Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင် နာမည်ကြီး ပျူခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

(ပျူခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်နှင့်စစ်ကောင်စီတပ်သားအချို့ကို အတူတွေ့ရစဥ် -ဓါတ်ပုံ-ပေးပို့)
(ပျူခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်နှင့်စစ်ကောင်စီတပ်သားအချို့ကို အတူတွေ့ရစဥ် -ဓါတ်ပုံ-ပေးပို့)

ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်ရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော နာမည်ကြီးပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်ဆိုသူကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(မတ် ၂၆)မွန်းလွဲ ၂ နာရီခွဲခန့်က မင်းလှမြို့၊ အမှတ်(၈)ရပ်ကွက်၊ စက်ကြီးတန်းလမ်းနေ လက်နက်ကိုင်ပျူစောထီးခေါင်း ဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်ဆိုသူ နေအိမ်ခြံဝင်းအတွင်းရှိနေစဥ် သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

(ပျူခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်နှင့်စစ်ကောင်စီတပ်သားအချို့ကို အတူတွေ့ရစဥ် -ဓါတ်ပုံ-ပေးပို့)
(ပျူခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်နှင့်စစ်ကောင်စီတပ်သားအချို့ကို အတူတွေ့ရစဥ် -ဓါတ်ပုံ-ပေးပို့)

“မနေ့(မတ် ၂၆)ကနေ့ခင်း၂ နာရီခွဲမှာ သူ့အိမ်ခြံထဲမှာရှိနေတုန်း ၂ ချက်အရင်ပစ်တာ။ အဲ့ ၂ ချက်ပစ်ခံရတော့ ကြောက်လန့်အော်ဟစ်ပြီး အိမ်ထဲဝင်ပြေးဖို့လုပ်တော့ နောက်ထပ် ၁၀ ချက်ပစ်မှ အိမ်ပေါက်ဝမှာ မှောက်ရက်ငြိမ်သွားတာ”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပျူခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်အား ပစ်ခတ်ရှင်းလင်းစဥ် နေအိမ်အတွင်းရှိနေသည့် ၎င်း၏ဇနီးဖြစ်သူက အိမ်အပြင်ဘက်ပြေးထွက်လာပြီး တော်လှန်ရေးရဲဘော်များအား ကတ်ကြေးဖြင့်ဝင်ထိုးမည်ပြုရာ ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း စစ်ရေးပစ်မှတ်တွင် မပါဝင်သောကြောင့် အ သက်ချမ်းသာရာပေး၍ လွှတ်ပေးခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

(ပျူခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်နှင့်စစ်ကောင်စီတပ်သားအချို့ကို အတူတွေ့ရစဥ် -ဓါတ်ပုံ-ပေးပို့)
(ပျူခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်နှင့်စစ်ကောင်စီတပ်သားအချို့ကို အတူတွေ့ရစဥ် -ဓါတ်ပုံ-ပေးပို့)

ပစ်ခတ်ခံရ၍ သေဆုံးသွားသော မျိုးမြင့်အောင်(ခ)အောင်အောင်သည် မင်းလှအခြေ စိုက် စစ်ကောင်စီ ခလရ(၁)မှ စစ်ကောင်စီတပ်နှင့်အတူ ပြည်သူကိုလိုက်လံဖမ်းဆီးခြင်းအပြင် ၎င်းကြောင့် ဘေးလွတ်ရာထွက်ပြေးရသူ၊ ဖမ်းဆီးအကျဥ်းချခံရသူများနှင့် နေအိမ်ချိတ်ပိတ်ခံရသူများစွာရှိကြောင်း လည်းစုံစမ်းသိရသည်။

ထို့အပြင် ၎င်းသည် ယခင်က ကြံ့ခိုင်ရေးပါ တီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၏ မင်းလှမြို့ဥက္ကဋ္ဌအဖြစ် ကာလအတန်ကြာလုပ်ကိုင်ခဲ့ကာ ယခုနောက်ပိုင်းယင်းပါတီမှထွက်၍ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်တစ်ဦးအဖြစ် စစ်ကောင်စီလက်အောက် တွင်အမှု ထမ်းနေသူတစ်ဦး ဖြစ်သည်။

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ယောဒေသ၊ဂန့်ဂေါမြို့နယ် လယ်မရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ် စစ်ကြောင်းမှာ လိုက်ပါခဲ့တဲ့ ပျူစောထီးတဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့က ဖမ်းမိခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။