Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

လမ်းတွေဖျက်ဆီးသည့် စစ်ကောင်စီ

ရေကျော်တံတားတစ်စင်းစာခန့် ထိုးကော်ကာဖျက်ဆီးသွားသဖြင့် ကားအစ ဆိုင်ကယ်အဆုံး မည်သည့်ယာဥ်မျှ ဖြတ်သန်း၍ မရတော့ကြောင်း ဒေသခံများကပြောသည်။

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လမ်းပိုင်းသုံးခုကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်ဖျက်ဆီးသွားသည်။

မုံရွာတောင်နယ်နှင့်ချောင်းဦးမြို့နယ်​နေပြည်သူများ အားထားနေရသည့် မုံရွာ-အမြင့်လမ်းသို့ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်​ကောင်စီတပ်က စစ်ကားကြီးတစ်စီး၊ အိမ်စီးကားတစ်စီး အင်အား၃၀ခန့်ဖြင့် ရောက်ရှိလာခဲ့သည်။

ထိုလမ်းပေါ်ရှိ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက် ကျောက်ပေါက်ကွေ့တွင် ကားလမ်းအား မြေကော်စက်(ဘူဒိုဇာ)ဖြင့် ထိုးကော်ကာဖျက်ဆီး​တော့သည်။

ရေကျော်တံတားတစ်စင်းစာခန့် ထိုးကော်ကာဖျက်ဆီးသွားသဖြင့် ကားအစ ဆိုင်ကယ်အဆုံး မည်သည့်ယာဥ်မျှ ဖြတ်သန်း၍ မရတော့ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

ထိုမျှမက အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ခွဲခန့်တွင်လည်း မုံရွာ-အမြင့်လမ်းပေါ်ရှိ ညောင်ပင်စောက်တောင်အထွက်နေရာကိုလည်း စစ်ကောင်စီတပ်က ဘူဒိုဇာဖြင့် ထပ်မံလာရောက်ဖျက်ဆီးပြန်သည်။

ထိုနေရာကို အောက်တိုဘာလ ၄ ရက်နေ့က ပထမအကြိမ်လာရောက်ဖျက်ဆီးသွားပြီးနောက် ပြည်သူများက လမ်းကို ပြန်လည်ပြုပြင်ခဲ့ကြ၍ ဒုတိယအကြိမ်လာ​ရောက်ဖျက်ဆီးခြင်းဖြစ်သည်။ ဒုတိယအကြိမ်တွင် ယခင်ထက်ပိုဆိုး​အောင် ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လမ်းကိုပြန်ပြင်ပါက အ​ရေးယူမည်ဟုလည်းခြိမ်း​ခြောက်သွား​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။

အလားတူအောက်တိုဘာလ (၅) ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်ကလည်း မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာသို့ မြို့ပေါ်မှ သံပြားကာ (၂) စီး ၊ ဘတ်ဖိုး (၁) စီး ရောက်ရှိလာပြီး လယ်ဇင်ရွာထိပ် ဆိုင်းဘုတ်အနီးတွင် ရွာလမ်းကို ဘတ်ဖိုးဖြင့်ထိုးကာ ဖျက်ဆီးသွားခဲ့ပြန်သည်။

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

“အကျယ် ဆယ်ပေလောက်ရှိတယ်။ လယ်ဇင်ရွာထဲထိ မရောက်ဘူး။ ရွာထောင်နဲ့လယ်ဇင်ကြားလမ်းဖျက်သွားတာပါ။ ဖို့ရင်ဖို့ မဖို့ရင်တံတားထိုးမှရတော့မယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အများပြည်သူသွားလာနေသည့်လမ်းကိုပင် ဖျက်ဆီးသွား၍ စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ပိုမိုစက်ဆုတ်လာကြကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေပြေးမရအောင်လမ်းကိုဖြတ်တာနေမှာ။ အဲလိုတွေ လုပ်ပြလေ ပြည်သူက စိတ်နာလေပဲ။”ဟု နယ်ခံတစ်ဦးက မှတ်ချက်ပြုသည်။

စစ်​ကောင်စီတပ်က အများပြည်သူ အသုံးပြု​နေ​သောလမ်းများဖျက်ဆီး​နေခြင်းနှင့်ပတ်သပ်၍ မုံရွာမြို့နယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywa အဖွဲ့မှ တာဝန်ရှိသူ Daung Karyan က “ဒီလမ်းတွေက အဓိက မုံရွာတောင်ဘက်အထွက် အဝင်မှာ ​ွေးတွေကို ပြည်သူတွေ အဆင်ပြေသလို ရှောင်ကွင်းသွားကြတဲ့လမ်းတွေပါ။ ဒီလမ်းတွေကို ဖျက်လိုက်တော့ မုံရွာကို တောင်ဘက်က အဝင်အထွက် လုပ်မယ်ဆိုရင် မုံရွာ-မန္တလေးလမ်းမကြီးကိုပဲ ​ွေးတွေက အသုံးပြုကြစေချင်ပုံရပါတယ်။ အများပြည်သူသွားလာနေတဲ့လမ်းတွေ ဖျက်ဆီးကတည်းက ပြည်သူတွေသွားရေးလာရေး ခက်ခဲမှာကတော့ အသေအချာပါပဲ။ “ဟု မှတ်ချက်ပြုသည်။

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

စစ်ကောင်စီဖျက်ဆီးခဲ့သောလမ်းများသည် စစ်အာဏာရှင်ကိုဆန့်ကျင်မှုအားကောင်းခဲ့သော ကျေးရွာများသို့ သွားရာလမ်းများဖြစ်သည်။ မုံရွာ-အမြင့်လမ်းတစ်လျှောက်ရှိ ကျေးရွာများသည် စစ်အာဏာသိမ်းပြီးစကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ တောက်လျှောက် ရှိခဲ့သည်။ လယ်ဇင်ရွာသည်လည်း ရွေးကောက်ပွဲကာလကတည်းက တစ်ရွာလုံး NLDကိုမဲထည့်မည်ဟု ဆိုင်းဘုတ်ထောင် ကြွေးကြော်ခဲ့သည့်ရွာဖြစ်သည်။

လယ်ဇင်ရွာကော မုံရွာ-အမြင့်လမ်းဘေးကျေးရွာများပါ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အငြှိုးထားဖျက်ဆီးသတ်ဖြတ်မှုများ မကြာခဏ ကြုံခဲ့ ကြုံနေရသည်။

“ဒီလမ်းတွေဖျက်တာနဲ့ မုံရွာတောင်ဘက်ပိုင်းက ကျေးရွာတွေ ဝင်ရောက်ဖမ်းဆီး နှိပ်စက် မီးရှို့ဖျက်ဆီးခံနေရတာတွေက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်မှန်း အားလုံးသိကြမှာပါ။ ​ေ-က်ကောင်စီက အလုံးစုံပျက်စီးရေးကို ဦးတည်နေပါပြီ။

ပြည်သူများအားလုံး ဒီထက်ပိုပြီး စည်းလုံးကြဖို့ လိုနေပါပြီ။ “ဟု PDF-South Monywa အဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ပြောကြားသည်။

လမ်းပိုင်းဖျက်ဆီးခံထားရ၍ ကုန်ရောင်းကုန်ဝယ်ကအစ ကျန်းမာရေးကိစ္စအဆုံး သွားရေးလာရေးခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)
(သတင်းဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးနှင့် CJ)

“ဒီအခြေအနေတွေ လွန်မြောက်ဖို့ကလည်း တော်လှန်ရေး​​​ မြန်ဆန်စွာအောင်မြင်မှဖြစ်မှာပါကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများဟာ ပြည်သူကပေါက်ဖွားလာတဲ့ ပြည်သူစစ်စစ်တွေပါ။ ပြည်သူတွေနဲ့ အနီးဆုံးနေရာမှာ တသားတည်းရှိနေ​ကြပါတယ်။ကျွန်တော်တို့အားလုံး စည်းလုံးစုစည်းစွာနဲ့ အခြေအနေတိုင်းကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်ကြရအောင်ပါ။”ဟု PDF-South Monywa အဖွဲ့မှတာဝန်ရှိသူကပြောသည်။

စစ်အာဏာရှင်များသည် တိုင်းပြည်နှင့်ပြည်သူများကိုမည်သည့်အခါတွင်မှ ​ကောင်းကျိုးမ​ပေးဘဲ ဖျက်ဆီးခြင်းကိုသာပြုလုပ်တက်​ကြောင်း ယခုဖြစ်ရပ်က သက်​သေပြ​နေပြီး ယခုဖြစ်ရပ်ကိုလည်းမှတ်တမ်းတင်ထားကာ မ​မေ့ကြရန်လို​ကြောင်း​ပြည်သူတစ်ဦးကလည်း​ပြောသည်။

စစ်​ကောင်စီကဖျက်ဆီး၍ လမ်းများပျက်စီးသွား​သော်လည်း​ဒေသခံပြည်သူများ၏စိတ်ဓါတ်ကိုမူ မဖျက်ဆီးနိုင်​ပေ။ထိုအချက်ကို ​ဒေသခံတစ်ဦး၏ ​ပြောစကားက ထင်ရှား​စေခဲ့ခြင်းဖြစ်သည်။

“ကိုယ်ထူကိုယ်ထပြန်ပြီးမြေဖို့ကြရတော့မှာပေါ့။အောင်ပွဲရပြီးချိန်မှာလည်း ပြန်လည်ထူထောင်ရေးတွေ အများကြီး လုပ်ကြရမှာမို့ အခုကတည်းက ကိုယ်ထူကိုယ်ထ လုပ်ဆောင်ကြဖို့ အချိန်ရောက်လာပြီ ညီနောင်တို့ ညီစေနော်”ဟု​ဒေသခံတစ်ဦးက​ပြောပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။