Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာသား​တွေ လက်စွမ်းပြခဲ့တဲ့ပွဲ

“ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ ” နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

ရှိန်း/People’s Spring

“ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ ” နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

သူပြောသလို ဂုဏ်ယူလို့ရတဲ့အကြောင်းအရာကလည်းရှိ​နေပါတယ်။

နှစ်သစ်ကူးတိုင်း လေကြောင်းက​နေ ဗုံးကြဲလိုက်၊စစ်​ကြောင်း​တွေထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် အိမ်​တွေမီးရှို့​လေ့ရှိတဲ့ စစ်တပ်က ၂၀၂၅ ခုနှစ် အဖွင့်မှာပဲ အညာသားတွေရဲ့စွမ်းရည်နဲ့ စုစည်းမှုကိုမြင်​တွေလိုက်ကြရပါပြီ ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ က ၂၀၂၅ခုနှစ်၊ဇန်နဝါရီလ (၁) ရက်နေ့မှာပဲ ဝက်လက်မြို့နယ်အရှေ့ခြမ်းက စစ်တပ်တပ်စွဲထားတဲ့ ရှိမ်းမကားရဲစခန်းအနီးကိုလေကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။၂၀၂၂ခုနှစ် နှစ်သစ်ကူးညတုန်းကလည်း ဝက်လက်နယ်အရှေ့ခြမ်းကဘုရားလေးကုန်းကျေးရွာကိုလေကြောင်းက​နေ ဗုံးကြဲခဲ့ပါတယ်။

နှစ်သစ်ကူးကာလတိုင်းလိုလိုမှာ ပြည်သူ​တွေကို အကြမ်းဖက်ခဲ့တဲ့စစ်တပ်ဟာ ဒီနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့မှာ ရွှေဘိုမြို့ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)ကနေ တပ်မ(၃၃) တပ်အရာရှိတွေဦးဆောင်တဲ့​ထောက်ပို့တပ်က ဟန်လင်းမြို့ဟောင်းဘက်ကတဆင့်ဝက်လက်မြို့ကိုထောကိုပို့ဖို့ထွက်လာပါတယ်။တချိန်ထဲမှာပဲ စစ်ကိုင်းတပ်မ(၃၃) ထဲကနေ မန္တလေး-ရွှေဘိုလမ်းကတဆင့် ဝက်လက်မြို့ရဲ့တောင်ဘက်ကနေ ရှိမ်းမကားရဲစခန်းထဲကိုအင်အားဖြည့်ဖို့ကြိုးစားခဲ့ပါတယ်။

ထူးခြားတာက ရွှေဘိုဘက်ကလာတဲ့ပထမစစ်ကြောင်းဟာ ရွှေဘို-ဝက်လက် ကားလမ်းပိုင်းကနေသွားရင် နေ့ဝက်လောက်​ရောက်တဲ့ခရီးဖြစ်​ပေ

မယ့် အဲဒီကာလမ်းကို စစ်တပ်မဖြတ်သန်းရဲပါဘူး။အလားတူပဲ စစ်ကိုင်းတပ်မ(၃၃)ရဲ့အနောက်ဘက်မှာရှိတဲ့ မန္တလေး-ကျောက်မြောင်း ဗျူဟာလမ်းပိုင်းဆိုရင်လည်း ရှိမ်းမကားရဲစခန်းအရောက်ကို အဲဒီတပ်ကနေ ကားနဲ့၃နာရီ လောက်သာကြာမယ့်ခရီးပါ။ဒါပေမယ့် ဘယ်ကားလမ်းကိုမှစစ်တပ်အသုံးမပြုရဲတာမို့ တောလမ်းတွေကိုရွေးချယ်အသုံးပြုခဲ့တာပါ။

ဇန်နဝါရီလ ၅ ရက်နေ့မှာပဲ ဗိုလ်ကြီးမျိုးမင်းသူဦး​ဆောင်တဲ့ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)က အင်အား ၇၇ ဦးပါ စစ်​ကြောင်းဟာ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားအရောက်မှာ PDF တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံခဲ့ရပါတယ်။စစ်သား ၇၇ ဦးပါတဲ့စစ်ကြောင်းဟာ ၄၇ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၆ဦးဖမ်းမိပြီး လက်နက်မျိုးစုံ ၄၄ လက်အထိရခဲ့ပါတယ်။

ဒီတိုက်ပွဲမှာသေဆုံးသူတွေရဲ့ လက်မောင်းတံဆိပ်တွေမှာတပ်မ(၃၃)ရဲ့ တံဆိပ်တွေကိုတွေ့ရပါတယ်။ အတိုက်ခံရတဲ့ စစ်​ကြောင်းကိုစစ်ကူပေးဖို့ ဝက်လက်မြို့က​နေ ဇန်နဝါရီ ၅ ရက်ည​နေ ၃ နာရီ​ကျော် ထွက်လာတဲ့ ဗိုလ်ကြီးကျော်မင်းခိုင် အပါအဝင် အင်အား (၃၀ )ဝန်းကျင်ရှိတဲ့ စစ်ကူစစ်ကြောင်း ကိုလည်း PDF ​တွေက ကြားဖြတ်ထပ်မံတိုက်ခိုက်ခဲ့ကြပါတယ် ။

စစ်ကူးစစ်​ကြောင်းလည်းဗိုလ်ကြီးကျော်မင်းခိုင်အပါအဝင် ကိုးဦးဒဏ်ရာရပြီး ပြန်ဆုတ်သွားရပါတယ် ။ စစ်ကူ​လာတဲ့အထဲ စစ်သား​တွေအပြင် မီးသတ်ရုံး အရာခံဗိုလ်၊ ပျူ​စောထီး​တွေ ပါ ပါခဲ့တာပါ။ဒဏ်ရာရသူ​တွေကို ဝက်လက်မြို့ဆေးရုံမှာ ​ဆေးကု​နေကြရပါတယ်။

ဇန်နဝါရီ (၅)ရက်နေ့မှာပဲ ဝက်လက်မြို့ရဲ့အရှေ့တောင်ဘက်က အုန္နဲဘုတ်ကျေးရွာကိုဝင်ရောက်တပ်စွဲထားတဲ့အင်အား(၇၀)ကျော်ပါ တပ်မ(၃၃) စစ်ကြောင်းကိုလည်း PDF ​တွေကတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီစစ်​ကြောင်းကို ဗိုလ်ကြီးအေးမျိုးထွန်းဦးစီးပြီး​တော့နာမည်ဆိုးနဲ့ ​ကျော်​ဇောတဲ့ တပ်မ(၃၃)လက်အောက်ခံ စစ်ကြောင်း ဖြစ်ပါတယ်။

ရှိမ်းမကာ ရဲစခန်းသွားဖို့ထွက်လာတာဖြစ်ပြီး အုန္နဲဘုတ် ရွာမှာ ဇန်နဝါရီ ၅ ရက် မနက်အ​စောပိုင်း တိုက်ခိုက်ခံရတာ​ကြောင့် စစ်သား ၂၀ဦးကျော်သေဆုံးခဲ့သလို ၃ဦးကို အရှင်ဖမ်းမိပြီး လက်နက် ၅လက် သိမ်းဆည်းရရှိခဲ့တယ်လို့ရွှေဘိုခရိုင် တပ်ရင်း(၁၈)က ထုတ်ပြန်ထားပါတယ်။

​သေဆုံးသူ​တွေကို စစ်တပ်က ပြည်သူ​တွေရဲ့ အိမ်​တွေထဲထည့်မီးရှို့ လက်စ​ဖျောက်ခဲ့ပြီး စစ်​ကြောင်းကကျန်တဲ့ စစ်သား ၄၀လောက်ဟာ ဖရိုဖရဲထွက်ပြေးသွားတယ်လို့ PDF​တွေက​ပြောပါတယ်။

စစ်​ကြောင်း ၂ ခုလုံး ပြုတ်ခဲ့ ၊ပျက်ခဲ့တဲ့ ဒီတိုက်ပွဲနှစ်ခုဟာ ဝက်လက်နယ်အတွက် တကျော့ပြန်တိုက်ပွဲလို့ ပြောလို့ရသလို ၂၀၂၂ခုနှစ်နောက်ပိုင်း ဝက်လက်နယ်အရှေ့ပိုင်းကအညာသားတွေရဲ့ တကျော့ပြန်အောင်မြင်မှုလည်းဖြစ်ပါတယ်။

​ရွှေဘို စခတ (၈) ကထွက်လာတဲ့ အင်အား ၇၇ ဦးပါပြီး စစ်​ကြောင်း တ​ကြောင်းလုံးပြုတ်သွား​အောင် အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က စုပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ပါတယ်။

နာမည်ဆိုးနဲ့​ကျောကြားတဲ့ တပ်မ (၃၃ )လက်​အောက်ခံစစ်​ကြောင်းကို အုန္နဲဘုတ်ရွာမှာစစ်​ကြောင်းပျက်​အောင် တိုက်ခိုက်ခဲ့ကြတာက ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းတပ်​တွေဖြစ်ပါတယ်။

စစ်ကိုင်းတပ်မ ၃၃ဟာ စစ်ကောင်စီရဲ့ အကြမ်းဆုံးတပ်မလို့သတ်မှတ်ခံထားရပြီး တပ်မမှူးတွေလက်နက်မချရသေးတဲ့ တပ်မ ၃ခုထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ တပ်ရင်းမှူး​တွေလက်နက်မခရ​သေးတဲ့ တပ်ရင်း သုံးခုက စစ်ကိုင်းကတပ်မ (၃၃) ၊ အင်းမမြို့အခြေစိုက် တပ်မ (၆၆) နဲ့ ပဲခူးအခြေစိုက်တပ်မ (၇၇)တို ဖြစ်ပါတယ်။

ဒါအပြင် တပ်မ (၃၃ )ဟာချင်းပြည်နယ် ၊ထန်တလန်မြို့ကို မီးရှို့ခဲ့တဲ့ တပ်မဖြစ်ပါတယ် ။ KIA နဲ့ ပူး​ပေါင်းတပ်​တွေရဲ့ ဗန်း​မော်မြို့သိမ်း ထိုးစစ်မှာ စစ်တပ်က စစ်ကူထပ်ပို့တာမှာလည်း တပ်မ (၂၂) နဲ့ တပ်မ (၃၃) ကစစ်သား​တွေပါဝင်တယ်လို့ စစ်​ရေးရင်းမြစ်တဦးက​ပြောပါတယ် ။ ရခိုင်ပြည်နယ်စစ်ပွဲကိုလည်း တပ်မ (၃၃)​အောက်က စစ်​ကြောင်း​တွေ စစ်ကူပို့ခဲ့​သေးပြီး စစ်ရှုံးပြီးထွက်​ပြေးလာကြာဖြစ်ပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းဟာ စစ်​ကောင်စီတပ်ကိုလက်နက်ကိုင်တော်လှန်ရေး အ​စောဆုံးပြုလုပ်ခဲ့တဲ့ ​ဒေသ​တွေထဲက တခုပါ။၂၀၂၁ခုနှစ်မှာတင် ဒေသခံကာကွယ်ရေးတပ် ရာဂဏန်းလောက်အထိ ဒီနယ်မြေကို အခြေစိုက်ခဲ့ကြတာပါ။မန္တလေးက UG တွေ၊တပ်တွေလည်း ဒီနယ်ကိုရောက်ခဲ့ကြတာပါပဲ။၂၀၂၂ခုနှစ်မှာ စစ်တပ် စိုးရွံ့ရတဲ့မြေဖြစ်ခဲ့တဲ့အထိ ဒီနယ်​မြေကတော်လှန်ရေးအားကောင်းခဲ့ပါတယ်။

“အဲဒီတုန်းက လက်လုပ်တွေပဲရှိတာ။ကျွန်တော်တို့ကပစ်ပြေးဘဝပဲ”လို့ ​ရွှေဘိုခရိုင်တပ်ရင်း(၁၅)ရဲ့ခေါင်းဆောင် ဗိုလ်ကောက်ရိုးကပြောပါတယ်။

အဲဒီအချိန်က တပ်ဖွဲ့တိုင်းမှာသေနတ်အစစ်ရှားပြီး လက်လုပ်သေနတ်နဲ့ ကိုယ်တိုက်စမ်းသပ်ထုတ်လုပ်နေတဲ့မိုင်းတွေကိုသာ အသုံးပြုခဲ့ကြရတာပါ။

၂၀၂၁ ခုနှစ်ထဲမှာ သစ်ဆိမ့်ရွာရဲစခန်းမှူးကားကို တောကြီးမြွေပွေးတပ်က မိုင်းဆွဲရာမှာ စခန်းမှူးသေဆုံးခဲ့ပါတယ်။

၂၀၂၂ခုနှစ်၊ဇန်နဝါရီလ ဘုရားလေးကုန်းရွာတိုက်ပွဲမှာ စစ်ကောင်စီအကျဆုံးများပြီး လေယာဥ် ၄ စီးအထိအသုံးပြုကာလေကြောင်းတိုက်ခဲ့ပြီးကျန်နေတဲ့သူ့တပ်ဖွဲ့တွေကိုကယ်ထုတ်ခဲ့ပါတယ်။

ဒါ​ကြောင့် ၂၀၂၂ခုနှစ်ပထမ ​ခြောက်လအတွင်း တနိုင်ငံလုံးမှာ စစ်ကောင်စီလေကြောင်းက​နေ ဗုံးကြဲတိုက်ခိုက်မှု အများဆုံးမြို့နယ်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ကျောင်းကုန်းတိုက်ပွဲမှာဆိုလည်း ဝက်လက်မြို့ကနေတင့်ကားထွက်လာရတဲ့အထိ တော်လှန်ရေးတပ်တွေစီးနင်းနိုင်ခဲ့ပါတယ်။အဲဒီကတည်းက နယ်မြေစိုးမိုးမှုယူနိုင်တဲ့အညာသားတွေဟာ ၂၀၂၂ခုနှစ် သြဂုတ်လမှာအချင်းချင်းကြား​ပဍိပက္ခဖြစ်ပြီး ပစ်ခတ်မှုတခုဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းတပ်ဖွဲ့တွေကြားအငြင်းပွားမှုတွေဖြစ်ခဲ့သလို တပ်ရင်း၊ ပကဖ ဖွဲ့စည်းမှုတွေကတဆင့်ပွတ်တိုက်မှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဝက်လက်နယ်ဟာ စစ်တပ် စစ်ကြောင်းတချို့ကို အရင်လိုတိုက်ပွဲကြီးတွေမဟုတ်နိုင်​တော့ပဲမိုင်းဆွဲတိုက်ခိုက်တာလောက်ပဲလုပ်နိုင်ခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်တပ်က ဟန်လင်းရွာကိုအခိုင်အမာတပ်စွဲပြီးတဲ့နောက်စစ်တပ်ထိုးစစ်လည်း ဒီနယ်မြေမှာသိပ်မရှိတော့ဘဲငြိမ်နေခဲ့ပါတယ်။

ဒါပေမယ့် ဝက်လက်နယ်အ​ရှေ့ပိုင်း၊ဧရာဝတီမြစ်ကမ်းကနေ အလစ်အငိုက်PDF စခန်းဝင်စီးတာတွေတော့ စစ်တပ်ကလုပ်နိုင်ခဲ့ပါတယ်။

​ဒေသခံကာကွယ်ရေးတပ်တချို့ ဝက်လက်နယ်ကနေစွန့်ခွာတာတွေရှိခဲ့ပေမယ့် ၂၀၂၄ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီး(MOD)လက်အောက်ခံတပ်ရင်းစုဖွဲ့မှုတွေပိုမိုအားကောင်းလာခဲ့သလို အညာသားတွေခြေသံပိုလုံခဲ့ကြပါတယ်။

ဒါ့အပြင် ၁၀၂၇ဒုတိယလှိုင်း နဲ့ ရှမ်းမန်းစစ်ဆင်​​ရေးမှာ အညာတပ်ရင်းတွေပါဝင်ခဲ့ပါတယ်။အဲဒီကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေဆီက​နေ စစ်ပညာကို လက်​တွေ့ သင်ကြားခွင့်ရခဲ့သလို ၊စစ်တပ်ထံကရရှိတဲ့ လက်နက်တွေကို ပြန်လည်ခွဲဝေမှုရခဲ့ပြီး အခုချိန်မှာ တပ်ရင်းတော်တော်များများ လက်နက်တွေစုံနေကြပါပြီ။

ဒါ​ကြောင့် ၁၀၂၇ဒုတိယလှိုင်းအပြီး အညာတပ်ရင်းတွေ အိမ်ပြန်​​ရောက်လာချိန်မှာ အညာကို​သွေးတိုးစမ်းခဲ့တဲ့ စစ်တပ် သင်ခန်းစာ​ကောင်း​ကောင်း ရခဲ့တဲ့တိုက်ပွဲ​တွေဖြစ်ပါတယ် ။

“ကျွန်တော်တို့ရဲဘော်တွေက ရှမ်းမန်းစစ်ဆင်ရေးမှာ အစကနေအဆုံးထိကျွန်တော်တို့ရဲဘော်တွေကအတွေ့အကြုံတွေအကုန်လုံးရလာတဲ့အပေါ်မှာ ပိုပြီးတော့ လက်စွမ်းပြလာနိုင်တာပေါ့”လို့ ဗိုလ်ကောက်ရိုးကပြောပါတယ်။ စစ်တပ် စစ်​ကြောင်း​တွေပြုတ်​အောင်တိုက်နိုင်တာ ဝက်လက်နယ်မှာဒါပထမဆုံးလည်းဖြစ်တယ်လို့ သူက​ပြောပါတယ်။

ဒါ့အပြင် အခုတိုက်ပွဲမှာ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ ကာကွယ်​ရေးဝန်ကြီးဌာန (MOD) လက်​အောက်က ဝက်လက်နယ်က ခရိုင်တပ်ရင်းတွေ စုပေါင်းပြီးတိုက်ခဲ့တာဖြစ်သလို အရင်ကတည်းက ရှိတဲ့ဒေသခံကာကွယ်ရေးတပ်

(LPDF)တွေကလည်း တပ်ရင်းတွေရဲ့ တပ်ခွဲတွေအဖြစ် ဟန်ချက်ညီညီ ပါဝင်လာတာကိုတွေ့ရပါတယ်။

အခုဆိုရင် ဝက်လက်နယ်က PDF တပ်​တွေဟာ စုဖွဲ့မှုပိုအား​ကောင်းလာပြီဖြစ်သလို လက်နက်​လည်းအရင်ကထက်ပိုပြည့်စုံလာကြပြီဖြစ်ပါတယ် ။

“၂၀၂၅အတွင်းမှာတော့ စစ်ရေးကဒီထပ်ကိုဒီဘက်မှာ အားသာဖို့ရှိပါတယ်။သူတို့ ဝင်လာသမျှစစ်ကြောင်းတိုင်းကို အလွတ်မပေးဘဲတိုက်ခိုက်သွားမှာဖြစ်ပါတယ်”လို့ ရွှေဘိုခရိုင်တပ်ရင်း၁၈ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး)ကပြောပါတယ်။

နန်းတက်မင်းတပ်ဖွဲ့က ရဲဘော်ပတီးကလည်း

“အညာသားဗျ။သွေးမနည်းဘူး။လက်နက်မပြည့်စုံလို့ငြိမ်ခံခဲ့ရတာအခုလာရဲတဲ့ကောင်လာခဲ့”လို့ ပြောပါတယ်။

အရင်က လက်လုပ်နဲ့ ပုဆိုးကြားတွေဝတ်ပြီးပစ်ပြေးခဲ့တဲ့အညာသားတွေဟာ ၂၀၂၅ ခုနှစ်မှာ​တော့ ယူနီဖောင်းတွေဝတ်ပြီး တိုက်ပွဲဝင်လာကြပြီဖြစ်ပြပါတယ် ။

၂၀၂၂ခုနှစ် ဧပြီလကဝက်လက်နယ်အရှေ့ခြမ်း၊သစ်ဆိမ့်ရွာက အရှင်လတ်လတ် မီးရှို့ခံခဲ့ရတဲ့ ရွာသား၆ဦး ၊ ဆေးသင်တန်းတက်ဖို့သွားတဲ့ အသက်(၁၄) နှစ်အရွယ် မပပခိုင်၊မဝင်းပပကျော်တို့အပါအဝင်လူငယ်လေး၉ဦးဟာစစ်​ကောင်တပ်ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုခံခဲ့ရပါတယ် ။အခု​တော့ ကျဆုံးရဲ​ဘော်နဲ့ ​ဒေသခံပြည်သူတို့ရဲ့အရိုးတွေပြန်တွန်ပြီလို့ PDF တချို့ကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။