Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် စစ်မှုထမ်းရန်ခေါ်ယူပေးခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ သုံးပတ်အတွင်း သုံးဦး ပစ်ခတ်ခံရပြီးသေဆုံး

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

စလင်းမြို့နယ်တွင် စစ်မှုထမ်းရန်ခေါ်ယူပေးခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ သုံးပတ်အတွင်း သုံးဦး ပစ်ခတ်ခံရပြီးသေဆုံး
စလင်းမြို့နယ်တွင် စစ်မှုထမ်းရန်ခေါ်ယူပေးခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ သုံးပတ်အတွင်း သုံးဦး ပစ်ခတ်ခံရပြီးသေဆုံး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ရက်သတ္တပတ် သုံးပတ်အတွင်း စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူငယ်များအား ခေါ်ယူပေးခဲ့သည့် စစ် ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့်ပျူစောထီး သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဧပြီ ၄ရက်) ည ၈နာရီခန့်က စလင်းမြို့နယ်၊ မန်ကျီးပြားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဌေးစိုးဆိုသူအား ဖမ်းဆီးရန်သွားရောက်စဥ် ထွက်ပြေးတိမ်းရှောင်သဖြင့် ပစ်ခတ်ရှင်းလင်းရာ သေဆုံးကြောင်း စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်း ပကဖ)၏ တာဝန်ရှိသူက ပြောသည်။

၎င်းသည် စစ်ကောင်စီယန္တရားအား လည်ပတ်စေရန်ဆောင်ရွက်နေသူဖြစ်ပြီး ကျေးရွာအတွင်းရှိ လူငယ် သုံးဦးကိုလည်း အာဏာသုံး၍ စစ်မှုထမ်းရန်စေခိုင်းခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ထွက်ပြေးစဥ် အပြင်မှာပဲ ပစ်ခတ်ရှင်းလင်းရတာပါ။ လက်နက်တော့ ရှာဖွေတွေ့ရှိခြင်းမရှိပါဘူး။ ရန်သူ့နယ်မြေဆိုတော့ ကျွန်တော်တို့ အချိန်အရမ်းမရတာပါ။”ဟု စလင်း ပကဖ၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်း ပကဖ)နှင့် ဒေါင်းစစ်အောင် Local PDFတို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

စလင်းမြို့နယ်တွင် မတ်လ ၂၆ရက်က တညောင်တိုက်နယ် ကျွဲခြံအုပ်စု ကျွဲခြံရွာနေ စစ်မှူထမ်းရန် စည်းရုံးရေးဆင်းနေသည့် ပျူစောထီးမြင့်အောင်၊ မတ်လ ၁၉ရက်က ပခက်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ထူးသည် အသံချဲ့စက်ဖြင့် စစ်မှူထမ်းရန်နှိုးဆော်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း စစ်ကောင်စီတပ်အတွက် စစ်မှုထမ်းရန်ကြိုးပမ်းပေးနေသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စစ်ကောင်စီဝန်ထမ်းများ ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။