Connect with us

Hi, what are you looking for?

သတင်း

ရွာငံတွင် စစ်ကောင်စီ​၏ ဒုတပ်ကြပ်နှင့်ပျူစောထီးမောင်းနှင်လာသည့်ယာဉ်အား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးစလုံးသေဆုံး

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

(မတ်လ ၁၅ရက်က လက်အောက်ခံ (ခမရ- ၄၂၀) တပ်နှင့် ပျူစောထီးများပါဝင်သော စစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရရှိသောဘလက်နက်များ။ ဓာတ်ပုံ - DNSDA၊ JPRF)
(မတ်လ ၁၅ရက်က လက်အောက်ခံ (ခမရ- ၄၂၀) တပ်နှင့် ပျူစောထီးများပါဝင်သော စစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရရှိသောဘလက်နက်များ။ ဓာတ်ပုံ - DNSDA၊ JPRF)

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကောင်စီ​၏ ဒုတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးမောင်းနှင်လာသည့်ယာဉ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးစလုံး သေဆုံးသွားသည်။

ဒုတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးမောင်းနှင်လာသည့်ယာဉ်ကို ရွာငံမြို့နယ်စစ်စီးကုန်းကျေးရွာ တောင်ဖက်ခြမ်းတွင် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF) ရဲဘော်များက ယနေ့(မတ်လ ၂၂ရက်) နံနက် ၈နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မတ်လ ၁၅ရက်က လက်အောက်ခံ (ခမရ- ၄၂၀) တပ်နှင့် ပျူစောထီးများပါဝင်သော စစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရရှိသောဘလက်နက်များ။ ဓာတ်ပုံ - DNSDA၊ JPRF)
(မတ်လ ၁၅ရက်က လက်အောက်ခံ (ခမရ- ၄၂၀) တပ်နှင့် ပျူစောထီးများပါဝင်သော စစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရရှိသောဘလက်နက်များ။ ဓာတ်ပုံ – DNSDA၊ JPRF)

” ရွာငံပစ်ခတ်မှုက စစ်ကောင်စီအုပ်စုကို တော်တော်လေးထိတ်လန့်သွားစေတယ်။ လူငယ် တွေက စစ်အာဏာရှင်တော်လှန်ရေးအတွက် စိတ်အားထက်သန်နေပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါယာဉ် ဖြတ်သန်းလာမည့်သတင်းကို ဖရဲသီးထံမှ သတင်းရရှိခဲ့သဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး AK 47 တစ်လက်၊ ကာဗိုင် တစ်လက်၊လက်ပစ်ဗုံးတစ်လုံးနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF (JPRF)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ရုပ်သံမှတ်တမ်းကိုလည်း ထုတ်ပြန်ထားသည်။

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

ရွာငံမြို့နယ် ရနဲကျေးရွာအနောက်တောင်ဘက်သို့ဦးတည်နေသော တပ်မ(၅၅)၊ တပ်မ (၉၉)၏ လက်အောက်ခံ (ခမရ- ၄၂၀) တပ်နှင့် ပျူစောထီးများပါဝင်သော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံးရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးကာ ၄၀ဦးခန့်ဒဏ်ရခဲ့ကြောင်း၊ ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDF)က ထုတ်ပြန်ထားသည်။

ရွာငံနှင့် ပင်းတယမြို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သည်။ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌသည် ပင်းတယမြို့မှ ဦးအာကာလင်းဖြစ်ပြီး ၎င်းသည် စစ်ကောင်စီနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအား ဖိနှိပ်နေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဦးအာကာလင်းအနေဖြင့် ၎င်း၏ လုပ်ရပ်မှန်သမျှကို လူထုတော်လှန်ရေးအောင်မြင်ချိန်၌ ပြန်လည် တာဝန်ခံရမည်ဟု တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။