Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ်၊ စမ်းလှန်ရွာမှ တုတ်၊ ဓားပြီးသည်ဆိုသည့်ပျူခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

(စမ်းလှန်ရွာပျူ​ခေါင်းဆောင်ထံမှသိမ်းဆည်းရရှိ​သောပစ္စည်းအချို့ ။ဓါတ်ပုံ-LLPDF)
(စမ်းလှန်ရွာပျူ​ခေါင်းဆောင်ထံမှသိမ်းဆည်းရရှိ​သောပစ္စည်းအချို့ ။ဓါတ်ပုံ-LLPDF)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တုတ်၊ ဓားပြီးသည်ဟု ကြွေးကြော်ထားသည့် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဧပြီ ၁၄)ည ၇ နာရီခန့်က လောင်းလုံးမြို့နယ်၊ စမ်းလှန်းရွာရှိ ပျူစောထီးခေါင်း ဆောင် အောင်ခင်ဆိုသူအား ၎င်း၏နေအိမ်အတွင်း LLPDF ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပျူခေါင်းဆောင် အောင်ခင်ဆိုသူသည် တော် လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့်ပူး ပေါင်းကာ ပင်လယ်ပြင်မှငါးဖမ်းလှေများအား စစ်ကြေးကောက်ခံပေးခြင်း၊ စစ်ကောင်စီစစ်ကြောင်းများခေါ်လာပြီး စစ် ကြောင်းထိုးစေခြင်း၊ ပြည်သူများအားလက် ညှိုးထိုးဖမ်းဆီးခိုင်းခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်နေသူဖြစ်သည်ဟု LLPDF က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“(စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ပြီး)အခုထိတော့ ပုံမှန်ပါပဲ။ မိုင်တဲ တာဝါတိုင်စောင့်နေတဲ့ စကစတွေ အနီးနားမှာရှိပါတယ်။ စန်းလှရွာထဲ ရောက်လာတာမျိုးမရှိဘူး”ဟု နောက် ဆက်တွဲအခြေအနေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာ ဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ပျူခေါင်းဆောင် အောင်ခင်ဆိုသူအား တော်လှန်ရေးရဲဘော်များက ရှင်းလင်းရန်အကြိမ်ကြိမ်ကြိုးစားခဲ့ရာ ၎င်းမှာ တုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီးသူအဖြစ် ရပ်ရွာအ တွင်း ကြွေးကြော်ထားကာ ဇနီးဖြစ်သူမှာလည်း ၎င်းနှင့်အတူ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ကိုင်နေသူဖြစ်ကြောင်း LLPDF က အသိပေးသည်။

သို့ဖြစ်ရာ အောင်ခင်အား၀င်ရောက်ရှင်း လင်းစဉ် ၎င်း၏အမျိုးသမီးမှာထွက်ပြေးလွတ်မြောက်သွားရာ ပျူအောင်ခင်၏နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာတွင် စစ်​ကောင်စှကထုတ်​ပေးထား​သော ပျူ​စောထီးဝတ်စုံတစ်စုံ၊ လက်ပစ်ဗုံးတစ်လုံး၊ ဓါးတိုသုံးချောင်း ပျူစောထီးကဒ်ပြားများနှင့် အဆောင်ယောင်များသိမ်းဆည်းရရှိခဲ့ဟု LLPDF က ထုတ်ပြန်သည်။

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်လျှက်ရှိရာ သင်္ကြန်အကြိုနေ့ဧပြီ ၁၃)ကလည်း တ နင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှင့် ညောင် ပင်ကုန်းရွာကြား၌ လမ်းကင်းချနေနေသည့်စစ်ကောင်စီတပ်နှင့် ဘန်းလမွတ်သို့လာသောယာဥ်တန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ နှစ်ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။