Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်ရှိ မြကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို သတ်ဖြတ်

နိုဝင်ဘာ၁၂ ရက်ကလည်း ပုလဲမြို့နယ် အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးလောင်ပျက်စီးခဲ့သည်။

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မြကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူကလေးတစ်ဦးကို သတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဝတ်စုံဝတ်ပေးသွားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၁ ရက်က မြကုန်းကျေးရွာအား စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၈လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် စိတ်ကျန်းမာရေးမကောင်းသည့် အသက် (၁၆)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးကိုလည်း သတ်ဖြတ်ပြီး PDF ဝတ်စုံ ဝတ်ပေးသွားကြောင်း ပုလဲ(ပအဖ)အဖွဲ့၏ လူသားစာနာတာဝန်ခံက ပြောသည်။

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ(ပအဖ)

“စိတ်မနှံ့တဲ့ကလေးကိုဖမ်းပြီး ဓားနဲ့ထိုးသတ်သွားတယ်။ အဲဒီကလေးက​ဘောင်းဘီမဝတ်တတ်တဲ့ကလေးကို PDF ​ဘောင်းဘီဝတ်ပေးပြီးတော့ အလောင်းလည်းထားခဲ့တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထိုနေ့က မြကုန်းကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့အချို့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်မှုရှိကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
မြကုန်းကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ(ပအဖ)

နိုဝင်ဘာ၁၂ ရက်ကလည်း ပုလဲမြို့နယ် အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"ကျွန်​တော်တို့က သူတို့ကိုအားကိုးပါတယ်ဆိုမှ သူတို့ကအချင်းချင်းရန်ဖြစ်​နေကြ​တော့ ဘယ်သူ့အားကိုးရမယ်မသိဘူး "

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ပန်းညိုကျေးရွာမှ စာသင်ကျောင်းနှင့် နေအိမ် ၅၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် လမ်းသွားလမ်းလာလူငယ်တစ်ဦးအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး မိသားစုအား ရုပ်အလောင်းလာထုတ်ခိုင်းသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

သတင်း

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။