Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ပျူရွာသားများ၏ ဖွင့်ဟဝန်ခံချက်

စစ်တပ်ကအာဏာသိမ်းပြီး PDFအဖွဲ့တွေ ပေါ်ပေါက်လာပြီးနောက်မှာ အင်မထီးရွာကို စစ်တပ်ကလာအထိုင်ချပါတယ်။ အင်မထီးရွာဟာ အိမ်ခြေ ၅၀၀ခန့်ရှိပါတယ်။

(ရွာတည်​နေရာ/ အလင်းဝင်လာသော အင်မထီးပျူရွာမှ စစ်သားနဲ့ ရွာသူရွာသားများအား ပုလဲပအဖနှင့် ယင်းမာပင်ခရိုင်တပ်ရင်းတို့ကလက်ခံခဲ့စဥ်။ ဓာတ်ပုံ-ပုလဲပအဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆)
(ရွာတည်​နေရာ/ အလင်းဝင်လာသော အင်မထီးပျူရွာမှ စစ်သားနဲ့ ရွာသူရွာသားများအား ပုလဲပအဖနှင့် ယင်းမာပင်ခရိုင်တပ်ရင်းတို့ကလက်ခံခဲ့စဥ်။ ဓာတ်ပုံ-ပုလဲပအဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆)

အသက် ၅၈ နှစ်အရွယ် ဦးအေး(အမည်လွှဲ)ဟာ ပုလဲမြို့နယ်က နာမည်ကျော် အင်မထီးကျေးရွာကပါ။ ပုလဲ-ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့ အင်မထီးရွာဟာ အရင်ကတော့ လူသိနည်းတဲ့ အညာက သာမန်ရွာတစ်ရွာပါပဲ။ ဒါပေမယ့် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အင်မထီးရွာဟာ ဂုဏ်ပုဒ်တစ်ခုနဲ့အတူ နာမည်ကျော်လာပါတော့တယ်။ အင်မထီးပျူ​စောထီးရွာဆိုပြီး​တော့ပါ။

စစ်တပ်ကအာဏာသိမ်းပြီး PDFအဖွဲ့တွေ ပေါ်ပေါက်လာပြီးနောက်မှာ အင်မထီးရွာကို စစ်တပ်ကလာအထိုင်ချပါတယ်။ အင်မထီးရွာဟာ အိမ်ခြေ ၅၀၀ခန့်ရှိပါတယ်။

အဲဒီနောက်တော့ ရွာက စိမ်းသရဖူစိမ်းတဲ့ စစ်တပ်အမာခံတွေနဲ့ ပြည်သူ့စစ်ဆိုပြီး ဖွဲ့တယ်။ ရွာထဲက လူငယ်လူရွယ်တွေ အကုန်ပြည်သူ့စစ်ထဲဝင်ရတယ်။

(ရွာတည်​နေရာ/ အလင်းဝင်လာသော အင်မထီးပျူရွာမှ စစ်သားနဲ့ ရွာသူရွာသားများအား ပုလဲပအဖနှင့် ယင်းမာပင်ခရိုင်တပ်ရင်းတို့ကလက်ခံခဲ့စဥ်။ ဓာတ်ပုံ-ပုလဲပအဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆)
(ရွာတည်​နေရာ/ အလင်းဝင်လာသော အင်မထီးပျူရွာမှ စစ်သားနဲ့ ရွာသူရွာသားများအား ပုလဲပအဖနှင့် ယင်းမာပင်ခရိုင်တပ်ရင်းတို့ကလက်ခံခဲ့စဥ်။ ဓာတ်ပုံ-ပုလဲပအဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆)

ပြည်သူ့စစ်ဆို​တောစစ်​ကောင်စီက​ပေးတဲ့ အမည်ပါ ။စစ်​ကောင်စီတပ်က လက်နက်တပ်ဆင်​ပေးပြီး စစ်​ကောင်စီခိုင်းတဲ့အတိုင်း ပြည်သူ​တွေကို သတ်ဖြတ် ၊လုယက် အကြမ်းဖက်တာ​တွေကို စစ်တပ်နဲ့အတူကျူးလွန်ပါတယ် ။စစ်​ကောင်စီက စတင်​ယေဖွဲ့​ပေးခဲ့ချိန် သုံးခဲ့တဲ့ ပျူ​စောထီးဆိုတဲ့ အမည်ကိုပဲ ပြည်သူ​တွေက အဓိက ​ခေါ်​ဝေါသုံးစွဲကြပါတယ် ။

Public Service Announcement

Public Service Announcement

“ကျွန်တော့်ကျ အသက်ကြီးလို့ဆိုပြီး လက်နက်တော့မကိုင်ရဘူး။ ငယ်တဲ့ကလေးတွေဝင်ခိုင်းတာ။”လို့ ဦးအေးက ပြောပြတယ်။

အဲဒီလိုဖွဲ့တာကို လက်မခံနိုင်တဲ့၊ အဖွဲ့ထဲလည်း မပါချင်တဲ့ ရွာခံတွေလည်း ရှိတယ်။ သူတို့ကတော့ အစောပိုင်းကာလမှာကတည်းက အင်မထီးကနေထွက်ခွာ လွတ်မြောက်သွားခဲ့ကြတယ်။

“အင်မထီးပျူရွာစဖြစ်ကတည်းက မနေလိုတော့လို့ ထွက်လာတဲ့ ပြည်သူတွေရှိတယ်။ အဲဒီပြည်သူတွေကိုလည်းစောင့်ရှောက်ပေးခဲ့တယ်။”လို့ ပုလဲပအဖအဖွဲ့ လူသားစာနာတာဝန်ခံက ပြောပါတယ်။

ဦးအေးတို့ကတော့ ရွာထဲမှာပဲ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ အဟိန်းအဟောက် အခြောက်အလှန့်တွေကြားမှာပဲ ကျန်ခဲ့မိတယ်။

(ရွာတည်​နေရာ/ အလင်းဝင်လာသော အင်မထီးပျူရွာမှ စစ်သားနဲ့ ရွာသူရွာသားများအား ပုလဲပအဖနှင့် ယင်းမာပင်ခရိုင်တပ်ရင်းတို့ကလက်ခံခဲ့စဥ်။ ဓာတ်ပုံ-ပုလဲပအဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆)
(ရွာတည်​နေရာ/ အလင်းဝင်လာသော အင်မထီးပျူရွာမှ စစ်သားနဲ့ ရွာသူရွာသားများအား ပုလဲပအဖနှင့် ယင်းမာပင်ခရိုင်တပ်ရင်းတို့ကလက်ခံခဲ့စဥ်။ ဓာတ်ပုံ-ပုလဲပအဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆)

အင်မထီးက စစ်တပ်နဲ့ပျူတွေဟာ ပုလဲနယ်အတွင်းကရွာတွေကို စစ်ကြောင်းထိုးတယ်။ မီးရှို့တယ်။ တော်လှန်ရေးလုပ်နေတဲ့သူ၊ ၎င်းတို့နဲ့ပတ်သက်နေတဲ့သူတွေဆိုရင် ဖမ်းဆီးသတ်ဖြတ်တာတွေအထိ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်မထီးကထွက်ပြေးလွတ်မြောက်လာတဲ့၁၆ နှစ်အရွယ်သာရှိ​သေးတဲ့လူငယ်လေးတစ်ယောက်ဆိုရင် ရွာထဲကစစ်သားနဲ့ပျူတွေ လူ ၃ ယောက်အထိ သတ်တာကိုမြင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ဖမ်းလာတဲ့လူတွေကို ဓားတွေဓားရှည်တွေနဲ့ထိုးသတ်တာလို့ ပုလဲပအဖအဖွဲ့ဝင်တွေကို ပြန်ပြောပြတယ်။

အဲဒီလို ရက်စက်မှုတွေကြောင့် သူတို့ရွာကို တော်လှန်ရေးအဖွဲ့တွေက အကြိမ်ပေါင်းများစွာ လာရောက်တိုက်ခိုက်တာခံရပါတယ်။ စစ်တပ်နဲ့ပျူစောထီးအဖွဲ့တွေလည်း သေကြကြေကြပါတယ်။ အဝေးကနေ လက်နက်ကြီးနဲ့ အထုခံရတာကတော့ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ ဦးအေးတို့တတွေ ဘယ်နေ့ သေမလဲဆိုတာကို ရင်တမမနဲ့ နေခဲ့ရတယ်။

၂၀၂၂ ခုနှစ်ထဲမှာတော့ အင်မထီးကနေ မိသားစုတချို့ ပြင်ပကို ထွက်ပြေးတာတွေရှိလာတယ်။ ဒါပေမယ့်ဦးအေးတို့ ထွက်ပြေးတဲ့လမ်းစဉ်နောက် မလိုက်ရဲသေးဘူး။ ဘာလို့လဲဆိုတော့ ရွာထဲကပျူတွေရဲ့ ခြောက်လုံးလှန့်လုံးတွေကြောင့်ပါ။ အပြင်ရောက်ရင် PDF တွေသတ်တာခံရမယ်ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်တယ်လို့ ထွက်ပြေးလာသူတွေက ပုလဲပအဖအဖွဲ့ကို ပြောပြကြတယ်။

“မထွက်အောင်ခြောက်တယ်။ အခက်အခဲရှိတော့ အကုန်ထွက်ချင်တော့ မထွက်အောင် ခြောက်တယ်။လူနည်းသွားမှာစိုးတာ။”လို့ ဦးအေးက သူ့ထင်မြင်ချက်ကို ပြောပြတယ်။

ဦးအေးတို့ နောက်ထပ် အကြီးမားဆုံးရင်ဆိုင်လာရတာကတော့ စားနပ်ရိက္ခာကိစ္စပါ။ စစ်တပ်အထိုင်ချထားပြီး ပျူစောထီးအားကောင်းတဲ့သူတို့အင်မထီးရွာကို ဒေသတွင်း PDF တွေက ပတ်ပတ်လည်ပိတ်ဆို့ထားနိုင်တော့ ရိက္ခာအတွက် အခက်အခဲရှိလာခဲ့ပါတယ်။

(ရွာတည်​နေရာ/ အလင်းဝင်လာသော အင်မထီးပျူရွာမှ စစ်သားနဲ့ ရွာသူရွာသားများအား ပုလဲပအဖနှင့် ယင်းမာပင်ခရိုင်တပ်ရင်းတို့ကလက်ခံခဲ့စဥ်။ ဓာတ်ပုံ-ပုလဲပအဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆)
(ရွာတည်​နေရာ/ အလင်းဝင်လာသော အင်မထီးပျူရွာမှ စစ်သားနဲ့ ရွာသူရွာသားများအား ပုလဲပအဖနှင့် ယင်းမာပင်ခရိုင်တပ်ရင်းတို့ကလက်ခံခဲ့စဥ်။ ဓာတ်ပုံ-ပုလဲပအဖ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆)

“ပဲစေ့ပြုတ်စားရတာ။ ဒီပဲကုန်ရင်လည်း စားစရာမရှိသလောက်ဖြစ်တာ။”လို့ ဦးအေးက ပြောပြတယ်။ပဲစေ့ဆိုတာ ပဲစင်းငုံကိုပြောတာပါ။

“အဓိကကတော့ အငတ်ပြဿနာပါပဲ။ အစာရေစာရှားတယ်။ နှစ်နှစ်အတွင်းမယ် မိသားစုတစ်စုကို ပဲစင်းငုံငါးတင်းလောက်အထိ စားခဲ့ရတဲ့ အခြေအနေ ရှိခဲ့တယ်လို့ ပြောတယ်။”လို့ ပုလဲပအဖအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံက ပြောပါတယ်။

နောက်ဆုံး အငတ်ပြဿနာက တအားဆိုးရွားလာတယ်။ ထွက်ပြေးတဲ့သူတွေလည်း များလာတယ်။ နောက်တော့ ဦးအေးတို့လည်း ထွက်ပြေးဖို့ စီစဉ်ကြတယ်။နိုဝင်ဘာလအတွင်းက သူတို့ရွာကိုလာတဲ့ စစ်ကောင်စီယာဉ်တန်း ညတစ်ညမှာ ပြန်အထွက် ခိုးလိုက်လာခဲ့ကြတယ်။

ခိုးလိုက်လာတယ်ဆိုတာဒီလိုပါ။ အဲဒီယာဉ်တန်းကို လိုက်ချင်တဲ့သူတွေလိုက်လို့ရတယ်လို့ ရွာထဲကပျူခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမယ့်စာရင်းပေးပြီးလိုက်ရင် ဟိုကျဘာခိုင်းမယ်မသိတော့စာရင်း မပေးရဲကြဘူး။ ဒါနဲ့ ပျူခေါင်းဆောင်တွေကိုတော့အသိမပေးဘဲ ယာဉ်တန်းကစစ်သားတွေကိုအသိပေးပြီး ခိုးလိုက်လာကြတယ်။

အင်မထီးတင်မကဘူး။ အင်မထီးလိုပဲ ပျူစောထီးရွာဖြစ်တဲ့ ဇီးဖြူကုန်းပျူရွာက လူတွေပါ ပါကြတယ်။ စုစုပေါင်းတစ်ရာကျော်တယ်လို့ ထွက်ပြေးလာသူတွေက ပြောတယ်။

အဲဒီယာဉ်တန်းနဲ့အတူ ပုလဲမြို့ပေါ်ပါသွားတယ်။ ပုလဲမြို့ပေါ်မှာတစ်လကျော်ကြာတယ်။ နောက်တော့ ယင်းမာပင်မြို့ပေါ်အထိ ပါသွားကြပြီး ယင်းမာပင်ကနေမှတဆင့် ပုလဲနယ်ဘက်ကို ခြေလျင်ပြန်လျှောက်လာကြတာလို့ ပုလဲပအဖလူသားစာနာတာဝန်ခံက ပြောပါတယ်။ သူတို့ကို ဖုန်းဆက်ပြီးတော့လည်း ပြန်ခေါ်တယ်။ ဒါပေမယ့်ပြန်မသွားကြတော့ဘူး။

အဲဒီနောက်တော့ ပုလဲပအဖအဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ကြတယ်။ စုစုပေါင်း အင်မထီးပျူရွာက ၃၁ ဦး၊ ဇီးဖြူကုန်းပျူရွာက ၂၀ ဦး အလင်းဝင်လာခဲ့ကြတယ်။ ကျန်တဲ့သူတွေလည်း သူတို့နဲ့နီးစပ်ရာ သင့်ရာဒေသတွေဆီ ပြေးကြပြီ။

“အပြင်ထွက်ရင် PDF တွေက သတ်တယ်ပြုတယ်ဆိုတာတွေ မှားယွင်းတဲ့ဝါဒဖြန့်ခံရတာတွေရှိတော့ အပြင်လည်း မဆက်သွယ်ရဲဘူး။ ရွာထဲနေရင်လည်း အချိန်မရွေးတိုက်ပွဲတွေဖြစ်တာရော။ လက်နက်ကြီးကျတာတွေရော ငတ်တာတွေရော မခံနိုင်တော့ အပြင်ရောက်ပြီးရောဆိုပြီး ယာဉ်တန်းနဲ့ခိုးလိုက်ကြတာ။”လို့ ပုလဲပအဖအဖွဲ့ လူသားစာနာတာဝန်ခံက ပြန်ပြောပြပါတယ်။

အလင်းဝင်လာကြသူတွေကို ပုလဲပအဖအဖွဲ့ကနေ တက်နိုင်သလောက်ထောက်ပံ့တယ်။

“တော်လှန်ရေးကို ကူနိုင်ရင်ကူပါ။ မကူနိုင်လည်း အေးအေးချမ်းချမ်းနေပါလို့ ခံဝန်တွေလက်မှတ်ထိုးခိုင်းထားတယ်။”လို့ ပုလဲပအဖအဖွဲ့ လူသားစာနာတာဝန်ခံက ပြောပါတယ်။

အခုဆိုရင် အင်မထီးက ပျူတွေနဲ့ ရွာသူရွာသားတွေတင်မကပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ အင်မထီးရွာကို တာဝန်လာကျတဲ့ အဆရ အမှတ်-၁၂ တပ်ရင်းက တပ်သား ရဲနိုင်ဖြိုးဆိုသူဟာ အလံဖြူထောင်ပြီး အလင်းဝင်လာခဲ့ပါတယ်။

အဲဒီ တပ်သားဟာ MA -11 တစ်လက်၊ ကျည်ဘောက် ၃ ခု နဲ့ ကျည် ၆၁ တောင့်ပါ ယူဆောင်လာလို့ ယင်းမာပင် တပ်ရင်း – ၃၊၄၊၅၊၆ကနေ ဆုငွေ ကျပ် (၈၀)သိန်း ချီးမြှင့်ခဲ့ပါသေးတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပတ်သက်လို့ “သူပြောတာကတော့ ပျူရွာထဲမှာရှိတဲ့ တပ်သားလေး အနည်းငယ်တောင်မှ သူတို့ ကောင်းကောင်းမစီမံနိုင်၊ မအုပ်ချုပ်နိုင်တော့တာရယ်၊ လက်အောက်ငယ်သားတွေအတွက် ဘာမှ ကြည့်မပေးတဲ့အပြင် ဒီတိုင်း သေဖို့ရက်ထိုင်စောင့်နေရသလိုမျိူးတွေ၊ အနေဆင်းရဲ အစားဆင်းရဲပြီး ဘာမှအဆင်မပြေတော့တာတွေကောကြောင့်ပါတဲ့။ပြီးတော့ သတင်းတွေထဲမှာ ဒီလိုအလင်းဝင်လာတဲ့သူတွေဆို ဘယ်လိုနေရတယ်။ ကျနော်တို့ဘက်က ဘယ်လိုဆက်ဆံတယ်ဆိုတာတွေကြည့်ပြီး သူက အမှားနဲ့အမှန်ကို နည်းနည်း ခွဲခြားကြည့်တတ်လာတာကနေ ဝင်ရောက်ခဲ့တာပါတဲ့။”လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဦးအေးက အခုတော့ ပုလဲပအဖအဖွဲ့ရဲ့လက်အောက်မှာ အေးအေးဆေးဆေးနေနေရပါပြီ။ “မနေနိုင်တော့ကြတော့ ထွက်ဖြစ်အောင်ကြိုးစားထွက်လာကြတာ။ ထွက်ချင်တဲ့သူချည့်ပဲ။ တချို့ကကျလန့်တယ်။”လို့ သူက ပြောပြတယ်။ ပြင်ပမှာ သူတို့ရွာကလူတွေကိုပျူလို့ခေါ်ကြတာတော့သိတယ်။ ဘာကြောင့်ခေါ်မှန်းတော့မသိဘူးလို့ ဦးအေးက ပြောပြတယ်။

အပြင်ဘက်ရောက်တော့ စစ်တပ်နဲ့ပျူတွေ ခြိမ်းခြောက်ခဲ့သလို PDF တွေက သတ်တာဖြတ်တာတွေ ဦးအေးတို့ မကြုံရပါဘူး။ “ထင်ထားတာနဲ့ကွာတယ်။ ဒီဘက်မှာလွတ်လပ်သွားတယ်။”လို့ ဦးအေးက ဆိုပါတယ်။

တခြားသူတွေကလည်း ထွက်လာချင်ပေမယ့် သတင်းမှားတွေကြောင့်သာထွက်မလာရဲတာလို့ဦးအေးကပြောပြတယ်။ ကျန်တဲ့သူတွေလည်း အမြန်ဆုံးထွက်လာစေချင်တဲ့အကြောင်း ဦးအေးကသတင်းစကားပါးပါတယ်။

“ထွက်လာတဲ့သူတွေရှိရင် ပိုကြိုက်တာပေါ့။ ဒီဘက်ရောက်တဲ့သူတွေကတော့ ပြောနေကြတာ နိဗ္ဗာန်ရောက်နေပြီတဲ့။”လို့ ဦးအေးက အားရပါးရပြောပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။