကို ခတ္တပြန်ဖွင့်ခဲ့ခြင်းဖြစ်သော်လည်း အ​ကြောင်းကြီးငယ်ရှိ၍ မဖြစ်မနေ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရမည်ဆိုပါက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထောက်ခံစာ ကိုပြခိုင်းသည်။ သို့အတွက် ထောက်ခံစာတစ်စောင်လျင်ကျပ် ၅၀၀ ပေးရ​သေးသည်။

စစ်​ကောင်စီတပ်နှင့် ရပ်​ကျေး​ထွေအုပ်များ ပူး​ပေါင်း​ငွေညှစ်​နေ​သော​ထောက်ခံစာ။ ဓါတ်ပုံ- CJ

ထိုထောက်ခံစာမှာ ရက်သတ္တတစ်ပတ်စာအတွက်သာ အကြုံးဝင်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက အသုံးပြု၍ မရတော့ပေ။ နောက်ထပ် ထောက်ခံစာအသစ်တစ်စောင် ကို ​ငွေထပ်​​ပေးသွားလုပ်မှသာ မြို့ဝင်ထွက်ဂိတ်အား ဖြတ်သန်းခွင့်ရမည် ဖြစ်ပါသည်။

သို့သော် ထွေလာဂျီ(တုတ်တုတ်)၊ ဂွန်ဒေါင်း၊ ဖောကားစသည့် ယာဥ်မောင်းများအနေဖြင့်မူ ထောက်ခံစာရှိယုံမျှဖြင့် မပြီးသေးပါ။ ဂိတ်စောင့်စစ်သားများက ယာဥ်တစ်စီးလျင် ငွေကျပ် ၁၀၀၀ တောင်းယူ​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ကျေးလက်နေပြည်သူများသည် နည်းပညာများနှင့် အကျွမ်းတဝင်မရှိကြသလို သတင်းအချက် အလက်စားသုံးနိုင်မှုလည်း နည်းပါးကြ၏။ ထို့ကြောင့် ခရမ်းမြို့ပေါ်ရှိ အခြေအနေများအား လက်လှမ်းမမီဘဲ ရှိကြသည်။ ထိုအခါ ထောက် ခံစာမပါဘဲ မြို့ဝင်ထွက်ဂိတ်အား ဖြတ်သန်းသည့်အခါ ဒုက္ခတွေ့ကြတော့သည်။

ခရမ်းမြို့တစ်​နေရာ ။ ။ ဓါတ်ပုံ- CJ

မိသားစုအတွက် လိုအပ်ချက်ရှိ၍ မြို့ပေါ်တက်လာခြင်းဖြစ်သော်လည်း ထောက်ခံစာမပါသောကြောင့် မြို့တွင်းအဝင်မခံဘဲ လှည့်ပြန်ခိုင်း သည်နှင့် ကြုံကြရသည်။ ထို့အပြင် အချို့ကျေးရွာများ၌ အုပ်ချုပ်ရေးမှူးများ တိမ်းရှောင်နေ၍ ထောက်ခံစာ အလွယ်တကူလုပ်၍ မရပေ။
သို့သော် မြို့အဝင်အထွက်အားပိတ်ဆို့ထားသောစစ်တပ်အား ထိုအခြေအနေများကို ရှင်းပြ၍ မရပါ။ ‘ရေဗူးပေါက်တာမလို ချင်၊ ရေပါတာပဲလိုချင်တယ်’ဆိုသည့်စစ်တပ် ၏ သန္ဓေအတိုင်းပင်။ ဘာမျှရှင်းပြခွင့် မရှိပါပေ။

ထို့အပြင် ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ယောက်စီးမိပါက စစ်တပ်၏ရန်ရှာမှုကို ခံရတော့သည်။ အကြမ်းဖက်စစ်တပ်သည် မထင်လျင်မထင်သလို လွတ်လပ်​ရေးအကြိုကာလ ကဖက်ဆစ်ဂျပန်များကဲသို့ပင် ပြည်သူများကို ပါးနားရိုက်ကာ စစ်ဆေးခြင်း၊ ခြေဖြင့်ကန်ကြောက်ခြင်း၊ ရိုက်နှက်ခြင်းများကို စိတ်ထင်တိုင်းပြုလုပ်ကြ​​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ထို့ထက်ဆိုးသည်မှာ လူကိုရိုက်နှက် အကြမ်း ဖက်ယုံမျှမက စီးလာသည့်ဆိုင်ကယ်ကိုပါ မတ ရားသိမ်းယူလိုက်သည်များလည်း ရှိပါသည်။ ထိုအခါ မိမိဆိုင်ကယ်အား အဆုံးအရှုံးမခံလိုပါက လဘ်ငွေသိန်းဂဏန်းပေး၍ ရွေးယူရသည်လည်း ရှိ၏။

ခရမ်းမြို့နယ်တစ်​နေရာ။ ။ ဓါတ်ပုံ-CJ

ဆိုရလျှင် စစ်တပ်က ခရမ်းမြို့အဝင်အထွက်လမ်း များကို ပိတ်ဆို့ထားသည်မှာ အကောင်းမဟုတ်။ လုံခြုံရေးအရဟု မည်သို့ပင်အ ကြောင်းပြစေ ပြည်သူများထံမှ ဖိအား​ပေးပြီး​ငွေရန် ၊ စစ်​ကောင်စီတပ်နှင့် ​နောက်လိုက် ရပ်​ကျေး​ထွေအုပ်များအတွက်ငွေရ​ပေါက် ၊ရလမ်းအတွက်ဖြစ်သည်ဆိုခြင်းကို လုပ်ရပ်များက သက်သေ ခံနေသည်။

လမ်းများပိတ်ဆို့ပြီးနောက် မြို့ပေါ်ရပ်ကွက်များကို ထင်သလို ဝင်ရောက်မွှေနှောက်သည်များ ရင်ဆိုင်နေရသည်ဟု မြို့ခံများက ရင်ဖွင့်သည်။ အထူးသဖြင့် ၎င်းတို့တိုက်ခိုက်ခံရသည့်အခါတိုင်း ပြည်သူကိုမဲတော့သည်။

ဘာသက်သေအထောက်အထားမှမရှိဘဲ ပြည်သူကို ဖမ်းချင်ဖမ်းသည်။ ထို့နောက်ရိုက်နှက် နှိပ်စက်သည်။ လူမှားဖမ်းမိသည်ကို သိသိကြီးနှင့် ၎င်းတို့စိတ်ကျေနပ်သည်အထိ ရိုက်နှက်စစ်မေးသေး၏။

စစ်ကောင်စီကဖွင့်လှစ်သည့် ဆယ်တန်းစာမေး ပွဲများပြီးလျှင် PDF များကို ယခုထက်ပို၍ ပိုက်စိပ်တိုက်ရှာမည်ဟုလည်း သတင်းများထွက်နေသည်။

“ဟုတ်မဟုတ်တော့ သေချာမပြောနိုင်ဘူး။ စာမေးပွဲတွေပြီးတာနဲ့ မြို့ပေါ်မှာ တစ်အိမ်တက်ဆင်းရှာမယ်ဆိုတာမျိုး အသံတွေထွက်နေတာရှိတယ်။ သူတို့အဲလိုတွေလုပ်လေ ပြည်သူတွေဒုက္ခရောက်လေပဲ”ဟု စစ်ကောင်စီအသိုင်း အ ဝိုင်းနှင့် နီးစပ်သည့် ခရမ်းမြို့ခံတစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့အား ခုခံတော်လှန်နေသူများကို အပူတပြင်းရှာဖွေနေခြင်းကြောင့် မြို့အဝင်အထွက်များကို ယခုကဲ့သို့ ပိတ်ဆို့ထားခြင်းဖြစ်သည်ဟု ယင်းမြို့ခံက ဆိုသည်။သည်။
စစ်​ကောင်စီတပ်က ခရမ်းမြို့ကို လမ်းများပိတ်ဆို့၍ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (PDF) ဝင်များကို ဖိနှိပ်ရန် ဆို​သော်လည်း လက်​တွေ့တွင် PDF များ၏ ခုခံတိုက်ခိုက်မှုများ အား​ကောင်း​နေဆဲဖြစ်သည်။

ခရမ်းမြို့ပေါ်တွင် မတ်လ ၁၀ ရက်က စစ်ကောင်စီသတင်းပေးဒလန်နှစ်ဦး ပစ်သတ်ခံရပြီးနောက် ယခုလအတွင်း မြို့ဝင်ထွက်လမ်း များကို ပထမအကြိမ် ပိတ်ဆို့ခဲ့သည်။ ပထမအကြိမ်မြို့အဝင်အထွက်ပိတ်ဆို့မှုအတွင်း မတ်လ ၁၃ ရက်တွင် မြို့နယ်ထွေအုပ်ရုံးနှင့် ကန်သာကျောင်းအနီး ဖောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ရှိခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က မတ်လ ၁၆ ရက်တွင် လမ်းကြောင်းများ​ခေတ္တပြန်ဖွင့်ပေးခဲ့ရာ မတ်လ ၁၈ ရက်တွင် မြို့မရဲစခန်း၊ လျှပ်စစ်ရုံး၊ သစ် တောဂိတ် စသည့်သုံးနေရာတိုက်ခိုက်ခံရရပြီး လမ်းများပြန်ပိတ်ခဲ့သည်။

ဒုတိယအကြိမ် လမ်းများပိတ်ဆို့ထားချိန် မတ်လ ၂၈ ရက်(ယမန်နေ့)က ဘုရားပျိုနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုပါ ဖြစ်ပွားခဲ့သေးသည်။ ဘုရားပျိုနယ်​မြေရဲစခန်းတိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်မှ ၁ ဦး​သေပြီး ၃ ဦးဒဏ်ရာရခဲ့သည်ဟု ခရမ်း PDF ကထုတ်ပြန်သည်။ထိုအပြင် ယ​နေ့(မတ် ၂၉ရက် ) နံနက် ၁၁ နာရီခွဲတွင်ပင် ခရမ်းအခွန်ရုံးကို စစ်​ကောင်စီအတွက် ဆက်လက်အလုပ်မလုပ်ရန် ခရမ်းPDF ကသတိ​ပေးဗုံး​ဖောက်ခဲ့​ကြောင်းထုတ်ပြန်သည်။

လမ်းများပိတ်ဆို့ထားချိန် တိုက်ခိုက်မှု​လေးကြိမ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ၁၀ ဦးဝန်းကျင်ရှိခဲ့သည်။စစ်​ကောင်စီတပ်ကို အထိ့နာ​အောင် ခုခံတိုက်ခိုက်မှု အား​ကောင်း​နေသဖြင့် ခရမ်းမြို့ကို ပို၍ဖိနှိပ်ရန် ကြိုးစား​နေခြင်းလည်းဖြစ်သည်။

ဆိုင်ကယ်ကို ၂ ​ယောက်မစီးရန် ကန့်သတ်ထားသည့်အပြင် လူငါးဦးထက်ပိုမစုရဟုလည်း စစ်​ကောင်စီတပ်က အမိန့်ထုတ်ထား​သေးသည်။

ထို့အပြင် ယခုရက်ပိုင်းများတွင် လျှပ်စစ်မီးပေးခြင်းကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားပြီး အလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးသည်။ တစ်ကြိမ်မီးလာလျှင် နှစ်နာရီမှ သုံးနာရီကြားသာလာပြီး ထိုနည်းဖြင့် တစ်ရက်လျှင် နှစ်ကြိမ်သာ မီးပေးသည်။

မီးလွှတ်ချိန်လည်း ပုံမှန်မရှိတော့ဘဲ လာချင်သည့်အချိန်လာ၍ လာပြန်လျှင်လည်း နာရီမခြားမီ ပျက်ပျက်သွားတတ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများမှာ လျှပ်စစ်မီးကို ယခင်လိုအားကိုး ၍မရတော့ဘဲ ထင်း၊ မီးသွေးစသည်တို့ဆောင်ထားရသည့်အပြင် ဘက်ထရီအိုး၊ အင်ဂျင်မီးအတွက် ဒီဇယ်၊ ဓာတ်ဆီ စသည့်တို့အတွက် အပိုကုန်ကျမှုများ ရှိလာသည်။

လမ်းများမပိတ်ဆို့မီက ဓာတ်ဆီနှင့် ဒီဇယ်စျေးများမှာ တစ်ဂါလံလျှင် ကျပ် ၇၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ရက်ပိုင်းအတွင်း ဆီတစ်ဂါလံ ကျပ် ၉၀၀၀ အထိ ထိုးတက်သွားသည်။ အလားတူ အခြေခံစားသောက်ကုန်စျေးနှုန်းများမှာလည်းယခင်ထက် ကျပ်ထောင်ဂဏန်းအထိ မြင့်တက်လာရာ ပုံမှန်ဝင်ငွေမရှိသူများအဖို့ စားဝတ်နေရေး ရင်လေးစရာပင်။

ဆိုရလျှင် စစ်ကောင်စီတပ်က ၎င်းတို့အုပ်ချုပ်​ရေးယန္တရားလည်ပတ်နိုင်ရန် ရပ်ကျေးအုပ်ချုပ်ရေးကို အတင်းအသက်ပြန်သွင်းနေသည့် ယခုအခြေအနေတွင် အများပြည်သူ သွားလာရေးအဆင်မပြေသည့်အပြင် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း၊ သယ် ယူပို့ဆောင်ခများမြင့်တက်လာ၍ ကုန်စျေးနှုများမြင့်တက်ခြင်း စသည့်ဆိုးကျိုးများကို ဒေ သခံများ ခါးစည်းခံနေရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်များမှာ အများပြည်သူဒုက္ခရောက်ပြီး အထွေ ထွေအကြပ်အတည်းသို့ တွန်းပို့ရာရောက်နေကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထောက်ပြထားသည်။

ပို၍ ဆိုးသည်မှာ အကြမ်းဖက်စစ်​ကောင်စီတပ်သားများက စစ်​ဆေး​ရေးဂိတ်များတွင် ဖြစ်​စေ ၊ ကင်းလှည်​နေစဥ်တွင်ဖြစ်​စေ ဒေသခံအမျိုးသမီးများ ကိုတစ်ဦးတည်း​တွေ့လျှင် ကာယိန္ဒြ​ ပျက်ပြား​အောင်​ပြောဆိုခြင်း ၊ကိုယ်ထိ့လက်​ရောက်ကျူးလွန်ခြင်းများရှိ​နေ၍ တစ်​ယောက်တည်းအပြင်မသွားရန်၊ ညအချိန် အပြင်မထွက်ရန်ပင် အချင်းချင်းသတိ​ပေး​နေရသည်။

“ခရမ်းမြို့နေ မိဘပြည်သူများအနေဖြင့် မိမိနေအိမ်တွင် သမီးမိန်းကလေးများရှိနေပါက အိမ်အပြင်သို့တစ်ယောက်တည်း မလွှတ်ကြပါရန်နှင့် ညအချိန်မတော် နေအိမ်အပြင်သို့ မထွက်ခိုင်းကြပါရန် ထပ်လောင်း အထူးသတိပေးထုတ်ပြန်အပ်ပါသည်” ဟု​ဒေသတွင်းသတင်းများ​ဖော်ပြ​ပေး​နေ​သော Khayan Channel ကအသိ​ပေးထား​ရလေသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။