Connect with us

Hi, what are you looking for?

ဆောင်းပါး

လမ်းတွေဖျက်ဆီးသည့် စစ်ကောင်စီ

ရေကျော်တံတားတစ်စင်းစာခန့် ထိုးကော်ကာဖျက်ဆီးသွားသဖြင့် ကားအစ ဆိုင်ကယ်အဆုံး မည်သည့်ယာဥ်မျှ ဖြတ်သန်း၍ မရတော့ကြောင်း ဒေသခံများကပြောသည်။

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လမ်းပိုင်းသုံးခုကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်ဖျက်ဆီးသွားသည်။

မုံရွာတောင်နယ်နှင့်ချောင်းဦးမြို့နယ်​နေပြည်သူများ အားထားနေရသည့် မုံရွာ-အမြင့်လမ်းသို့ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်​ကောင်စီတပ်က စစ်ကားကြီးတစ်စီး၊ အိမ်စီးကားတစ်စီး အင်အား၃၀ခန့်ဖြင့် ရောက်ရှိလာခဲ့သည်။

ထိုလမ်းပေါ်ရှိ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက် ကျောက်ပေါက်ကွေ့တွင် ကားလမ်းအား မြေကော်စက်(ဘူဒိုဇာ)ဖြင့် ထိုးကော်ကာဖျက်ဆီး​တော့သည်။

ရေကျော်တံတားတစ်စင်းစာခန့် ထိုးကော်ကာဖျက်ဆီးသွားသဖြင့် ကားအစ ဆိုင်ကယ်အဆုံး မည်သည့်ယာဥ်မျှ ဖြတ်သန်း၍ မရတော့ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

ထိုမျှမက အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ခွဲခန့်တွင်လည်း မုံရွာ-အမြင့်လမ်းပေါ်ရှိ ညောင်ပင်စောက်တောင်အထွက်နေရာကိုလည်း စစ်ကောင်စီတပ်က ဘူဒိုဇာဖြင့် ထပ်မံလာရောက်ဖျက်ဆီးပြန်သည်။

ထိုနေရာကို အောက်တိုဘာလ ၄ ရက်နေ့က ပထမအကြိမ်လာရောက်ဖျက်ဆီးသွားပြီးနောက် ပြည်သူများက လမ်းကို ပြန်လည်ပြုပြင်ခဲ့ကြ၍ ဒုတိယအကြိမ်လာ​ရောက်ဖျက်ဆီးခြင်းဖြစ်သည်။ ဒုတိယအကြိမ်တွင် ယခင်ထက်ပိုဆိုး​အောင် ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လမ်းကိုပြန်ပြင်ပါက အ​ရေးယူမည်ဟုလည်းခြိမ်း​ခြောက်သွား​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။

အလားတူအောက်တိုဘာလ (၅) ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်ကလည်း မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာသို့ မြို့ပေါ်မှ သံပြားကာ (၂) စီး ၊ ဘတ်ဖိုး (၁) စီး ရောက်ရှိလာပြီး လယ်ဇင်ရွာထိပ် ဆိုင်းဘုတ်အနီးတွင် ရွာလမ်းကို ဘတ်ဖိုးဖြင့်ထိုးကာ ဖျက်ဆီးသွားခဲ့ပြန်သည်။

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

“အကျယ် ဆယ်ပေလောက်ရှိတယ်။ လယ်ဇင်ရွာထဲထိ မရောက်ဘူး။ ရွာထောင်နဲ့လယ်ဇင်ကြားလမ်းဖျက်သွားတာပါ။ ဖို့ရင်ဖို့ မဖို့ရင်တံတားထိုးမှရတော့မယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အများပြည်သူသွားလာနေသည့်လမ်းကိုပင် ဖျက်ဆီးသွား၍ စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ပိုမိုစက်ဆုတ်လာကြကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေပြေးမရအောင်လမ်းကိုဖြတ်တာနေမှာ။ အဲလိုတွေ လုပ်ပြလေ ပြည်သူက စိတ်နာလေပဲ။”ဟု နယ်ခံတစ်ဦးက မှတ်ချက်ပြုသည်။

စစ်​ကောင်စီတပ်က အများပြည်သူ အသုံးပြု​နေ​သောလမ်းများဖျက်ဆီး​နေခြင်းနှင့်ပတ်သပ်၍ မုံရွာမြို့နယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywa အဖွဲ့မှ တာဝန်ရှိသူ Daung Karyan က “ဒီလမ်းတွေက အဓိက မုံရွာတောင်ဘက်အထွက် အဝင်မှာ ​ွေးတွေကို ပြည်သူတွေ အဆင်ပြေသလို ရှောင်ကွင်းသွားကြတဲ့လမ်းတွေပါ။ ဒီလမ်းတွေကို ဖျက်လိုက်တော့ မုံရွာကို တောင်ဘက်က အဝင်အထွက် လုပ်မယ်ဆိုရင် မုံရွာ-မန္တလေးလမ်းမကြီးကိုပဲ ​ွေးတွေက အသုံးပြုကြစေချင်ပုံရပါတယ်။ အများပြည်သူသွားလာနေတဲ့လမ်းတွေ ဖျက်ဆီးကတည်းက ပြည်သူတွေသွားရေးလာရေး ခက်ခဲမှာကတော့ အသေအချာပါပဲ။ “ဟု မှတ်ချက်ပြုသည်။

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

စစ်ကောင်စီဖျက်ဆီးခဲ့သောလမ်းများသည် စစ်အာဏာရှင်ကိုဆန့်ကျင်မှုအားကောင်းခဲ့သော ကျေးရွာများသို့ သွားရာလမ်းများဖြစ်သည်။ မုံရွာ-အမြင့်လမ်းတစ်လျှောက်ရှိ ကျေးရွာများသည် စစ်အာဏာသိမ်းပြီးစကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ တောက်လျှောက် ရှိခဲ့သည်။ လယ်ဇင်ရွာသည်လည်း ရွေးကောက်ပွဲကာလကတည်းက တစ်ရွာလုံး NLDကိုမဲထည့်မည်ဟု ဆိုင်းဘုတ်ထောင် ကြွေးကြော်ခဲ့သည့်ရွာဖြစ်သည်။

လယ်ဇင်ရွာကော မုံရွာ-အမြင့်လမ်းဘေးကျေးရွာများပါ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အငြှိုးထားဖျက်ဆီးသတ်ဖြတ်မှုများ မကြာခဏ ကြုံခဲ့ ကြုံနေရသည်။

“ဒီလမ်းတွေဖျက်တာနဲ့ မုံရွာတောင်ဘက်ပိုင်းက ကျေးရွာတွေ ဝင်ရောက်ဖမ်းဆီး နှိပ်စက် မီးရှို့ဖျက်ဆီးခံနေရတာတွေက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်မှန်း အားလုံးသိကြမှာပါ။ ​ေ-က်ကောင်စီက အလုံးစုံပျက်စီးရေးကို ဦးတည်နေပါပြီ။

ပြည်သူများအားလုံး ဒီထက်ပိုပြီး စည်းလုံးကြဖို့ လိုနေပါပြီ။ “ဟု PDF-South Monywa အဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ပြောကြားသည်။

လမ်းပိုင်းဖျက်ဆီးခံထားရ၍ ကုန်ရောင်းကုန်ဝယ်ကအစ ကျန်းမာရေးကိစ္စအဆုံး သွားရေးလာရေးခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

“ဒီအခြေအနေတွေ လွန်မြောက်ဖို့ကလည်း တော်လှန်ရေး​​​ မြန်ဆန်စွာအောင်မြင်မှဖြစ်မှာပါကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများဟာ ပြည်သူကပေါက်ဖွားလာတဲ့ ပြည်သူစစ်စစ်တွေပါ။ ပြည်သူတွေနဲ့ အနီးဆုံးနေရာမှာ တသားတည်းရှိနေ​ကြပါတယ်။ကျွန်တော်တို့အားလုံး စည်းလုံးစုစည်းစွာနဲ့ အခြေအနေတိုင်းကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်ကြရအောင်ပါ။”ဟု PDF-South Monywa အဖွဲ့မှတာဝန်ရှိသူကပြောသည်။

စစ်အာဏာရှင်များသည် တိုင်းပြည်နှင့်ပြည်သူများကိုမည်သည့်အခါတွင်မှ ​ကောင်းကျိုးမ​ပေးဘဲ ဖျက်ဆီးခြင်းကိုသာပြုလုပ်တက်​ကြောင်း ယခုဖြစ်ရပ်က သက်​သေပြ​နေပြီး ယခုဖြစ်ရပ်ကိုလည်းမှတ်တမ်းတင်ထားကာ မ​မေ့ကြရန်လို​ကြောင်း​ပြည်သူတစ်ဦးကလည်း​ပြောသည်။

စစ်​ကောင်စီကဖျက်ဆီး၍ လမ်းများပျက်စီးသွား​သော်လည်း​ဒေသခံပြည်သူများ၏စိတ်ဓါတ်ကိုမူ မဖျက်ဆီးနိုင်​ပေ။ထိုအချက်ကို ​ဒေသခံတစ်ဦး၏ ​ပြောစကားက ထင်ရှား​စေခဲ့ခြင်းဖြစ်သည်။

“ကိုယ်ထူကိုယ်ထပြန်ပြီးမြေဖို့ကြရတော့မှာပေါ့။အောင်ပွဲရပြီးချိန်မှာလည်း ပြန်လည်ထူထောင်ရေးတွေ အများကြီး လုပ်ကြရမှာမို့ အခုကတည်းက ကိုယ်ထူကိုယ်ထ လုပ်ဆောင်ကြဖို့ အချိန်ရောက်လာပြီ ညီနောင်တို့ ညီစေနော်”ဟု​ဒေသခံတစ်ဦးက​ပြောပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။